အီသီယိုးပီးယားသည် အေးခဲအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဥရောပသို့ ပထမဆုံးတင်ပို့ရောင်းချ

  • Wed, 20 November 2024

အီသီယိုးပီးယားသည် အေးခဲအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို ဥရောပသို့ ပထမဆုံးတင်ပို့ရောင်းချ


Addis Ababa သည် အီသီယိုးပီးယား၏ အေးခဲသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကိုဥရောပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီးပို့ကုန်နှင့် သွင်းကုန်လုပ်ငန်းတွင် လုပ်ကိုင်နေသည့် ပုဂ္ဂလိကပိုင် EthioVegfru မှ ပံ့ပိုးပေးမှုများအားတွေ့ရှိခဲ့ရပါသည်။ Sugar Snap နှင့် Mangetoutဟင်းသီးဟင်းရွက်များကိုနယ်သာလန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့ကြောင်းစိုက်ပျိုးရေးဝန်ကြီး Sofia Kasaတက် ရောက်သည့် အခမ်းအနားတွင် ကြေညာခဲ့ပါသည်။ အီသီယိုးပီးယား၏ ရာသီဥတုအခြေအနေသည် တစ်နှစ်ပတ်လုံးသရက်သီး၊ စပျစ်သီးနှင့် လိမ္မော်သီးများအပါအဝင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကိုစိုက်ပျိုးရန် အထောက်အကူဖြစ်စေပါသည်။

EthioVegfruတည်ထောင်သူဖြစ်သည့် ဦးဆောင်ညွှန်ကြားရေးမှူး TsegayeAbebe က ဖော်ပြထားသော ဟင်းသီးဟင်းရွက်ထုတ်ကုန် ၁၂ တန်ကိုအဆင့်မြင့်အေးခဲနည်းပညာဖြင့် တပ်ဆင် ထားသည့်ကွန်တိန်နာကိုအသုံးပြု၍ ဂျီဘူတီဆိပ်ကမ်းသို့ ပို့ဆောင်ရန်စီစဉ်ထားကြောင်းထုတ်ဖော် ပြောကြားခဲ့ပါသည်။ Kokaမှအစပြုသောကုန်ပစ္စည်းများသည် ၂၃ ရက်အတွင်းEthio-Djibouti သယ်ယူပို့ဆောင်ရေးစင်္ကြံမှတစ်ဆင့် နယ်သာလန်သို့ရောက်ရှိရန်မျှော်လင့်ရပါသည်။ ဤအကျိုးတူပူးပေါင်းမှုသည် Djibouti ဆိပ်ကမ်းရှိပင်လယ်ရေကြောင်းကုန်စည်ပို့ဆောင်မှုမှတစ်ဆင့် ပုပ်သိုးပျက်စီးလွယ်သောပစ္စည်းများကိုတင်ပို့ရန်အတွက် အဆင့်မြင့်အေးခဲနည်းပညာဖြင့် ပို့ဆောင်ရာတွင် အရေးပါသောခြေလှမ်းတစ်ခုဖြစ်ပါသည်။

Tsegayeသည် ပို့ကုန်စျေးကွက်ချဲ့ထွင်ရန်အတွက် ထောက်ခံအားပေးခဲ့ပြီးသစ်သီးနှင့် ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုနယ်ပယ်တွင် အီသီယိုးပီးယား၏ မလုပ်ဆောင်ရသေးသောအရာများကိုအလေးပေးပြောကြားခဲ့ပါသည်။ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် ထုတ်လုပ်မှုတွင် ရင်းနှီး မြှုပ်နှံမှုများ ထပ်မံဆွဲဆောင်ရန်အတွက် ကဏ္ဍအလိုက်အသုံးချမှုမြှင့်တင်ရန် အရေးကြီးကြောင်း ၎င်းကအလေးပေးပြောကြားခဲ့ပါသည်။ ပင်လယ်ရေကြောင်းမှ ဟင်းသီးဟင်းရွက် ထုတ်ကုန်များတင်ပို့ရောင်းချမှုစတင်ခြင်းသည် အီသီယိုးပီးယားအတွက် ကမ္ဘာ့ဈေးကွက်တွင် ခြေကုပ်ယူနိုင်ရန် မဟာဗျူဟာမြောက် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ ဥရောပဈေးကွက်များတွင် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအစီအမံများဖြင့် စိန်ခေါ်မှုများကြားတွင် Tsegayeသည် ၎င်း၏ ဟင်းသီးဟင်းရွက် ထုတ်ကုန်များတင်ပို့ရောင်းချမှုကိုကွဲပြားစေရန် အီသီယိုးပီးယား၏ ကြိုးပမ်းမှုတွင် ခေတ်မီအေးခဲကွန်တိန်နာများ၏ အရေးပါမှုကိုအလေးပေးဖော်ပြခဲ့ကြောင်း  (၁၂.၁၁.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ သတင်းဆောင်းပါးအရသိရှိရပါသည်။

Source         https://www.freshplaza.com/latin-america/article/9677408/ethiopia-launches-first-refrigerated-fruit-veggie-export-to-europe/

တင်ပြသူ         ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ