ပိုလန်နိုင်ငံမှ မုန်ညှင်းဖြူထုပ်ဝယ်လိုအား မြင့်တက်နေခြင်း

  • Wed, 26 January 2022

ပိုလန်နိုင်ငံမှ မုန်ညှင်းဖြူထုပ်ဝယ်လိုအား မြင့်တက်နေခြင်း


ပိုလန်နိုင်ငံမှ မုန်ညှင်းဖြူထုပ်များရောင်းချမှုသည် ယခင်နှစ်ထက် ပိုမိုများပြားလာ ကြောင်း သိရှိရပါသည်။ ရာသီတစ်ခုလုံးတွင် စံချိန်ပြုထားသော်လည်း ယခင်ရာသီထက် ဈေးနှုန်းများ ပိုမိုမြင့်မားနေပြီး ဆက်လက်မြင့်တက်မည်ဟု မျှော်မှန်းထားပါသည်။


ပိုလန်နိုင်ငံမှ မုန်ညှင်းဖြူထုပ်ရာသီသည် ဆက်လက်လည်ပတ်နေပြီး ယခုရာသီတွင် ရောင်းချမှုများသည် ပြီးခဲ့သည့်နှစ်ရာသီထက် ပိုမိုကောင်းမွန်လာသည်ဟု ပိုလန် ဟင်းသီးဟင်းရွက် တင်ပို့ရောင်းချသည့် Green Best ၏ အရောင်းမန်နေဂျာ Kornelia Lewandowska ၏ ပြောကြားချက်အရ သိရှိရပါသည်။ ထုတ်ကုန်ဝယ်လိုအားသည် မြင့်မားလျက်ရှိပြီး ပိုလန် တောင်သူများသည် ပို့ကုန်တင်ပို့ရန်အတွက် လုံလောက်သော ကုန်ပစ္စည်းများထက် ပိုမိုများပြားစွာ ထုတ်လုပ်နိုင်ခဲ့ပါသည်။ ယခုနှစ် မုန်ညှင်းဖြူထုပ် ရောင်းချမှုသည် ယခင်နှစ်ထက် ပိုမိုကောင်းမွန်ပါသည်။


မုန်ညှင်းဖြူထုပ်ဈေးနှုန်းများသည် ယခင်နှစ်ထက် သိသိသာသာမြင့်တက်လာပြီး ဆက်လက်မြင့်တက်မည်ဖြစ်ကြောင်း (၁၈-၁-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Reshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source : https://www.freshplaza.com/article/9391419/demand-for-chinese -cabbages-is-at-a-high-point/







ဆက်စပ် သတင်းများ