ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ အုန်းသီးတင်ပို့မှုတန်ဖိုးမှာအမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ ရောက်ရှိနိုင်

  • Wed, 4 September 2024

ယခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံမှ တရုတ်နိုင်ငံသို့ အုန်းသီးတင်ပို့မှုတန်ဖိုးမှာအမေရိကန် ဒေါ်လာ (၁) ဘီလီယံအထိ ရောက်ရှိနိုင်


ယခုလအစောပိုင်းတွင် တရုတ်နိုင်ငံသို့ အေးခဲထားသော ဒူးရင်းသီး၊လတ်ဆတ်သော အုန်းသီးများနှင့် မိကျောင်းထွက်ကုန်ပစ္စည်းများကို တရားဝင် တင်ပို့ရန် ဗီယက်နမ်နှင့် တရုတ်နိုင်ငံ တို့သည် သဘောတူစာချုပ် ၃ ခုကို အပြီးသတ်ချုပ်ဆိုခဲ့ပါသည်။ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုမှ လယ် ယာထွက်ကုန်များ၏ တင်ပို့မှုပမာဏကို တိုးလာစေရန် မျှော်မှန်းထားပါသည်။ တရုတ်နိုင်ငံတွင် လူဦးရေ ၁.၄ ဘီလီယံအထက်ရှိပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းမှ ထွက်ရှိသော အုန်းသီး ပမာဏသည် တရုတ်နိုင်ငံအုန်းသီးဝယ်လိုအား၏ ၁၀ ရာခိုင်နှုန်းခန့်သာ ဖြည့်ဆည်းပေးနိုင်သည့်အတွက် လတ် ဆတ်သော အုန်းသီးများ တင်ပို့မှု သဘောတူညီချက်သည် ဗီယက်နမ်နိုင်ငံ၏ အုန်းသီးစိုက်ပျိုး ထုတ်လုပ်သူများအတွက် ကြီးမားသောအခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် မျှော်မှန်းထား ပါသည်။ ဤကဲ့သို့ တရုတ်ဈေးကွက် ပွင့်လာခြင်းသည် အုန်းသီးအတွက် တည်ငြိမ်သော စားသုံးမှု ဈေးကွက်ကို ဖန်တီးပေးပြီး အုန်းသီးဈေးနှုန်းများ ကျဆင်းမှုအား ကာကွယ်ရန် အထောက်အကူ ဖြစ်စေကြောင်း Ben Tre ပြည်နယ်မှ အုန်းသီးစိုက်ဧရိယာ ၁ ဟက်တာရှိသော တောင်သူ တစ်ဦးဖြစ်သည့် Nguyen Huu Tai က ပြောကြားခဲ့ပါသည်။ဗီယက်နမ် သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်အဖွဲ့အစည်းမှ ယခုနှစ်ကုန်ပိုင်းတွင်လတ်ဆတ်သောအုန်းသီး တင်ပို့မှုမှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ မှ ၃၀၀ သန်း အထိ တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းထားပြီး ဆက်လက်၍လည်း တိုးတက်လာမည်ဟု မျှော်မှန်းထားပါသည်။

ကမ္ဘာ့ပေါ်တွင် သတ္တမမြောက် အုန်းသီးအများဆုံးစိုက်ပျိုးထုတ်လုပ်သည့် နိုင်ငံတစ်ခု ဖြစ်သည့် ဗီယက်နမ်နိုင်ငံတွင် စုစုပေါင်း အုန်းသီးစိုက်ဧရိယာ (၁၈၈,၀၀၀)ဟက်တာရှိပြီး နှစ်စဉ် အုန်းသီး တန်ချိန် ၂ သန်းဝန်းကျင် ထွက်ရှိပြီးမဲခေါင်မြစ်ဝကျွန်းပေါ်ဒေသများတွင် အများဆုံး ထွက်ရှိသည့်နိုင်ငံဖြစ်ပါသည်။ သို့သော်အုန်းသီးစက်ရုံလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံသို့ ရေရှည်တင်ပို့နိုင်ရေးအတွက်အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်း လိုအပ်ချက်များကဲ့သို့သော စိန်ခေါ်မှုများကိုရင်ဆိုင်နေရပါသည်။ အုန်းသီးများကို တစ်စုတစ်စည်းတည်းစိုက်ပျိုးထားခြင်းမရှိသည့်အတွက် အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်များကိုအဟန့်အတား ဖြစ်စေပြီး အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန် အချိန်လိုအပ်လျက်ရှိကြောင်းသီးနှံစိုက်ပျိုးထုတ်လုပ် ရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူးဖြစ်သူ Nguyen Quoc Manh ကပြောကြားခဲ့ပါသည်။အုန်းသီး ခူးဆွတ်ခြင်း၊ စုဆောင်းခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်းနှင့်ထိန်းသိမ်းခြင်းလုပ်ငန်း များအတွက် အခြေခံအဆောက်အအုံများအတွက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် လိုအပ်ပါသည်။ Ben Tre အုန်းသီးရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ၏ ဥက္ကဌ ဖြစ်သူ Tran Van Duc မှ ဈေးကွက် ချဲ့ထွင်ရာတွင် လွယ်ကူချောမွေ့စေရန်အတွက် တင်းကျပ်သောအရည်အသွေးပိုင်းဆိုင်ရာ လိုအပ် ချက်များနှင့် ကိုက်ညီသည့်စိုက်ပျိုးထုတ်လုပ်သည့်ဧရိယာများ ဖွံ့ဖြိုးတိုးတက်လာမှု၏ အရေးပါပုံ များကိုအလေးပေးပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီး Hoang Trung မှ သွင်းကုန်ဈေးကွက်လိုအပ်ချက်များနှင့်ကိုက်ညီစေရန် စိုက်ပျိုး ဧရိယာများနှင့် ပါကင်ထုတ်ပိုးမှုပစ္စည်းများကိုစီမံခန့်ခွဲရန် အရေးကြီးကြောင်း အလေးထား ပြောကြားခဲ့ပါသည်။အဆိုပါဝန်ကြီးဌာနသည် အုန်းသီးတင်ပို့မှုများ ချဲ့ထွင်ရန်အတွက်ဤအခွင့်အလမ်းကို အသုံးချပြီး ဗီယက်နမ်တောင်သူများအား ပံ့ပိုးကူညီရန်တရုတ်အာဏာပိုင်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် ကတိကဝတ်ပြုခဲ့ပါသည်။ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း လတ်ဆတ်သော အုန်းသီး တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ဝန်းကျင်ရှိပြီး တရုတ်၊ ထိုင်း၊ အမေရိကန်နှင့် ဉရောပသမဂ္ဂတို့မှာ အဓိကဈေးကွက်များဖြစ်ကြောင်း (၂၉-၈-၂၀၂၄) ရက်နေ့ တွင် ထုတ်ပြန်ခဲ့ သော https://www.gnlm.com.mm ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။


Source            https://www.freshplaza.com/north-america/article/9653823/vietnam-s-coconut-exports-to-china-could-hit-1-billion-usd-this-year/

တင်ပြသူ          ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ              ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်

တည်းဖြတ်သူ   ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ