အီရန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် ပထမသုံးလပတ်အတွင်း မြင့်တက်လာ

  • Wed, 24 July 2024

အီရန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှုသည် ပထမသုံးလပတ်အတွင်း မြင့်တက်လာ


လက်ရှိ အီရန်ပြက္ခဒိန်နှစ်၏ အစပိုင်း (၃)လအတွင်း အီရန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုပမာဏသည် ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ(၁.၀၂၇)ဘီလီယံအထိ မြင့်တက် လာခဲ့ပြီး ပြီးခဲ့သည့်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက(၃၇%)ခန့် တိုးမြင့်လာခဲ့ပါသည်။ အဆိုပါ ပို့ကုန်တင်ပို့မှုပမာဏမှာ (၁၉%)ခန့် တိုးတက်လာခဲ့ကြောင်း အီရန်နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့အစည်း၏ ဒုတိယအကြီးအကဲဖြစ်သူ Mohammad Sadeq Ghanadzadeh က ပြောကြားခဲ့ပါသည်။

အဓိကတင်ပို့သည့် ပို့ကုန်များမှာ ပီစတာချီအို၊ ခရမ်းချဉ်၊ ဖရဲ၊ ပန်းသီးနှင့် အာလူးတို့ ဖြစ်ကြပါသည်။ယူရေးရှားစီးပွားရေးသမဂ္ဂ (EAEU) နှင့် ကုန်သွယ်မှုဆက်ဆံရေး တိုးမြှင့်ခြင်းသည် ပို့ကုန်တင်ပို့မှုပမာဏ အနည်းငယ်မြင့်တက်မှုအား အထောက်အကူဖြစ်စေသည့် သိသာထင်ရှားသော အကြောင်းအရင်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ အီရန်နိုင်ငံသည် ပထမ (၂)လအတွင်း အမေရိကန်ဒေါ်လာ (၆၈၄)သန်း ပမာဏရှိသော စိုက်ပျိုးရေးထွက်ကုန် တန်ချိန် (၁,၅၆၂,၀၀၀)အား တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် (၂၈%)ခန့်မြင့်တက်လာခဲ့ကြောင်း အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ အကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့(IRICA)၏ ဒေတာအချက်အလက်များအရ သိရှိရပါသည်။

အဆိုပါ ကာလအတွင်း ပို့ကုန့်ပမာဏ ၂၄ ရာခိုင်နှုန်းမြင့်တက် လာသည်ကို တွေ့ရှိရပါသည်။အထူးသဖြင့် ပန်းသီး၊ အခွံပါ ပီစတာချီအိုသီး၊ ဖရဲ၊ စိုက်ခင်းထွက် ခရမ်းချဉ်သီး နှင့်ဖန်လုံအိမ်စိုက် ခရမ်းချဉ်သီးတို့သည် တန်ဖိုးအားဖြင့် ထိပ်တန်းတင်ပို့သည့်စိုက်ပျိုးရေးထွက်ကုန် များ ဖြစ်ကြပါသည်။ ဤကာလအတောအတွင်းတွင်အဆိုပါသီးနှံများ တင်ပို့မှုသည် ခန့်မှန်းခြေ အားဖြင့် စုစုပေါင်းတင်ပို့မှုအလေးချိန်၏(၆.၆၆%)ခန့်နှင့် အီရန်နိုင်ငံ၏ ပို့ကုန်စုစုပေါင်းတန်ဖိုး၏ (၈.၅၃%)ခန့် ရှိပါသည်။ပြီးခဲ့သည့်အီရန်ပြက္ခဒိန်နှစ်အတွင်း စိုက်ပျိုးရေးထွက်ကုန်နှင့် စားသောက်ကုန်တင်ပို့မှုပမာဏမှာ(၂၂.၅%)ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပမာဏအားဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၆.၃) ဘီလီယံဝန်းကျင် ရှိခဲ့ပါသည်။

ပြီးခဲ့သည့်နှစ်အတွင်း အီရန်နိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုပမာဏသည် စုစုပေါင်း ရေနံမဟုတ်သောအခြား ပို့ကုန်ပမာဏ၏ (၁၂.၈%)ခန့်ရှိပြီး အီရတ်နိုင်ငံ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် အီရန်နိုင်ငံမှအဆိုပါထွက်ကုန်များကို တင်သွင်းသည့် ထိပ်တန်းနိုင်ငံများ ဖြစ်ကြပါသည်။ ပြီးခဲ့သည့် အီရန်ပြက္ခဒိန်နှစ်အတွင်း ရေနံနှင့်နည်းပညာပိုင်း ဆိုင်ရာ အင်ဂျင်နီယာဝန်ဆောင်မှုများအပါအဝင် အီရန်နိုင်ငံ၏ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၁၅၃.၁၇၈)ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း (၁၇-၇-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza. com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။


Source https://www.freshplaza.com/latin-america/article/9645285/iran-s- agricultural-exports-see-a-rise-in-the-first-quarter/


တင်ပြသူ     ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ         ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်

စစ်ဆေးသူ         ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ