တရုတ်နိုင်ငံသို့ မြန်မာ့သကြား တရားဝင်တင်ပို့နိုင်ရေးအတွက် အစိုးရချင်း ( G – to – G ) သဘောတူစာချုပ်လိုအပ်

  • Fri, 23 September 2022

တရုတ်နိုင်ငံသို့  မြန်မာ့သကြား တရားဝင်တင်ပို့နိုင်ရေးအတွက် အစိုးရချင်း ( G – to – G ) သဘောတူစာချုပ်လိုအပ်


မြန်မာ့သကြားများ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် နှစ်နိုင်ငံအစိုးရကြား  (G – to – G )သဘောတူညီချက်တစ်ရပ်ကို တောင်းဆိုထားကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ထုတ်ကုန်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက Global New Light of Myanmar (GNLM)သို့ ပြောကြားခဲ့သည်။


    အစောပိုင်းကာလ၌ မြန်မာနိုင်ငံသည် ပိုလျှံသကြားများကို နယ်စပ်ဖြတ်ကျော် လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ ထိုသို့တင်ပို့ခြင်းကို ပြည်နယ်အဆင့် နားလည်မှု စာချွန်လွှာဖြင့် ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။


    တရုတ်နိုင်ငံသည် လာအိုနှင့် ကမ္ဘောဒီးယားကဲ့သို့သော အချို့နိုင်ငံများအတွက် သကြား တင်သွင်းမှုခွဲတမ်းကို ထုတ်ပြန်ထားကြောင်း၊ ၎င်းနိုင်ငံများသည် တရားဝင်ခွင့်ပြုထားသည့် ခွဲတမ်းအရ သကြားကိုတင်ပို့နိုင်ကြောင်း၊ မြန်မာနိုင်ငံသည် ၎င်းခွဲတမ်းကန့်သတ်ချက်အတွက် သဘောတူညီမှုမရရှိသေးသောကြောင့်  ပြည်နယ်အဆင့် သဘောတူညီချက်နှင့်သာ ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း ဦးဝင်းဌေးဩ၏ ပြောကြားချက်အရ သိရှိရပါသည်။


    သို့သော် တရုတ်နိုင်ငံ၏ COVID-19 မူဝါဒကြောင့် တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု ရုတ်တရက်ရပ်တန့်သွားခဲ့ရကြောင်း၊ ယခင်မှ မြန်မာနိုင်ငံမှ သကြားနဲ့ သကာရည်များကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့သော်လည်း နယ်စပ်ဒေသများ၌ ဗိုင်းရပ်စ်ကပ်ရောဂါကြောင့် သကြား တင်ပို့မှု ရပ်ဆိုင်းသွားခဲ့ရကြောင်း သိရှိရပါသည်။


    ယခုအခါ မြန်မာ့သကာရည်များကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတစ်ဆင့် ဗီယက် နမ်နိုင်ငံသို့ ယခုနှစ်အတွင်းပို့ဆောင်နေကြောင်း၊ လာမည့်(၂၀၂၂-၂၀၂၃)ခုနှစ် ကြံရာသီ အတွက် ပြည်တွင်းကုမ္ပဏီအချို့မှ ကြံတစ်တန်လျှင် (၉၀,၀၀၀)ကျပ်နှုန်းဖြင့် ကမ်းလှမ်းထား ကြောင်း အဆိုပါအသင်းမှ သိရှိရပါသည်။


    မြန်မာနိုင်ငံတစ်ဝှမ်း၌ ကြံစိုက်ဧက (၄၅၀,၀၀၀)ခန့်ရှိပြီး နှစ်စဉ်သကြားတန်ချိန် (၄၅၀,၀၀၀)ထွက်ရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ထုတ်ကုန်များအသင်းမှ သိရှိ ရပါသည်။
    ကြံကို စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အများဆုံးစိုက်ပျိုး လျက်ရှိပါသည်။ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့၌လည်း တွေ့ရှိရပါသည်။
    ကြံကို ဒီဇင်ဘာလမှ ဇန်နဝါရီလအတွင်း စိုက်ပျိုးလေ့ရှိပြီး နောက်နှစ်နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း ရိတ်သိမ်းလေ့ရှိပါသည်။ မြန်မာနိုင်ငံ၌ ကြံသီးနှံတစ်ကြိမ် စိုက်ပျိုးပြီး လျှင် လမိုင်းထား၍ ဆက်လက်ပြုစုထုတ်လုပ်လေ့ရှိသောကြောင့် ၎င်း၏သက်တမ်းမှာ (၄)နှစ် ခန့်ကြာမြင့်ကြောင်း (၁၅.၉.၂၀၂၂)ရက်နေ့တွင်ထုတ်ပြန်သည့်  Global New Light of Myanmar သတင်းအရ သိရှိရပါသည်။


Source

https://www.gnlm.com.mm/myanmar-sugar-needs-g-to-g-pact-for-legitimate-export-to-china/

ဆက်စပ် သတင်းများ