ဓာတ်မြေသြဇာ မှတ်ပုံတင်ပေါင်း ၇,၀၀၀ ကျော်ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိ

  • Wed, 11 December 2024

ဓာတ်မြေသြဇာ မှတ်ပုံတင်ပေါင်း ၇,၀၀၀ ကျော်ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိ



စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် မြေဩဇာကော်မတီ၏ ခွင့်ပြု ချက်ဖြင့် ဓာတ်မြေသြဇာ မှတ်ပုံတင်ထုတ်ပေးရန် လျှောက်ထားမှုအား စိစစ်လျက်ရှိပြီး လက်ရှိတွင် မှတ်ပုံတင် ၇,၁၁၆ စောင်ကို စိစစ်ဆောင်ရွက်ပေးလျက်ရှိပါသည်။  

မြေသြဇာကော်မတီ၏ ၄၃ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်နေ့တွင် ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ကော်မတီဝင်များနှင့် ပညာရှင်များ တက်ရောက်ကြသည်။ ဆွေးနွေး ပွဲတွင် ဓာတ်မြေသြဇာ မှတ်ပုံတင်ခြင်း၊ တင်သွင်းဖြန့်ဖြူးခွင့် ဆောင်ရွက်ပေးခြင်းတို့ကို အဓိကထား ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

မြေသြဇာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေသြဇာများ အရည် အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်စေရေးနှင့် တင်သွင်းခွင့်ပြုနိုင်စေရေးတို့ကို အလေးထားဆောင်ရွက် သွားကြရန်မြေဩဇာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အမှာစကား ပြောကြားခဲ့ပါသည်။ စိုက်ပျိုး သူများအား စိုက်ပျိုးရာသီအချိန်မီ ဓာတ်မြေသြဇာများ အဆင်ပြေချောမွေ့စွာ ရရှိစေရန်၊ မှန်ကန်သော စျေးနှုန်း၊ ထိရောက်မှုရှိသော မြေဩဇာအရည်အသွေးကို သေချာစေရန် အကြံပြုချက်များကိုလည်း ၎င်းက ကြိုဆိုခဲ့ပါသည်။  

ထို့နောက် ကော်မတီအတွင်းရေးမှူးက မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ကြပြီး ကော်မတီဝင်များက ပြန်လည်သုံးသပ်ကြရပါသည်။ အစည်းအဝေးတွင် လျှောက်လွှာ ၃၀၀ ကို အကဲဖြတ်ခဲ့ပြီး၊ (၄၂) ကြိမ်မြောက် အစည်းအဝေးအထိ စာရင်းသွင်းမှု စုစုပေါင်း ၁၁,၉၉၆ ခုကို ခွင့်ပြုထားပြီးဖြစ်ပါသည်။ တရားဝင်သက်တမ်းကုန်ဆုံးရန်အတွက် တစ်ဦးချင်း၏ သဘောတူ ဆန္ဒအရ ရုတ်သိမ်းခြင်း၊ ဆန္ဒအလျောက် ပယ်ဖျက်ခြင်းများလည်း ရှိခဲ့သောကြောင့် မှတ်ပုံတင် ထားသူ ၇,၁၁၆ ဦးသာ ရှိသေးကြောင်းကို (၅-၁၂-၂၀၂၄) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရသိရှိရပါသည်။

Source https://www.gnlm.com.mm/over-7000-fertilizer-registrations-actively-processed/

တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ  (၁၁) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ