ငွေကြေးဖောင်းပွမှုကြောင့် ဟင်းသီးဟင်းရွက်ဈေးများ မြင့်တက်လာခြင်းသည် အိန္ဒိယအရံဘဏ်၏ ကန့်သတ်ချက်နှင့်နီးကပ်စေပြီး ငွေကြေးသုံးစွဲမှုအခြေအနေကို ကမောက်ကမဖြစ်စေ
- Wed, 20 November 2024
အိန္ဒိယနိုင်ငံတစ်ဝှမ်းတွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများသည် အထူးသဖြင့် ကြက်သွန်နီ၊ အာလူးနှင့် ခရမ်းချဉ်သီးများသည် မြို့ပြဈေးကွက်များတွင် အတက်ဘက်သို့ ဦးတည်နေသည်။ လက်ကားဈေးကွက်ကိန်းဂဏန်းများအရ ကြက်သွန်နီဈေးနှုန်းများမှာ ယခင်အပတ်က အမေရိကန်ဒေါ်လာ(၀.၄၉-၀.၇၃)အထိရှိခဲ့ပြီး လက်ရှိဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ခန့်မှန်းခြေ အားဖြင့် အမေရိကန်ဒေါ်လာ (၀.၈၅-၀.၉၇)အထိ ကြက်သွန်နီဈေးနှုန်းများ သိသာထင်ရှားစွာ မြင့်တက်လာကြောင်း သိရှိရပါသည်။ ဒေလီတွင် လက်လီဈေးနှုန်းများလည်း အလားတူ မြင့်တက်လျက်ရှိပြီး ယခုအခါ ကြက်သွန်နီတစ်ကီလိုကို (၀.၇၃-၀.၈၅)ဒေါ်လာခန့်ဖြင့် ရောင်းချလျက်ရှိပါသည်။ စျေးနှုန်း မြင့်တက်နေသော်လည်း ဒေသတွင်းအာဟာရအရင်းအမြစ်များကို ဟင်းသီး ဟင်းရွက်များ၏ အဓိက အခန်းကဏ္ဍမှ ပါဝင်မှုအနေအထားကြောင့် ဝယ်လိုအားသည် တည်ငြိမ် နေဆဲဖြစ်သည်။
စျေးနှုန်းများမြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် စားသုံးသူများက နေ့စဉ်စားသုံးမှု ပုံစံများအပေါ် သက်ရောက်လာမည့်အရေးကို စိုးရိမ်ကြောင်း ဖော်ပြကြသည်။ ဒေလီတွင် ကြက်သွန်နီဈေးနှုန်းသည် နိုဝင်ဘာလ(၈)ရက်အထိ တစ်ကီလိုလျှင် အမေရိကန် ဒေါ်လာ (၀.၉၇) ဝန်းကျင်ရှိပြီး ဒေသခံများက ရာသီချိန်တွင် ဈေးနှုန်းများကျဆင်းမှုကို မျှော်လင့်လျက်ရှိပါသည်။ ကုန်ဈေးနှုန်းများမြင့်တက်လာခြင်းသည် မရှိမဖြစ်လိုအပ်သော ဟင်းသီးဟင်းရွက်များ၏ ကုန်ကျစရိတ်များကို တည်ငြိမ်စေရန် အစိုးရ၏ ကြားဝင်ဖြေရှင်းပေးရန် အခြေအနေကို ဖြစ်စေပါသည်။
မွမ်ဘိုင်းတွင် ကြက်သွန်နီဈေးနှုန်းသည် တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ (၀.၈၇)ခန့်ထိ မြင့်တက်သွားကာ အိမ်သုံးစရိတ်များကို သိသိသာသာ ထိခိုက်စေသည့် အလားတူ ဖြစ်စဉ်ကိုလည်း ကြုံတွေ့ခဲ့ရသည်။ခရမ်းချဉ်သီးနှင့် အာလူးများ စျေးမြင့်တက်လာခြင်းတွင် ခရမ်းချဉ်သီးဈေးနှုန်းသည် ယခင် နှစ်နှင့်နှိုင်းယှဉ်ပါက တစ်ကီလိုလျှင် အမေရိကန်ဒေါ်လာ (၀.၇၈)ခန့် စျေးနှုန်းနှစ်ဆ တိုးမြင့်လာပြီး အာလူးဈေးနှုန်းသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ (၅၁ %) တိုးလာခဲ့ပါသည်။
စက်တင်ဘာလမိုးကြောင့် သီးနှံရိတ်သိမ်းမှု နှောင့်နှေးခဲ့ပြီး လက်ကျန်ပြတ်လပ်မှုနှင့် နောက် ဆက်တွဲ ဈေးနှုန်းဖောင်းပွမှုကို ဖြစ်ပေါ်စေသည်။ဤစျေးနှုန်းလမ်းကြောင်းသည် အောက်တိုဘာလတွင် (၅.၈၁%)အထိ မြင့်တက်လာမည် ဟု ခန့်မှန်းထားသည့် အိန္ဒိယ၏ ငွေကြေးဖောင်းပွမှုနှုန်းနှင့် ယှဉ်ပြိုင် စီးဆင်းလျက်ရှိသဖြင့် စားသောက်ကုန်စရိတ်များ တိုးမြင့်လာပြီး အိန္ဒိယအရံဘဏ်၏ အမြင့်ဆုံး ငွေကြေးဖောင်းပွမှု ဒဏ်ခံနိုင်မှု (၆%)အထိ နီးကပ်လာပြီဖြစ်ကြောင်းကို (၁၂.၁၁.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.comကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့် သိရှိခဲ့ရသည်။
Source https://www.freshplaza.com/latin-america/article/9677413/rising-vegetable-prices-strain-budgets-as-inflation-nears-rbi-limit/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက််စွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ(၂၀)ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန