ဆီထွက်သီးနှံကမ္ဘာ့စျေးကွက်များနှင့် ကုန်သွယ်မှုအခြေအနေ

  • Fri, 23 September 2022

ဆီထွက်သီးနှံကမ္ဘာ့စျေးကွက်များနှင့် ကုန်သွယ်မှုအခြေအနေ


တရုတ်နိုင်ငံ၏ ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှုသည် (၂၀၂၁-၂၂)ခုနှစ်တွင် ကျဆင်းသွား သော်လည်း (၂၀၂၂-၂၃)ခုနှစ်တွင် ပြန်ကောင်းမွန်လာမည်ဟု ခန့်မှန်း



တရုတ်နိုင်ငံ၏ COVID-ဆက်စပ်ကန့်သတ်ချက်များ၊ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်း နှင့် ကမ္ဘာ့ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် နိုင်ငံ၏ ဆီထွက်သီးနှံ ပြုပြင်ထုတ်လုပ်ခြင်း လုပ်ငန်းစဉ်၊ ပရိုတင်းကြိတ်ဖက်နှင့် ဟင်းရွက်ဆီစားသုံးမှုလိုအပ်ချက်တို့ကို လျော့နည်းစေပါ သည်။ (၂၀၂၁-၂၂)ခုနှစ်တွင် တရုတ်နိုင်ငံမှ ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှု (၄၀)ရာခိုင်နှုန်း ကျဆင်းစေသည့် အဓိကအကြောင်းရင်းမှာ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီဈေးနှုန်း မြင့်မားမှု ကြောင့်ဖြစ်ပါသည်။ (၂၀၂၁-၂၂)စျေးကွက်နှစ်၏ (၁၀)လ (အောက်တိုဘာလမှဇူလိုင်)အတွက် တရုတ်နိုင်ငံမှ အဓိက ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုသည် ယခင်နှစ်ကာလတူထက် တန်ချိန် (၅)သန်းကျော် ကျဆင်းခဲ့ပါသည်။ အကြီးမားဆုံးကျဆင်းမှုများမှာ စားအုန်းဆီတန်ချိန် (၂.၀) သန်း၊ မုန်ညှင်းဆီတန်ချိန် (၁.၂)သန်းနှင့် နေကြာဆီတန်ချိန် (၁.၁)သန်းခန့်မှန်းထားပါသည်။ ပဲပုပ်နှင့် မြေပဲဆီ တင်သွင်းမှုသည် (၂၀၂၁-၂၂)ခုနှစ်တွင် သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

ယူကရိန်းကို ရုရှားမှ ကျူးကျော်ဝင်ရောက်မှုကြောင့် တရုတ်နိုင်ငံ၏ နေကြာဆီ တင်သွင်း မှုမှာ နှေးကွေးနေဆဲဖြစ်ပါသည်။ ထို့အပြင် စားသုံးသူများသည် အခြားအဆီနှင့် ဆီများထက် စျေးပိုကြီးသော မြေပဲဆီကဲ့သို့သော ကုန်ပစ္စည်းများ ဝယ်ယူခြင်းကို လျှော့ချခဲ့ သောကြောင့် တင်သွင်းမှုနည်းပါးခဲ့ပါသည်။

လာမည့် (၂၀၂၂-၂၃)ခုနှစ်တွင် ဟင်းသီးဟင်းရွက်ဆီတင်သွင်းမှုနှင့် စားသုံးမှုပြန်လည် ကောင်းမွန်လာရန်မျှော်မှန်းထားပါသည်။

(၂၀၂၂-၂၃)ခုနှစ် သုံးသပ်ချက်
(၂၀၂၂-၂၃)ခုနှစ်တွင် တစ်ကမ္ဘာလုံး ဆီထွက်သီးနှံထုတ်လုပ်မှု တန်ချိန် (၆၄၅)သန်းအထိ ကျဆင်းမည်ဟု ခန့်မှန်းထားပြီး ဆီထွက်သီးနှံကုန်သွယ်မှုသည် အများအားဖြင့် တည်ငြိမ် နေပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ရှိ ပဲပုပ်သိုလှောင်လက်ကျန်များ လျှော့ချပြီးနောက် ကမ္ဘာ့ဆီထွက်သီးနှံများ သိုလှောင်မှုတန်ချိန် (၂)သန်းနီးပါး ကျဆင်းသွားခဲ့ပါသည်။ ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီထုတ်လုပ်မှုနှင့် စားသုံးမှုမှာ သိသိသာသာမြင့်တက်နေပြီး  အင်ဒိုနီးရှား နိုင်ငံမှ စားအုန်းဆီတင်ပို့မှုနည်းပါးခြင်းကြောင့် ကုန်သွယ်မှုအနည်းငယ် ကျဆင်းမည်ဖြစ်ပါ သည်။

(၂၀၂၁-၂၂)ခုနှစ် သုံးသပ်ချက်
    (၂၀၂၁-၂၂)ခုနှစ် ကမ္ဘာ့ဆီထွက်သီးနှံထုတ်လုပ်မှုသည် တန်ချိန်(၆၀၂)သန်းထိ အနည်းငယ် မြင့်တက်သွားခဲ့ပါသည်။ အထူးသဖြင့် ဆီထွက်သီးနှံကုန်သွယ်မှုသည် ဥရုဂွေးပဲပုပ် နှင့် သြစတြေး လျမုန်ညှင်းတင်ပို့မှုတွင် သိသိသာသာမြင့်တက်လာပါသည်။ ဥရောပနှင့် ဘရာဇီးရှိ ပဲပုပ်သိုလှောင်လက်ကျန်များ လျော့နည်းခဲ့ပါသည်။ ကမ္ဘာ့ဟင်းသီးဟင်းရွက်ဆီ ကုန်သွယ်မှုသည် ကျဆင်းနေပြီး အဓိကအားဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားစားအုန်းဆီ တင်ပို့ မှုတွင် ကျဆင်းနေပါ သည်။


(၂၀၂၂)ခုနှစ် ဩဂုတ်လအတွင်း ပဲပုပ်ဆီနှင့် စားအုန်းဆီတင်ပို့မှုဈေးနှုန်းများ


(၂၀၂၁)ခုနှစ်၊ စက်တင်ဘာလမှ (၂၀၂၂)ခုနှစ်၊ စက်တင်ဘာလအတွင်း ပဲပုပ်ဆီနှင့်စားအုန်းဆီတင်ပို့မှုဈေးနှုန်းများ

ဇီဝဒီဇယ်ထုတ်လုပ်မှုအတွက် ပြည်တွင်းပဲပုပ်ဆီဝယ်လိုအားသည် အမေရိကန်၏ ပဲပုပ် စျေးနှုန်းကို ဆက်လက်အထောက်အကူပြုနေပါသည်။ ကမ္ဘာ့အကြီးဆုံး ပဲပုပ်ဆီတင်ပို့သည့် အာဂျင်တီးနားနိုင်ငံမှ ပဲပုပ်ကြိတ်ဖက်လျှော့ချခြင်းသည် သြဂုတ်လတွင် ကမ္ဘာ့ပဲပုပ်ဆီဈေးနှုန်း များကို ပိုမို မြင့်တက်စေခဲ့ပါသည်။

အင်ဒိုနီးရှား၏ ပို့ကုန်မူဝါဒပြောင်းလဲမှုများကြောင့် ဩဂုတ်လတွင် စားအုန်းဆီဈေးနှုန်း များ ဆက်လက်ကျဆင်းခဲ့ပြီး ပို့ကုန်များတင်ပို့မှု ဆက်လက်အားနည်းနေခြင်းကြောင့် သိုလှောင် မှုများ များပြားလာကာ မလေးရှားရင်းဂစ်တန်ဖိုး ကျဆင်းလာစေပါသည်။

Source    အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန(USDA)၏ စက်တင်ဘာလထုတ် Oilseeds: World Markets and Trade အစီရင်ခံစာ

ဆက်စပ် သတင်းများ