ပဲမျိုးစုံအနက်မှ ပဲတီစိမ်းတင်ပို့မှုသည် အကောင်းဆုံးဖြစ်
- Fri, 23 September 2022
နေ့စဉ်ဈေးကွက်သတင်းအချက်အလက်များအရ အမျိုးအစားပေါ်မူတည်ပြီး ပဲတီစိမ်း ဈေးသည် တစ်ပိဿာလျှင် ၂၆၆၅ ကျပ်နှင့် ၃၅၀၀ ကျပ် (တစ်ပိဿာလျှင် ၁.၆ ကီလိုဂရမ်နှင့် ညီမျှ) ရှိကြောင်းသိရှိရပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် ပဲတီစိမ်းဈေးသည် တစ်တန်လျှင် ငွေကျပ် ၁.၈ သန်းရှိပါသည်။ ပဲမျိုးစုံ FOB ဈေးသည် မတ်ပဲတစ်တန်လျှင် ၇၉၀-၈၁၀ ဒေါ်လာ၊ ပဲစဉ်းငုံ (red gram) တစ်တန်လျှင် ၈၁၀-၈၃၀ ဒေါ်လာနှင့် ပဲတီစိမ်း အသစ်ဈေးသည် ၇၃၀-၇၅၀ ဒေါ်လာ အသီးသီးရှိကြောင်း သိရှိရပါသည်။
ယခုလတွင် အိန္ဒိယသည် မြန်မာနိုင်ငံမှ ပဲတီစိမ်းဝယ်ယူမှုကို ရပ်ဆိုင်းခဲ့ကြောင်းသိရှိပါ သည်။ ထို့အပြင် တရုတ်နိုင်ငံမှ ပဲတီစိမ်းဝယ်ယူအားလည်း ကျဆင်းခဲ့ပါသည်။ ထို့ကြောင့် ပဲတီစိမ်းဈေးနှုန်းသည် တစ်တန်လျှင် (၁.၈)သန်းရှိပြီး မတ်ပဲနှင့် ပဲစဉ်းငုံသည် ဈေးတက် နေသည့်အချိန်မှသာ တစ်တန်လျှင် ကျပ်(၂)သန်းကျော်ရှိကြောင်း သိရှိရပါသည်။ မန္တလေး ကုန်စည်ဈေးကွက်၏ အချက်အလက်များအရ စက်တင်ဘာ ၁၂ ရက်နေ့တွင် ပဲတီစိမ်းဈေး သည် သုံးတင်းတစ်အိတ် (၅၆.၂၅ ပိဿာ)လျှင် (၁၄၅၀၀၀-၁၆၀၀၀၀)ကျပ်ရှိကြောင်း သိရှိရပါ သည်။
(၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်း၌ ပဲမျိုးစုံစိုက်ဧကစုစုပေါင်း (၉.၆၃) သန်းရှိပြီး ပဲမျိုးစုံတင်းပေါင်း (၂၄.၁၆)သန်းထွက်ရှိခဲ့ပါသည်။ ထို့အပြင် ဒေါ်လာ (၁.၃၂၄) ဘီလီယံတန်ဖိုးရှိသော ပဲမျိုးစုံတန်ချိန်သန်းပေါင်း (၁.၇၅)သန်းကို နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရောင်းချခဲ့ပါသည်။ ပဲမျိုးစုံကို ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် စိုက်ပျိုးကြပါသည်။ အခြားပဲများဖြစ်သည့် kidney bean, စွန်တာနီ၊ စွန်တာပြာ၊ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ black-eyed beans နှင့် ထောပတ်ပဲများကို အလားအလာရှိသော ပြည်ပ ဈေးကွက်များအတွက် အဓိကစိုက်ပျိုးကြပါသည်။
ပဲတီစိမ်းကို မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် အများဆုံးတွေ့ရပြီး အထူးသဖြင့် မိုးစပါးရိတ်သိမ်းပြီးနောက် ခရမ်းနှင့် သုံးခွမြို့များတွင် စိုက်ပျိုးကြပါသည်။ ၎င်းဒေသသည် ပဲတီစိမ်းကို မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးစိုက်ပျိုးကြပါသည်။ ပဲတီစိမ်းကို မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသများတွင် ရေသွင်းစိုက်ပျိုးကြကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ ကိုကျော်မြင့်၏ ပြောကြားချက်အရသိရှိရပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်၏ တရားဝင် အချက်အလက်များအရ မုတ်သုံရာသီနှင့် ဆောင်းရာသီများတွင် ပဲတီစိမ်းစိုက်ဧက စုစုပေါင်း (၃)သန်းရှိပြီး အထွက်နှုန်းမှာ တင်းပေါင်း ၄၈ သန်း (တန်ချိန်သန်းပေါင်း ၁.၅၉ ခန့်)ရှိကြောင်း သိရှိရပါသည်။ ပဲတီစိမ်းသည် မတ်ပဲနှင့် ပဲစဉ်းငုံကဲ့သို့ အိန္ဒိယဈေးကွက်တစ်ခုတည်းကိုသာလျှင် အားကိုးခြင်း မရှိကြောင်း၊ ပဲတီစိမ်းသည် ရန်ကုန်ပဲဈေးကွက်မှ ကမ္ဘာ့နိုင်ငံများကို အတိုင်း အတာတစ်ခုအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြောင်း (၁၃.၉.၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့ သော The Global New Light of Myanmar ဆောင်းပါး၏ သတင်းများအရသိရှိရပါသည်။
Source |
The Global New Light of Myanmar |