တနင်္သာရီတိုင်းဒေသကြီးဆီအုန်းစိုက်ပျိုးမှုမှာအောက်တိုဘာလအထိဧက (၃၉၅,၀၀၀) ကျော်ရှိ
- Wed, 18 December 2024
တနင်္သာရီတိုင်းဒေသကြီးတွင်၂၀၂၄ခုနှစ်၊အောက်တိုဘာလအထိဆီအုန်းစိုက်ပျိုးမှုမှာစုစုပေါင်း (၃၉၅,၇၇၂)ဧကအထိရှိလာပြီဖြစ်သည်။ ဆီအုန်းသည် နှစ်ရှည်သီးနှံဖြစ်သောကြောင့် စီးပွားဖြစ် စိုက်ပျိုးရန်အတွက် နှစ် (၃၀)အတွက်အထွက်နှုန်းကောင်းသောမျိုးစေ့ကိုရွေးချယ်ရန် အရေးကြီးကြောင်းမြိတ်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အင်ကြင်းခိုင်မှ ပြောပါသည်။
တိုင်းဒေသကြီးအတွင်းဆီကြမ်းစက်ရုံ (၆)ခုရှိပြီးထားဝယ်မြို့နယ်တွင်(၁)ခု၊ မြိတ်တွင် (၁)ခု၊ ဘုတ်ပြင်းတွင် (၂ )ခုနှင့် ကော့သောင်းတွင် (၂)ခုအသီးသီးရှိသည်။
ကောင်းမွန်စွာစီမံခန့်ခွဲစိုက်ပျိုးထားသောဆီအုန်းစိုက်ခင်းများသည် စိုက်ပြီး (၅)နှစ်အကြာတွင် စီးပွားဖြစ် စတင်ခူးဆွတ်နိုင်မည်ဖြစ်ပြီး (၃)နှစ်အကြာတွင်အရင်းကျေကာလတစ်ခုကိုရောက်ရှိကာနောက်ထပ် နှစ်ပေါင်း(၂၀)ကျော်ကြာသည်အထိဆီသီးခိုင်များထုတ်လုပ်နိုင်မည်ဖြစ်သည်။ ယခုကာလတွင် ဆီအမြောက်အမြားထွက်ရှိသည့် စပ်မျိုးဆီအုန်းပျိုးပင်များကိုပြည်တွင်းတွင် ထုတ်လုပ်နိုင်ပြီဖြစ်ပါသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းကျန်းမာရေးနှင့်ညီညွတ်သောဆီချောစက်ရုံတည်ထောင်ရန်အစီအစဉ်ဆောင်ရွက်နေပါသည်။ တိုင်းဒေသကြီးအတွင်းဆီကြမ်းစက်ရုံများသာရှိပြီးကုမ္ပဏီ (၃၉)ခုနှင့် ပုဂ္ဂလိကခြံရှင်(၄၀)တို့မှ ဒေသအတွင်းဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကိုဆောင်ရွက်လျက်ရှိသည်။
နှစ်ရှည်ပင်သုတေသနနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကိုစိုက်ပျိုးရေးဦးစီးဌာန၊ နှစ်ရှည်သီးနှံဌာနခွဲမှ ဆီအုန်းမျိုးစေ့ဖောက်ခြင်းနှင့် စပ်မျိုးထုတ်လုပ်ခြင်းသင်တန်းကိုဒီဇင်ဘာ (၂) ရက်နေ့ကတနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ် ဦးစီးမှူးရုံး၌ ဖွင့်လှစ်ခဲ့သည်။
အီကွေတာ၏မြောက်ဘက်နှင့်တောင်ဘက် (၁၀)ဒီဂရီအကွာတွင်ရှိသောတနင်္သာရီတိုင်းဒေသကြီးအထူးသဖြင့် (မြိတ်နှင့်ကော့သောင်းဒေသများ)တွင်သာဆီအုန်းစိုက်ပျိုးနိုင်သည်ဟုမြိတ် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဒေါ်အင်ကြင်းခိုင်မှ ဆိုသည်။
စပ်မျိုးထုတ်လုပ်မှုသည် ရေရှည်လုပ်ငန်းအတွက်အရေးကြီးပါကြောင်း၊ ယခင်ကမျိုးစေ့များကိုပြည်ပဈေးကွက်မှ တင်သွင်းခဲ့ရပြီး၊ ယခုအခါ ဆီအုန်းစပ်မျိုးများကိုပြည်တွင်းတွင် ထုတ်လုပ်လျက်ရှိကြောင်း၊ ထို့ကြောင့် ဆီအုန်းစပ်မျိုးထုတ်လုပ်မှုနည်းပညာသည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း”ခရိုင်ဦးစီးမှူးကထပ်လောင်းပြောကြားခဲ့သည်ကို (၅.၁၂.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။
Source https://www.gnlm.com.mm/oil-palm-cultivation-exceeds-395000-acres-in-oct-in-taninthayi/
တင်ပြသူ ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ဒီဇင်ဘာလ (၁၁) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန