လယ်ယာထွက် ကုန်ထုတ်လုပ်မှု အားကောင်းလာစေရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့ကို တရုတ်ဝန်ကြီးချုပ် အလေးပေးပြောကြား
- Wed, 20 November 2024
တရုတ်ဝန်ကြီးချုပ် Li Qiang သည် ဘက်စုံစိုက်ပျိုးထုတ်လုပ်မှုစွမ်းရည်မြှင့်တင်ရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး၊ စားနပ်ရိက္ခာဖူလုံရေးတို့အတွက် ခိုင်မာသောအခြေခံအုတ်မြစ်ချရန် အလေးပေးပြောကြားခဲ့ပါသည်။နိုင်ငံ၏ ဒေသအများစုသည် ဆောင်းရာသီနှင့် နွေဦးရာသီတွင် လယ်ယာမြေများဖော်ထုတ် ရန် အရေးကြီးသောကာလသို့ ရောက်ရှိနေသောကြောင့် ရေကြီးရေလျှံမှုနှင့် အခြားဘေးအန္တရာယ် များကြောင့် ပျက်စီးသွားသောလယ်ယာမြေများပြန်လည်ထူထောင်ရန်၊ ရေသိုလှောင် ထိန်းသိမ်းမှုဆိုင်ရာအခြေခံအဆောက်အအုံများ မြှင့်တင်ရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေးဆိုင်ရာစွမ်းဆောင်ရည်များ မြှင့်တင်ရန်လိုအပ်ကြောင်းဝန်ကြီးချုပ် လီက ညွှန်ကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီရုံး၏ အမြဲတမ်းကော်မတီအဖွဲ့ဝင် လီကလယ်ယာမြေအရည်အသွေးစီမံခန့်ခွဲမှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုများကြောင့် အရည်အသွေးပြည့်မီသော လယ်ယာမြေများကို စံနှုန်းမြင့်အဆင့်မြင့်လယ်ယာမြေအဖြစ် ဖော်ဆောင်ရန်တိုက် တွန်းခဲ့ပါသည်။လာမည့် နွေစပါးရာသီတွင် ဝန်ကြီးချုပ်၏ စံနှုန်းမြင့်အဆင့်မြင့် လယ်ယာမြေတည်ဆောက် ရေးဆိုင်ရာ ညွှန်ကြားချက်ကို အင်္ဂါနေ့တွင်ပြုလုပ်ခဲ့သည့် နိုင်ငံတော်အဆင့်ညီလာခံတွင် ဗီဒီယိုကွန်ဖရန့် စနစ်ဖြင့်ထုတ်လုပ်ပြသခဲ့ပါသည်။ အစည်းအဝေးတွင် ဒုတိယဝန်ကြီးချုပ် Liu Guozhong က စံနှုန်းမြင့်အဆင့်မြင့် လယ်ယာမြေတည်ဆောက်မှုအပြင် အဓိကရေသိုလှောင်ထိန်း သိမ်းခြင်းဆိုင်ရာစီမံကိန်းများတွင် အရည်အသွေးနှင့် ထိရောက်မှုကို ဦးစားပေးဖော်ပြခဲ့ပါသည်။၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂)ရက်တွင် ပြုလုပ်ခဲ့သည့် လာမည့် နွေစပါးရာသီကာလတွင် စံနှုန်းမြင့် အဆင့်မြင့်လယ်ယာမြေတည်ဆောက်ရေးဆိုင်ရာ နိုင်ငံတော်အဆင့် ဗီဒီယိုကွန်ဖရင့်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရုံး၏ အဖွဲ့ဝင်လည်းဖြစ်သည့် တရုတ်ဒုတိယဝန်ကြီးချုပ် Liu Guozhong က မိန့်ခွန်းပြောခဲ့သည်ကို (၁၂-၁၁-၂၀၂၄) ရက်နေ့ထုတ် english.newသတင်းဆောင်းပါးအရသိရှိရပါသည်။
Source https://english.news.cn/20241112/0bbb765d06714a8b89b671c828bf854e/c.html
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်
တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန