မြန်မာနိုင်ငံကော်ဖီအသင်း(MCA)သည် ကော်ဖီစေ့အစိမ်းများအတွက် ဝယ်ယူမှုအမှာစာများရရှိ
- Wed, 24 July 2024
ကော်ဖီစေ့အစိမ်းများကို ဝယ်ယူရန်အတွက် နိုင်ငံတကာမှ ဝယ်ယူသူများသည်မြန်မာနိုင်ငံ ကော်ဖီအသင်း (MCA) သို့ ဆက်သွယ်ခဲ့ပါသည်။မြန်မာနိုင်ငံကော်ဖီအသင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တို့မှတဆင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများနှင့်ရောင်းချသူစာရင်းများအား တောင်းခံလျက် ရှိပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံကော်ဖီအသင်းမှ ကော်ဖီအစိမ်းစေ့ထုတ်လုပ်သူများနှင့်ကုန်သည် များအား အမည်၊ ရာထူး၊ လုပ်ငန်း၊ စိုက်ပျိုးသူများအဖွဲ့၊ လိပ်စာ၊နှစ်စဉ်ထုတ်လုပ်မှုနှုန်း၊ ဆက်သွယ်ရန်နံပါတ်နှင့် အီးမေးလ် လိပ်စာတို့ အပါအဝင်ရောင်းချသူများ၏ အချက်အလက်များကို ပေးပို့ရန် တောင်းဆိုခဲ့ပါသည်။အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံကော်ဖီအသင်း၏ အီးမေးလ် mca@myanmar coffee.org နှင့် Viber ဖုန်းနံပါတ် 09 951570777 မှတဆင့်စုံစမ်းမေးမြန်းနိုင်ပါသည်။နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးကောင်းသော အဆင့်မြင့်ကော်ဖီများထုတ်လုပ် နိုင်ရန် မြန်မာနိုင်ငံကော်ဖီအသင်းသည် ကော်ဖီထုတ်လုပ်မှုအပေါ်လွှမ်းမိုးမှုရှိသော အချက်များ ဖြစ်သည့် ကော်ဖီစိုက်ပျိုးခြင်းဆိုင်ရာ နည်းပညာနှင့်လက်တွေ့ကျသောချဉ်းကပ်မှုများ၊ ကော်ဖီ စံနှုန်းများ၏ အခြေခံမူများ၊ ကျင့်ထုံးများနှင့်ပတ်သက်သည့်သင်တန်းများ ပို့ချပေးလျက်ရှိပြီး ကော်ဖီ ထုတ်လုပ်မှုဆိုင်ရာအကြောင်းရင်းများ၊ ကော်ဖီစေ့အမှည့်များ၏ ဝိသေသလက္ခဏာများ၊ ကော်ဖီခူးဆွတ်မှုနည်းလမ်းများနှင့် အကျိုးကျေးဇူးများ၊ ကော်ဖီစေ့နမူနာနှင့် အရည်အသွေး ထိန်းချုပ်မှု၊ကော်ဖီစေ့အစိုဓာတ်တိုင်းတာသော ကိရိယာများအပြင် ကော်ဖီရင့်မှည့်မှုကို စမ်းသပ်ရန်နှင့်အချို ဓာတ်ပါဝင်မှုကို တိုင်းတာရန် refractometer စသည့် ကော်ဖီခူးဆွတ်ခြင်း၊ထုတ်လုပ်ခြင်း၊ ကော်ဖီစေ့လှော်ခြင်းမှ ပေါင်းစပ်ထုတ်လုပ်ခြင်းအဆင့်ထိ နည်းလမ်းများကိုပို့ချပေးကြောင်း (၁၈.၇. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန် ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/mca-receives-purchase-order-for-green-coffee-beans/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန