အိန္ဒိယမှ သွင်းကုန်ကန့်သတ်ချက်များကြောင့် ပြည်တွင်းပဲထုတ်လုပ်မှု မြင့်တက်လာ

  • Fri, 23 September 2022

အိန္ဒိယမှ သွင်းကုန်ကန့်သတ်ချက်များကြောင့် ပြည်တွင်းပဲထုတ်လုပ်မှု မြင့်တက်လာ


ယခုနှစ်တွင်   ပဲတီစိမ်းသီးနှံ ခန့်မှန်းတန်ချိန်   (၃၀၀,၀၀၀)ခန့်ရှိပြီး ကန့်သတ်ချက် များမချမှတ်မီ  ပျမ်းမျှတန်ချိန်  ၁၅,၀၀၀ မှ မြင့်တက်လာကြောင်း သိရှိရပါသည်။ အိန္ဒိယ၏  ပဲတင်သွင်းမှု ကန့်သတ်ချက်များကြောင့်   ပြည်တွင်းသီးနှံထုတ်လုပ်မှုမှာ သိသိသာသာမြင့် တက်လာခဲ့ပါသည်။ အထူးသဖြင့်  ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်တိုးတက်မှုသည် အံ့မခန်းပင်ဖြစ် ကြောင်း အိန္ဒိယနိုင်ငံ၊ Navi  Mumbai ရှိ  ပဲလက်ကားရောင်းချသည့်  Himatlal  Hirji  &  Co.  ၏ ပါတနာဖြစ်သူ Pritesh Nandu မှ ပြောကြားခဲ့ပါသည်။


    အိန္ဒိယပဲမျိုးစုံနှင့်  အစေ့အဆန်များအသင်းမှ မကြာသေးမီက webinar တွင် စီစဉ် ကျင်းပပြုလုပ်သည့်  အခမ်းအနား၌ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ ပဲတီစိမ်းထွက်ရှိမှုမှာ ထူးထူးကဲကဲဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
    သတင်းရင်းမြစ်များအရ လက်ရှိနှစ်အတွက် ပဲတီစိမ်းထုတ်လုပ်မှုသည် မက်ထရစ် တန်ချိန် (၃၀၀,၀၀၀)ခန့်ရှိမည်ဟု ခန့်မှန်းထားပါသည်။


    (၂၀၂၁)ခုနှစ်တွင်  ပဲတီစိမ်းတန်ချိန် (၈၀,၀၀၀)ရိတ်သိမ်းနိုင်ခြင်းကြောင့်  ဈေးနှုန်း များ  စတင်ကျဆင်းလာခဲ့ပါသည်။ သီးနှံအထွက်နှုန်း မြင့်မားခြင်းကြောင့် (၂၀၂၂)ခုနှစ်တွင် ဈေးနှုန်းများကျဆင်းခဲ့ပြီး မေလတွင် တစ်ကီလိုဂရမ်လျှင် ၃၆ ရူပီး အနိမ့်ဆုံးအောက်သို့  ရောက်ရှိခဲ့ပါသည်။ သို့သော် စျေးနှုန်းများသည် ၄၅ ရူပီးအထိသို့ ပြန်လည်မြင့်တက်လာခဲ့ပါ သည်။


    အိန္ဒိယသည်  ပဲတီစိမ်းထုတ်လုပ်မှုတွင် ဖူလုံရုံသာမက  ယခုနှစ်တွင်  တင်ပို့နိုင်ရန် ပိုလျှံပမာဏ အနည်းငယ်ရှိပါသည်။  အောက်တိုဘာလပွဲတော်ကာလအတွင်း ဝယ်လိုအား မြင့်တက်လာသဖြင့် ဈေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ၅၅ ရူပီးသို့ တိုးမြင့်လာသော ကြောင့် ဈေးနှုန်းများ နောက်ထပ် ၂၀ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထား ပါသည်။


    မေလနှင့် ဇွန်လတွင် ဈေးနှုန်းများ ကျဆင်းနေပြီး ဂျုံဈေးနှင့် နှိုင်းယှဉ်လျှင်  မြင့်မားနေသောကြောင့် ၂၀၂၃ ခုနှစ်တွင်  ပဲတီစိမ်းစိုက်ဧက  သိသိသာသာ ကျဆင်းမည် ဖြစ် ကြောင်း၊ သို့သော် သယ်ယူပို့ဆောင်မှု  များပြားလာသောကြောင့် ၂၀၂၃ ခုနှစ်တွင် ပဲတီစိမ်း တင်ပို့မှု တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ၁၅. ၉. ၂၀၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် THE WESTERN PRODUCER ၏သတင်းဆောင်းပါးမှတစ်ဆင့် သိရှိ့ရပါသည်။

Source    https://www.producer.com/markets/indias-import-restrictions-boost-domestic-pea-production/

ဆက်စပ် သတင်းများ