အာရပ်စော်ဘွားများပြည်ထောင်စုသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့လျက်ရှိသည့်ဩစတြေးလျတောင်သူများအား စည်းကြပ်ခွန်များ ကင်းလွတ်ခွင့်ပြု

  • Wed, 13 November 2024

အာရပ်စော်ဘွားများပြည်ထောင်စုသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့လျက်ရှိသည့်ဩစတြေးလျတောင်သူများအား စည်းကြပ်ခွန်များ ကင်းလွတ်ခွင့်ပြု


သြစတြေးလျ-အာရပ်စော်ဘွားများပြည်ထောင်စု ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (CEPA)သည်အာရပ်စော်ဘွားများပြည်ထောင်စုသို့ တင်ပို့လျက်ရှိသည့် သြစတြေးလျ၏ အဓိကစိုက်ပျိုးရေး ပို့ကုန်များအပေါ် အခွန်ကင်းလွတ်စေရေးအတွက် လမ်းခင်းပေးသကဲ့သို့ဖြစ်စေပြီး နှစ်နိုင်ငံလုံး၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ တွန်းအားပေး ဆောင်ရွက်ကြမည့်ရည်ရွယ်ချက်ကို ခိုင်မာစေပါသည်။အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက်သည် အယ်လ်ဘေးနီးစ်အလုပ်သမားရေးရာ ဝန်ကြီးဌာန၏ ဩစတြေးလျတောင်သူများနှင့် ပတ်သက်၍ကုန်သွယ်ရေးဆိုင်ရာ အောင်မြင်မှုများ အပေါ် အခြေခံထားခြင်းဖြစ်သည့်အပြင်ပို့ကုန်လုပ်ငန်းရှင်များအတွက်လည်း ၎င်းတို့၏စျေးကွက်ကို တမူ ထူးကဲစွာ ချဲ့ထွင်နိုင်မည့်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ကြောင်း သိရှိရပါသည်။အဆိုပါ သဘောတူညီချက်သည် အသား၊ နို့ထွက်ပစ္စည်း၊ အစေ့အဆန်များနှင့်ဆီထွက် သီးနှံများ၊ ကုလားပဲ၊ ပဲနီကလေး၊ အခွံမာသီး၊ ဥယျာဉ်ခြံသီးနှံနှင့်ပျားရည်တို့ကဲ့သို့သော အဓိက ထုတ်ကုန်များအပါအဝင် သြစတြေးလျနိုင်ငံမှတင်ပို့ကုန်(၉၉%)ကျော်အတွက် စည်းကြပ်ခွန်များ ဖယ်ရှားပေးမည်ဖြစ်ကြောင်းသိရှိရပါသည်။ဩစတေးလျ တောင်သူများနှင့် ထုတ်လုပ်သူများသည် အကောက်ခွန် ကုန်ကျစရိတ်သက်သာမှု တစ်ခုတည်းဖြင့်ပင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း(၅၀)ခန့် နှစ်စဉ်အကျိုး အမြတ် ရရှိမည်ဖြစ်ကြောင်း၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့တင်ပို့ကုန်များအနက် ဆီမုန်ညင်းစေ့များသည် ဩစတြေးလျ နိုင်ငံ၏အကြီးဆုံးစိုက်ပျိုးရေးပို့ကုန်ဖြစ်ပြီး (၂၀၂၃)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၇၄၁)သန်းအထိ တင်ပို့နိုင်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ကုန်များကို တင်ပို့သည့် သြစတြေးလျပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ယင်းသဘော တူညီချက် စတင်အသက်ဝင်သည့်နေ့မှ စ၍အခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။အဆိုပါသဘောတူညီချက်ကို ချမှတ်ရာတွင် ခေတ်မီပြီး လိုက်လျောညီထွေဖြစ်စေရုံ သာမက အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ကုန်သွယ်ရာတွင်အဆင်ပြေချောမွေ့စေသည့် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီကတိကဝတ်နှင့် စည်းမျည်းစည်းကမ်းများကို ချမှတ်ထားကြောင်း၊ယင်းအခြေအနေများသည် ဩစတေးလျ ပို့ကုန်လုပ်ငန်းရှင်များအတွက်စည်းကြပ်ခွန်များ ကင်းလွတ်စေသည်သာမက စီးပွားရေးအရပါ သိသာထင်ရှားစွာအကျိုးဖြစ်ထွန်း စေကြောင်း၊ အထူးသဖြင့် အဆိုပါ သဘောတူညီချက်သည်ဩစတျေးလျနိုင်ငံ၏ ရေရှည် တည်တံ့သော စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာစနစ်များဆိုင်ရာပထမဦးဆုံး သီးသန့်အစီအစဉ်ဖြစ်ကြောင်း သိရှိရပါသည်။၎င်းသည် စားနပ်ရိက္ခာဖူလုံမှုနှင့် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ် လွှတ်မှု လျှော့ချရေးနှင့် အခြားပတ်ဝန်းကျင်ဆိုင်ရာ ရလဒ်များအတွက်စိုက်ပျိုးရေးဆိုင်ရာ မရှိမဖြစ် အရေးပါသော အခန်းကဏ္ဍအဖြစ် အသိအမှတ်ပြုကြောင်း၊ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်တွင် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးဆိုင်ရာရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာလည်းပါဝင်ကြောင်းကို (၆. ၁၁. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် www.miragenews. com သတင်းအရ သိရှိရပါသည်။


Source           https://www.miragenews.com/tariffs-axed-for-aussie-farmers-exporting-to-uae-1351370/

တင်ပြသူ         ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ             ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

တည်းဖြတ်သူ  ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ