လာအိုနိုင်ငံသည် တရုတ်နိုင်ငံသို့ တရုတ်-လာအို မီးရထားဖြင့် လယ်ယာထွက်ကုန်ပိုမိုတင်ပို့ရန် မျက်စိကျလျက်ရှိ

  • Wed, 13 November 2024

လာအိုနိုင်ငံသည် တရုတ်နိုင်ငံသို့ တရုတ်-လာအို မီးရထားဖြင့် လယ်ယာထွက်ကုန်ပိုမိုတင်ပို့ရန် မျက်စိကျလျက်ရှိ


“တရုတ်စားသုံးသူများအကြား အသီးအနှံဝယ်လိုအား မြင့်တက်မူကိုဖြည့်ဆည်းရန် အတွက် လာအိုတွင် ဒူးရင်းစိုက်ပျိုးရန် တရုတ်စီးပွားရေးလုပ်ငန်းရှင်တချို့ကစိတ်ဝင် စားမှု မြင့်တက်နေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။ ထို့နောက်တရုတ်လူမျိုးများသည် ဒူးရင်းကို ဘယ်လောက်နှစ်သက်သည် ဆိုတာကိုမြင်ဖူးခဲ့ကြောင်း၊ဒါဟာ တရုတ်ဈေးကွက်ကနေ အကျိုး အမြတ်ရရန် လာအိုအတွက် ရွှေအခွင့်အရေးလို့ထင်ပါသည်” ဟု လာအိုမြို့တော် ဗီယင်ကျန်းတွင် သစ်သီးရောင်းချသူဖုန်းဆက်ဂျာလီယာက ဆင်ဟွာသို့ ပြောကြားခဲ့ပါသည်။လာအိုတွင် သဘာဝအရင်းအမြစ်များ ပေါများပြီး စိုက်ပျိုးရန်သင့်တော်သောမြေများ ရှိပါကြောင်း၊ လာအိုသည် တရုတ်အတွက် အလားအလာရှိသောအသီးအနှံဖြည့်ဆည်းပေးမည့် နေရာတစ်ခု ဖြစ်လာနိုင်မည်လို့ ထင်ပါသည်” ဟု ၎င်းကဆိုပါသည်။

လာအို အမျိုးသား ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(LNCCI) နှင့် တရုတ်စီးပွားရေးလုပ်ငန်းအဖွဲ့တစ်ခုတို့သည် တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန်အတွက် လာအို ဒူးရင်းကဏ္ဍ၏ အလားအလာကို လေ့လာရန် မကြာသေးမီကအစည်းအဝေးခေါ်ယူ တွေ့ဆုံခဲ့ပါသည်။အစည်းအဝေးတွင် LNCCI ၏ ဒုတိယဥက္ကဌ Bounleuth Luangpaseuth မှ လာအိုနိုင်ငံ၏ မြေသြဇာကောင်းမွန်သော စိုက်ပျိုးမြေတွင် ဒူးရင်းစိုက်ပျိုးမှု လျင်မြန်စွာကြီးထွားလာမည် ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး တရုတ်-လာအိုမီးရထားလမ်းသည် အရေးကြီးသော ပို့ဆောင်ဆက်သွယ်ရေးတစ်ခုအဖြစ်မီးမောင်းထိုးပြခဲ့ပါသည်။တရုတ်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင်လည်းလာအိုစိုက်ပျိုးရေးလုပ်ငန်း ရှင်များအသင်းဥက္ကဋ္ဌ Bounthieng Lattanavong က လာအိုနှင့်တရုတ်အစိုးရတို့သည် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးတွင်များစွာရင်းနှီးမြှုပ်နှံထားကြောင်း၊ အထူးသဖြင့် တရုတ် -လာအို မီးရထားလမ်းသည်လာအိုထုတ်ကုန်များကို တရုတ်နိုင်ငံရှိ စျေးကွက်ကြီးများသို့ ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။“လာအိုအစိုးရအနေဖြင့် ထုတ်လုပ်မှု၊ပြုပြင်ထုတ်ပိုးမှုနှင့်တင်ပို့ရောင်းချခြင်းတို့ကိုခိုင်မာစွာ မြှင့်တင်ရန်အတွက် သက်ဆိုင်ရာ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကိုလည်းတိုးတက် လာစေရန် အာရုံစိုက်ထားပါသည်” ဟု ပြောကြားခဲ့ကြောင်းကို(၄-၁၁-၂၀၂၄)ရက်နေ့ထုတ် www.thestar.com သတင်းဆောင်းပါးအရသိရှိရပါသည်။

Source      https://www.thestar.com.my/aseanplus/aseanplus-news/2024/11/04/laos-eyes-more-agricultural-export-to-china-via-china-laos-railway

တင်ပြသူ         ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ             ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်

တည်းဖြတ်သူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ