နယူးဇီလန်နိုင်ငံတွင် ဟင်းသီးဟင်းရွက်နှင့် နို့ထွက်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသော ကြောင့် (၁၃) နှစ်အတွင်း အစားအသောက် ကုန်ဈေးနှုန်းများ အမြင့်ဆုံးဖြစ်လာ

  • Fri, 23 September 2022

နယူးဇီလန်နိုင်ငံတွင် ဟင်းသီးဟင်းရွက်နှင့် နို့ထွက်ပစ္စည်းဈေးနှုန်းများ မြင့်တက်လာသော ကြောင့် (၁၃) နှစ်အတွင်း အစားအသောက် ကုန်ဈေးနှုန်းများ အမြင့်ဆုံးဖြစ်လာ


နယူးဇီလန်နိုင်ငံတွင်  ခရမ်းချဉ်၊ ဥများနှင့် နို့ထွက်ပစ္စည်းများကို ဈေးဝယ်သူများမှ အများအပြားဝယ်ယူခဲ့ကြပြီး (၁၃) နှစ်အတွင်းတွင် စားသောက်ကုန်ဈေးနှုန်းများ အမြင့်ဆုံး ဈေးမြင့်တက်သည့်နှစ်အဖြစ် ကြုံတွေခဲ့ရသည်။

Stats NZ မှ ထုတ်ပြန်သော ကိန်းဂဏန်းအသစ်များအရ ဩဂုတ်လအထိ စားသောက် ကုန်ဈေးနှုန်းများသည် (၈.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတွင် ဖြစ်ပေါ်ခဲ့သည် ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်းများမှစ၍ စားသောက်ကုန်ဈေးနှုန်းများသည် (၈.၄)ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီးနောက်ပိုင်း နှစ်စဉ်တိုးတက်မှုတွင် အကြီးမားဆုံး မြင့်တက်လာခြင်း ဖြစ်ပါသည်။

ဥများ၊ ဒိန်ချဉ်နှင့် cheddar (အဝါရောင်ရှိသော) ဒိန်ခဲ ဈေးနှုန်းများ မြင့်တက်လာခြင်း သည် ကုန်စုံအစားအစာများအတွင်းတွင် အကြီးမားဆုံးဦးဆောင်မြင့်တက်မှုတစ်ခု ဖြစ်ကြောင်း Stats NZ မှ ပြောရေးဆိုခွင့်ရှိသူ Katrina Dewbery မှပြောကြားခဲ့ပါသည်။
သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ အနက် ငရုတ်၊ အာလူးနှင့် ကြက်သွန်နီတို့သည် ပြီးခဲ့သည့်နှစ်အတွင်း (၁၅)ရာခိုင်နှုန်းမြင့်တက်သွားပြီး ခရမ်းချဉ်၊ ငရုတ်နှင့် ဂေါ်ဖီထုတ် ဈေးနှုန်းများမြင့်တက်လာမှုကြောင့် လစဉ်မြင့်တက်လာမှုတွင် အများဆုံးမြင့်တက်သည့် ကုန်စည်များဖြစ်ကြောင်း Dewberry မှ ပြောကြားခဲ့ပါသည်။

တစ်နှစ်ထက်တစ်နှစ် ကုန်စုံစားသောက်ကုန်ဈေးနှုန်းများ (၈.၇)ရာခိုင်နှုန်း မြင့်တက် လာပြီး အသားနှင့်ငါး (၇.၆)ရာခိုင်နှုန်းနှင့် အဖျော်ယမကာ (၄.၁)ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါ သည်။ ဩဂုတ်လတစ်လတည်းမှာပင် ကြက်ဥဈေးနှုန်းသည် (၆.၇)ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်ခဲ့သည်။ (၁၃)နှစ်အတွင်း ခရမ်းချဉ်သီးဈေးနှုန်းသည် (၁၆၂.၂)ရာခိုင်နှုန်း မြင့်တက် လာခဲ့ပြီး အကြီးမားဆုံးဈေးနှုန်းခုန်တက်မှုဖြစ်ကြောင်း ထောပတ်ဈေးနှုန်းများမှာ (၁၀၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါ သည်။

ကိုဗစ်-၁၉ အပေါ် ငွေရေးကြေးရေးတုံ့ပြန်မှု၊ ကမ္ဘာလုံးဆိုင်ရာ ရောင်းဝယ်ဖောက်ကား ရေးပြဿနာများနှင့် ရုရှားမှ ယူကရိန်းအား စစ်ရေးကျူးကျော်မှုအပါအဝင် အကြောင်းအရင်း များစွာကြောင့် ဖြစ်ပေါ်လာသည့် ငွေကြေးဖောင်ပွမှုများသည် နယူးဇီလန်တွင် နေရေးထိုင်ရေး ကုန်ကျစရိတ်အကျပ်အတည်းများ ဖြစ်ပေါ်စေပြီး ယခင်ကတည်းက မြင့်တက်နေသော စားသောက်ကုန်ဈေးနှုန်းများကို ထပ်မံ မြင့်တက်လာစေခဲ့ပါသည်။

မိသားစုတိုင်းသည် ၎င်းတို့လိုအပ်နေသော စားနပ်ရိက္ခာများကို ယခုသာမက အနာဂတ် တွင်ပါ ရရှိနိုင်မည်မှာ မသေချာသည့် အကြောင်းအရင်းဖြစ်ကြောင်း၊ အစိုးရမှ ထောက်ပံ့သော စားနပ်ရိက္ခာထောက်ပံ့ကြေးများ ပိုမိုရရှိလာစေရန်နှင့် မြင့်တက်လာသော ကုန်ကျစရိတ်များ နှင့်ကိုက်ညီစေရန် ဝင်ငွေများနှင့် အကျိုးအမြတ်များကို မြှင့်တင်ရမည်ဖြစ်ကြောင်း Menéndez March မှ ပြောကြားခဲ့သည်။

တစ်စိတ်တစ်ဒေသအားဖြင့် စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းသည်  အားနည်းသော စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၏ ရလဒ်ကြောင့် ဖြစ်ကြောင်း Westpac ဝါရင့် စီးပွားရေးပညာရှင်တစ်ဦးဖြစ်သူ Satish Ranchhod မှ NZ Herald သို့ ပြောကြား ခဲ့ပါသည်။ သို့သော်လည်း ပစ္စည်းများ ပြတ်လပ်မှု၊ လောင်စာဆီ၊ ဓာတ်မြေဩဇာနှင့် ပြုပြင် ထုတ်ပိုးသည့် ပစ္စည်းများအပါအဝင် ထုတ်လုပ်မှုစရိတ်များ များပြားလာသဖြင့် ကမ္ဘာတစ်ဝှမ်း တွင် စားသောက်ကုန်ဈေးနှုန်းများအပေါ် အခက်အခဲဖိအားများ ပျံ့နှံ့လျက်ရှိကြောင်း သိရှိရပါ သည်။
အလုပ်သမားရှားပါးမှုနှင့် ဆက်စပ်လျက်ရှိသော လုပ်အားခကုန်ကျစရိတ်များ သိသိ သာသာတိုးလာသည်ကို တွေ့ရှိရပါသည်။

နို့ထွက်ပစ္စည်းများသည် အထူးသဖြင့် တင်ပို့သည့်ရာသီ၏ ဒုတိယတစ်ဝက်တွင် ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း Alasdair Allen မှ ပြောကြားခဲ့ပါသည်။ နို့ထွက်ပစ္စည်း တင်ပို့မှုမှာ နယူးဇီလန်နိုင်ငံသား တစ်ဦးလျှင် နယူးဇီလန်ဒေါ်လာ ၃၆၇၀ ရှိပြီး ယခင်နှစ်တွင် နယူးဇီလန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိသော နို့မှုန့်တစ်မျိုးတည်းသာ တင်ပို့ခဲ့ကြောင်း (၁၃-၉-၂၀၂၂)ရက်နေ့တွင်ထုတ်ပြန်ခဲ့သော https://www.theguardian.com  ၏ သတင်းအချက်အလက်များ အရသိရှိရပါသည်။
Source    https://www.theguardian.com/world/2022/sep/13/new-zealand-food -inflation-highest-for-13-years-as-vegetables-and-dairy-drive-prices

ဆက်စပ် သတင်းများ