ပထမသုံးလပတ်အတွင်း မြန်မာ့ဆန်တန်ချိန် (၉၁,၀၀၀)တင်သွင်းခဲ့သည့် တရုတ်နိုင်ငံသည် ဦးဆောင်တင်သွင်းနိုင်ငံအဖြစ်ရပ်တည်
- Wed, 24 July 2024
လက်ရှိဘဏ္ဍာရေးနှစ် ဖြစ်သည့် (၂၀၂၄-၂၀၂၅)ခုနှစ်၊ ပထမသုံးလပတ် (ဧပြီ-ဇွန်)တွင် ဆန်တန်ချိန်(၉၁,၅၀၀)ကျော် တင်သွင်းသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး ဆန်တင်သွင်းသည့် နိုင်ငံဖြစ်ပြီး၊ အင်ဒိုနီးရှားနိုင်ငံက တန်ချိန်(၈၄,၃၀၀)ကျော်တင်သွင်းကြောင်းနှင့် ဘယ်လ်ဂျီယံနိုင်ငံက တန်ချိန် (၅၃,၂၀၀)ကျော် တင်သွင်းကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်း ဇယားများအရ သိရှိရပါသည်။ထို့အပြင် စပိန်နိုင်ငံသို့ တန်ချိန် (၂၃,၅၀၀)ကျော်နှင့် အီတလီနိုင်ငံသို့ တန်ချိန်(၁၀,၀၀၀) ကျော် တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ယခုဘဏ္ဍာရေးနှစ်၏ပထမသုံးလပတ်တွင် ပြည်ပ ဈေးကွက်သို့ ဆန် တန်ချိန် (၃၄၅,၄၆၇.၃)ကျော် တင်ပို့ခဲ့ပြီးပြည်ပဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ (၁၇၅)သန်း ရရှိခဲ့ကြောင်း၊ အဖွဲ့ချုပ်သည်(၂၀၂၄-၂၀၂၅)ဘဏ္ဍာနှစ်အတွင်း (ဧပြီမှ မတ်လ) ဆန် တန်ချိန် (၂.၅)သန်းကျော်တင်ပို့နိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရပါသည်။
လစဉ် ပို့ကုန်လျာထားချက်များ ပြည့်မီပြီး ပို့ကုန်များအဆင်ပြေချောမွေ့စေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက်ကုန်ထုတ်ကုန်လုပ်ငန်းရှင်များနှင့်ပို့ကုန်လုပ်ငန်းရှင်များအသင်း တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့ချုပ်သည် (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် (၂.၅)သန်းတင်ပို့နိုင်ပြီး ပြည်ပ ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရရှိမည်ဟုမျှော်မှန်းထားသော်လည်း ဆန်တင်ပို့ မှုသည် လျာထားချက် ပြည့်မီခြင်းမရှိဘဲတန်ချိန်(၁.၆)သန်းသာရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ (၈၄၅)သန်းသာရရှိခဲ့ပါသည်။ မြန်မာနိုင်ငံသည် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ဆန်နှင့် ဆန်ကွဲတန်ချိန်(၂,၂၆၁,၂၀၃)တန် တင်ပို့နိုင်ခဲ့ပြီး ခန့်မှန်းတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(၈၅၃.၄၇၂)သန်း ရှိကြောင်းကို (၂၁. ၇. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/china-leads-myanmars-rice-imports- with-91000-tonnes-in-q1/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၂၄) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန