ကာဇက်စတန်နိုင်ငံသည် ဆယ်စုနှစ်အတွင်း အာလူးတင်ပို့မှုပမာဏ အမြင့်ဆုံးရောက်ရှိ

  • Wed, 24 July 2024

ကာဇက်စတန်နိုင်ငံသည် ဆယ်စုနှစ်အတွင်း အာလူးတင်ပို့မှုပမာဏ အမြင့်ဆုံးရောက်ရှိ


ကာဇက်စတန်သည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အာလူးပမာဏ အများဆုံးတင်ပို့ခဲ့ပြီး တာ့ခ်မင်နစ္စတန်နှင့် ဥဇဘက်ကစ္စတန်နိုင်ငံများသို့ အဓိက တင်သွင်းပါသည်။DATA HUB ၏ ကိန်းဂဏန်းအချက်အလက်များကို ကိုးကား၍ ကာဇက်စတန် တင်ပို့ ရောင်းချသူများသည် ယခုနှစ် ပထမ(၅)လအတွင်း ပြည်ပသို့ အမေရိကန်ဒေါ်လာ(၃၁.၇)သန်း တန်ဖိုးရှိ အာလူးများကို ရောင်းချခဲ့ရပြီး (၂၀၂၃)ခုနှစ် အလားတူကာလထက် လေးဆနီးပါး ပိုများ လာခဲ့သည်။ ဤကိန်းဂဏန်းသည် နောက်ဆုံးဆယ်စုနှစ်တစ်ခု ကာလအတွင်း အမြင့်ဆုံး ဖြစ်သည်။အလေးချိန်အရ ယခုနှစ်တင်ပို့မှုသည် (၂၀၂၃) ခုနှစ်တွင်တင်ပို့ခဲ့သော တန်ချိန်(၁၀၈,၀၀၀) နှင့် နှိုင်းယှဉ်ပါက ပထမ(၅)လတွင် တန်ချိန် (၂၉၄,၀၀၀) ထိရောက်ရှိခဲ့ပြီး (၁၀)နှစ်တာ ကာလ အတွင်း စံချိန်တင်ခဲ့ပါသည်။ မျိုးအာလူးတင်ပို့မှုကြောင့်ပြည်ပတင်ပို့သည့် အာလူးများ၏ ပျှမ်းမျှ စျေးနှုန်းသည် သိသိသာသာ မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် (၁)တန်လျှင် ပျမ်းမျှ (၆၄၄)ဒေါ်လာ အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက်(၇)ဆ မြင့်မားခဲ့သည်။ မျိုးအာလူး အများစုကို တာ့ခ်မင်နစ္စတန် သို့ တင်ပို့ခဲ့သည်။သို့သော်လည်း ပြည်တွင်းဈေးကွက်တွင် အာလူးရောင်းချမှုနှင့် ပတ်သက်၍ လတ်တလော တွင်အချက်အလက်များ မတွေ့ရှိရပါ။ ယခင်အချက်အလက်များအပေါ် အခြေခံ၍ လူဦးရေ၏ အာလူး စားသုံးမှုကို ခန့်မှန်းနိုင်ပြီး၊ ပထမ(၃)လပတ်၌ အစားအသောက် ဝန်ဆောင်မှုကဏ္ဍများ မပါဝင်ဘဲ (၁)လလျှင် တစ်ဦးချင်းစားသုံးမှု(၃.၈)ကီလိုဂရမ်ဖြစ်ပါကြောင်း (၁၇.၇.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/asia/article/9645437/kazakhstan-achieves-highest-potato-export-volume-in-a-decade/


တင်ပြသူ     ဒေါ်ဥမ္မာထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ဇူလိုင်လ (၂၄) ရက်

စစ်ဆေးသူ         ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ