ဈေးနှုန်းများမြင့်တက်နေခြင်းကြောင့် အာရှတွင်အိန္ဒိယ၏ ဆန်တင်ပို့မှုရပ်ဆိုင်းလိုက်ခြင်း
- Fri, 23 September 2022
အိန္ဒိယ၏ ဆန်တင်ပို့မှုအပေါ် ကန့်သတ်ချက်များကြောင့် အာရှတွင် ကုန်သွယ်မှုများ ရပ်တန့်ခဲ့ပြီးနောက် ဗီယက်နမ်၊ ထိုင်း နှင့် မြန်မာနိုင်ငံတို့မှ အစားထိုးရောင်းလိုအားများ ဈေးနှုန်းမြင့်တက်နေသဖြင့် ဝယ်ယူသူကုန်သည်များမှ အရောင်းအဝယ် နှောင့်နှေးနေခဲ့ကြောင်း စက်မှုလုပ်ငန်း အမှုဆောင်မှပြောကြားခဲ့ပါသည်။
ကမ္ဘာ့ဆန်တင်ပို့မှုအကြီးဆုံးနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် ပျမ်းမျှမုတ်သုံမိုးသည် ရွာသွန်းမြဲထက် လျော့ကျပြီးနောက် ရောင်းလိုအားတိုးမြှင့်ခြင်းနှင့် ဈေးနှုန်းများ တည်ငြိမ်စေရန် ကြိုးပမ်းသည့်အနေဖြင့် ဆန်ကွဲတင်ပို့မှုတားမြစ်လိုက်ပြီး တင်ပို့ကုန်အမျိုးအမျိုးအပေါ်တွင် အခွန် (၂၀)ရာခိုင်နှုန်း သတ်မှတ်ကောက်ခံခဲ့ပါသည်။
ယူကရိန်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ကုန်သွယ်ရေးကဏ္ဍတွင် ဖြစ်ပေါ်လာသော ငွေကြေးဖောင်းပွမှုများနှင့် စားနပ်ရိက္ခာဖူလုံရေးများအတွက် အစိုးရမှ အခက်အခဲဖြစ်နေမှုများ ကြောင့် ဆန်သည်ယခုနှစ်အတွင်း တင်ပို့မှု တားမြစ်ခြင်းခံရသော နောက်ဆုံးကုန်ပစ္စည်း အမျိုးအစား ဖြစ်ပါသည်။ အိန္ဒိယမှ ဆန်တင်ပို့မှုတားမြစ်ကြောင်း ကြေညာပြီးသည့်နောက် အာရှတွင် ဆန်ဈေး (၅)ရာခိုင်နှုန်းမြင့်တက်သွားပြီး လာမည့်အပတ်တွင် ဈေးနှုန်းထပ်မံမြင့် တက်လာ မည်ဟု ခန့်မှန်းထားကြပါသည်။
ဆန်ကုန်သွယ်မှုသည် အာရှတွင် ရပ်တန့်လျက်ရှိနေကြောင်း၊ ကုန်သည်များမှ ဆန်များ ကို အလောတကြီးမဝယ်ယူချင်ကြကြောင်း အိန္ဒိယ၏ အကြီးဆုံးဆန်တင်ပို့သူ Satyam Balajee မှ အမှုဆောင်ဒါရိုက်တာ Himanshu Agarwal မှ ပြောကြားခဲ့ပါသည်။
အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ ဆန်တင်ပို့မှု၏ (၄၀)ရာခိုင်နှုန်းကျော်ရှိပါသည်။ ထို့ကြောင့် လာမည့်လများတွင် ဈေးနှုန်းမည်မျှတက်လာမည်မှာ မသေချာကြောင်း၊ ဆန်သည် လူပေါင်း ၃ ဘီလီယံကျော်အတွက် အဓိက စားနပ်ရိက္ခာဖြစ်ပြီး ၂၀၀၇ ခုနှစ်တွင် အိန္ဒိယ၏ တင်ပို့မှုကို ပိတ်ပင်လိုက်စဉ်က ကမ္ဘာ့ဈေးသည် ဆန်တစ်တန်လျှင် ကန်ဒေါ်လာ ၁,၀၀၀ ခန့်အထိ စံချိန်တင် မြင့်တက်သွားခဲ့ပါသည်။
အိန္ဒိယ၏ ဆန်တင်ပို့မှုသည် (၂၀၂၁)ခုနှစ်တွင် တန်ချိန် (၂၁.၅)သန်းအထိ စံချိန်တင် ရောက်ရှိခဲ့ပြီး ကမ္ဘာ့ဆန်တင်ပို့မှု အများဆုံး(၄)နိုင်ငံဖြစ်သော ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်နှင့် အမေရိကန်တို့၏ စုစုပေါင်းတင်ပို့မှုထက်ပိုများခဲ့ပါသည်။
အိန္ဒိယဆန်တင်ပို့သူများသည် စာချုပ်အသစ်များ ချုပ်ဆိုခြင်း ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဝယ်ယူသူများသည် ပြိုင်ဘက် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ ရောင်းလိုအားများ ခိုင်မာရန် ကြိုးစားနေကြပါသည်။ အဆိုပါနိုင်ငံများသည် လွန်ခဲ့သည့် (၄)ရက်အတွင်း ၅%ဆန် အကျိုးအကြေတစ်တန်လျှင် အမေရိကန်ဒေါ်လာ(၂၀)ခန့် ဈေးမြင့်တက်ခဲ့ကြောင်း သိရှိရ ပါသည်။ သို့သော်လည်း စျေးနှုန်းများ တိုးတက်မြင့်မားလာမည်ဟု မျှော်လင့်နေကြသည့် အတွက် ထိုကုန်သည်များမှပင် အလောတကြီး စာချုပ်ချုပ်ဆိုရန်အတွက် တွန့်ဆုတ်နေကြ ပါသည်။
လာမည့်ရက်သတ္တပတ်များတွင် စျေးနှုန်းများဆက်လက်မြင့်တက်လာရန် မျှော်မှန်း ထားကြောင်း ဟိုချီမင်းမြို့အခြေစိုက် ကုန်သည်တစ်ဦးမှ ပြောကြားခဲ့ပါသည်။ ဗီယက်နမ် ဆန် အကျိုးအကြေ ၅ ရာခိုင်နှုန်းပါဝင်သောဆန်ကို ယခင်အပတ်၌ တစ်တန်လျှင် ဒေါ်လာ(၃၉၀)မှ (၃၉၃)ဒေါ်လာအထိမြင့်တက်ခဲ့ပြီး တနင်္လာနေ့တွင် တစ်တန်လျှင် ဒေါ်လာ(၄၁၀)ဖြင့် ကမ်းလှမ်းခဲ့ကြောင်း သိရှိရပါသည်။
Covid-19 ကပ်ရောဂါကြောင့် စားနပ်ရိက္ခာရောင်းချမှု ပြတ်တောက်ခဲ့ပြီး မကြာသေး မီက ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ဆန်ဈေးနှုန်းများ တက်ခဲ့သော်လည်း လွန်ခဲ့သည့် (၂)နှစ် အတွင်း ဆန်တင်ပို့သူများ၏ များစွာသောသိုလှောင်မှုများကြောင့် အလားအလာများ ပြောင်းလဲ သွားခဲ့ပါသည်။
အိန္ဒိယ၏ သဘောထား ပြောင်းလဲမှုများကြောင့် ဆန်ဈေးမြင့်တက်နိုင်ပြီး ဂျုံ နှင့် ပြောင်းကဲ့သို့ အဓိကသီးနှံများ စျေးနှုန်းမြင့်တက်လာမည်ကို ဝယ်ယူသူများမှ စိုးရိမ်နေ ကြကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းတစ်ခုနှင့်တွဲလုပ်ကိုင်နေသော မွန်ဘိုင်း အခြေစိုက် ကုန်သည်တစ်ဦးမှ ပြောကြားခဲ့ကြောင်း (၁၂.၉.၂၀၂၂)ရက်နေ့တွင် ထုတ်ပြန် ခဲ့သော https://www.reuters.com/ ကွန်ယက်၏ သတင်းအချက်အလက်များအရ သိရှိရ ပါသည်။
Source https://www.reuters.com/markets/commodities/indias-rice-export-curbs-paralyse-trade-asia-prices-rise-2022-09-12/