ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ငှက်ပျောသီးတန်ချိန် (၁၁၀,၀၀၀)ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့

  • Wed, 31 July 2024

ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် ငှက်ပျောသီးတန်ချိန် (၁၁၀,၀၀၀)ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့


၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမသုံးလပတ် (ဧပြီ-ဇွန်)တွင် တရုတ်နိုင်ငံသို့တစ်သျှူး ငှက်ပျော စိုက်ပျိုးထားသည့် ငှက်ပျောတန်ချိန် ၁၁၀,၀၀၀ ကျော်ကိုကချင်ပြည်နယ် နယ်စပ် ကုန်သွယ်ရေး စခန်းများမှတစ်ဆင့် ပေးပို့ခဲ့ကြောင်းကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူးဦးအောင်လွင်ဦးကပြောခဲ့ပါသည်။

မြန်မာနိုင်ငံမှ တစ်သျှူးငှက်ပျောများကို ကချင်ပြည်နယ် လွယ်ဂျယ်နှင့် ကမ်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခဲ့ပါသည်။မြန်မာနိုင်ငံ သည်၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့တစ်သျှူးငှက်ပျောစိုက်ပျိုးထားသော ငှက်ပျော သီး တန်ချိန် ၄၉၀,၀၀၀ ကျော်တင်ပို့ရှိခဲ့ပါသည်။

“မြန်မာနိုင်ငံမှ တစ်သျှူးငှက်ပျောသီး တန်ချိန် ၇၇,၀၀၀ တင်ဆောင်ထားခဲ့သည့်ကုန်တင် ကား ၃,၁၀၇ စီးကို ဧပြီလက တရုတ်နိုင်ငံသို့ ပို့ဆောင်ခဲ့ပြီး၊ မေလတွင် တန်ချိန် ၃၁၀၀၀ ကျော် တင် ဆောင်သည့် ကုန်တင်ယာဉ် ၁၂၂၆ စီးနှင့် ဇွန်လတွင် တန်ချိန် ၄၀၀၀ ကျော်ရှိသည့် ကုန်တင်ယာဉ် ၁၃၆ စီးတို့ဖြင့်တင်ပို့ခဲ့ပါသည်။ လက်ရှိတွင် တစ်သျှူးငှက်ပျောစိုက်ပျိုးထားသော ငှက်ပျောပင် များကို စိုက်ပျိုးသူများကပြုစုစောင့်ရှောက်လျက်ရှိပါသည်။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်၊ ကချင် ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသများတွင် စိုက်ပျိုးကြသည်” ဟု ၎င်းက ရှင်းပြခဲ့ပါသည်။

ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျော စိုက်ပျိုးထားသောငှက်ပျောတင်ပို့မှုအတွက် မှတ်ပုံတင်ထားသည့် ကုမ္ပဏီ ၃၂ ခုရှိပြီး ကချင်ပြည်နယ်တွင် ဧက ၅၀,၀၀၀ ကျော်ရှိပါသည်။ ၎င်းတို့ကို ပြည်တွင်းစားသုံးမှုအတွက်မဟုတ်ဘဲ ပို့ကုန်အတွက်သာ သတ်မှတ်ထားပါသည်။ကိုရိုနာဗိုင်းရပ်ရောဂါ အချိန်မတိုင်မီက တစ်သျှူးငှက်ပျော စိုက်ပျိုးထားသော ငှက်ပျော ဧက ၇၀,၀၀၀ ရှိပြီး ၎င်းတို့ထဲမှ ၅၀,၀၀၀ ဧက ကျန်ရှိပါသည်။ တစ်ဧက ဝင်ငွေအမေရိကန် ဒေါ်လာ ၆၀၀၀ ခန့်ရရှိနိုင်ပါသည်။ စီးပွားဖြစ်တန်ဖိုးရှိပြီးအကျိုးအမြတ်များသော သီးနှံ ဖြစ်သောကြောင့် စိုက်ပျိုး ဧကများတိုးချဲ့သင့်သည်ဖြစ်ကြောင်းကို (၂၄-၇-၂၀၂၄) ရက်နေ့ထုတ် Global New Light of Myanmar သတင်းအရသိရှိရပါသည်။

Source https://www.gnlm.com.mm/myanmar-ships-110000-tonnes-of-tissue-cultured-bananas-to-china-in-q1/

တင်ပြသူ     ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်

စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ