အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဝယ်လိုအားနည်းခြင်းနှင့် ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ဝါချည်မျှင်ကုန်သွယ်မှုကန့်သတ်ခြင်း

  • Wed, 26 January 2022

အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် ဝယ်လိုအားနည်းခြင်းနှင့် ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် ဝါချည်မျှင်ကုန်သွယ်မှုကန့်သတ်ခြင်း


ဝယ်လိုအားနည်း၍ ဈေးနှုန်းများမြင့်တက်ခြင်းကြောင့် (၁၈.၁.၂၀၂၂) ရက်နေ့ အိန္ဒိယနိုင်ငံ ဝါချည်မျှင်ဈေးကွက်တွင် ကုန်သွယ်မှုကန့်သတ်ခြင်းများ ရှိနေပါသည်။ မွန်ဘိုင်းမြို့တွင် ဝါချည်မျှင်ဈေးနှုန်းများသည် သတ်မှတ်ထားသော အမျိုးအစားများအတွက် (၅) ကီလိုဂရမ် လျှင် (၅၅) ရူပီး နှုန်းဖြင့် မြင့်တက်ခဲ့ပါသည်။ တန်ဖိုးကြီးသော သဘာဝချည်မျှင်များကြောင့် ဈေးနှုန်းမြင့်တက်ခြင်းဖြစ်သော်လည်း ဝယ်လိုအားမှာ အလွန်နည်းပါးကာ တင်ပို့ရမည့် အမှာစာများကြောင့်သာ မဖြစ်မနေ ဝယ်ယူနေရခြင်းဖြစ်ကြောင်း ကုန်သည်များမှ ပြောကြားခဲ့ပါသည်။


အထည်အလိပ်ထုတ်လုပ်သောမြို့တွင် (၂)ရက်ကြာ သပိတ်မှောက်ခြင်းကြောင့် (၁၈.၁.၂၀၂၂)ရက်နေ့၌ Tiruppur ဈေးကွက်တွင် ကုန်သွယ်မှုမရှိပါ။ မွန်ဘိုင်းဈေးကွက်တွင် (၆၀) ကတ် ပါသော တိုင်ချည် (၅) ကီလိုဂရမ် လျှင် (၁,၉၅၀-၂,၀၁၀) ရူပီး နှင့် ဖောက်ချည် (၅) ကီလိုဂရမ် လျှင် (၁,၆၉၀-၁,၇၄၀) ရူပီး အသီးသီး အရောင်းအဝယ် ဖြစ်ခဲ့ကြပါသည်။ တိုင်ချည်သည် (၅) ကီလိုဂရမ် လျှင် (၂၀-၄၀) ရူပီး မြင့်တက်ခဲ့သော်လည်း ဖောက်ချည်မှာ အရောင်းအဝယ် အေးနေခဲ့ပါသည်။


မွန်ဘိုင်းဈေးကွက်တွင် ဝါဈေးနှုန်းများ မြင့်တက်မှုကြောင့် ဝါချည်မျှင်ဈေးနှုန်းများ မြင့်တက်လာခဲ့ပါသည်။ သို့သော်လည်း ဝယ်လိုအားသည် ဈေးကွက်ရပ်တည်ချက်ကို မပံ့ပိုးပေးနိုင်ခဲ့ပါ။ ဈေးကွက်အရင်းအမြစ်များအရ ဝယ်လက်များသည် တင်ပို့ကုန် သဘောတူညီချက်များ ဖြည့်ဆည်းပေးခြင်းကဲ့သို့ လက်ငင်းလိုအပ်ချက်များကိုသာ ရောင်းချနိုင်ရန် စောင့်မျှော်နေကြပါသည်။ လက်ရှိတွင် ဝယ်လက်များသည် ၎င်းတို့၏ အရေးတကြီး လိုအပ်ချက်များအတွက် ဝါချည်မျှင်များကို ပမာဏအနည်းငယ် ဝယ်ယူလျက်ရှိပါသည်။ ရက်ထည်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် ဝါချည်မျှင်ဈေးနှုန်းများ မြင့်တက်နေခြင်းကြောင့် အထည်အလိပ်များ ထုတ်လုပ်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြပါသည်။


ချည်မျှင်ဈေးနှုန်းများ မြင့်တက်သွားပြီးနောက်ပိုင်း ဝါချည်ခင်များ အဆမတန် ပိုလျှံနေသော်လည်း ရက်ထည်ထုတ်လုပ်မှုမှာ ကျဆင်းသွားသဖြင့် ရက်ထည်များသည် ပေါပေါများများမရနိုင်ပါ။ ရက်ထည်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် လက်ရှိတွင် ထုတ်လုပ်မှုကုန်ကျစရိတ်များနှင့် ဆုံးရှုံးမှုအတွက် စိုးရိမ်နေကြပါသည်။ တစ်ချိန်တည်းမှာပင် ပြည်တွင်းဈေးကွက်တွင် ချည်ဈေးများ ပိုမိုမြင့်တက်လာခဲ့ပါသည်။ Maharashtra တွင် ချည်ထည်စက်ရုံများမှ (၃၅၆) ကီလိုဂရမ် ရှိ ချည်လုံးတစ်လုံးလျှင် ရူပီး (၂၀၀-၃၀၀) ဖြင့် ဝယ်လိုအား တိုးမြင့်လာခဲ့ပါသည်။ Nagpur နှင့် Yavatmal လိုင်းရှိ ဝါဂွမ်း (၃၀ မီလီမီတာ) ဈေးနှုန်း များသည် ချည်တစ်လုံးလျှင် ရူပီး (၇၇,၃၀၀) မှ (၇၇,၈၀၀) ကြားတွင် ရှိပါကြောင်း (၁၈.၁.၂၀၂၂) ရက်တွင် ထုတ်ပြန်ခဲ့သော Fibre2 Fashion ကွန်ယက်၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source : https://www.fibre2fashion.com/news/textile-news/poor-demand-higher-prices-limit-cotton-yarn-trade-in-south-india-278456-newsdetails.htm








ဆက်စပ် သတင်းများ