တရုတ်နိုင်ငံ၏ စားသုံးမှုပမာဏလျော့နည်းလာပြီး အိန္ဒိယ၏စားနပ်ရိက္ခာ လိုအပ်ချက်မြင့်မားလာကြောင်း အစီရင်ခံစာတွင် ဖော်ပြ
- Fri, 19 July 2024
အိန္ဒိယနိုင်ငံသည် စီးပွားရေးနှင့် လူဦးရေတိုးလာခြင်းကြောင့် လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့ စားနပ်ရိက္ခာစားသုံးမှု၏ (၂၀%) တိုးတက်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ ကုလ သမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)၏ လတ်တလောခန့်မှန်းချက်များအရ အိန္ဒိယ နိုင်ငံသည် လာမည့်ဆယ်စုနှစ်အတွင်း ကမ္ဘာ့စားနပ်ရိက္ခာလိုအပ်ချက်အများဆုံး ထိပ်တန်းနိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံကို ကျော်တက်ရန် ဟန်ပြင်လျက်ရှိပါသည်။
တိရစ္ဆာန်အစာနှင့် လောင်စာအပါအဝင် စိုက်ပျိုးရေးထွက်ကုန်များစားသုံးမှုသည် (2033) ခုနှစ်အထိ ဆယ်စုနှစ်အတွင်း ကယ်လိုရီသတ်မှတ်ချက်အရ တစ်နှစ်လျှင် ပျမ်းမျှ (1.1%) တိုးလာ မည်ဟု FAO နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ ထုတ်ပြန်သော Agricultural Outlook အစီရင်ခံစာအရ သိရသည်။
ထပ်တိုးလာသော စားသုံးမှုပမာဏ (94%)နီးပါးသည် အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသော နိုင်ငံများတွင် ဖြစ်ပေါ်မည်ဟုခန့်မှန်းထားပြီး အဆိုပါနိုင်ငံများတွင် အိန္ဒိယနှင့် အရှေ့တောင်အာရှ နိုင်ငံများအပြင် အာဖရိကအောက်ပိုင်းရှိ ဆာဟာရနိုင်ငံများပါဝင်နိုင်ကြောင်း အစီရင်ခံစာအရ သိရှိ ရပါသည်။
တရုတ်နိုင်ငံသည် (2023)ခုနှစ်အထိ (10)နှစ်တာကာလအတွင်း ၀ယ်လိုအား (28%) တိုး လာသော်လည်း လာမည့်ဆယ်စုနှစ်အတွင်း (11%)သာ ကျဆင်းသွားဖွယ်ရှိကြောင်းသိရှိရပါသည်။ ထို အတောအတွင်း အိန္ဒိယ၏ ဝယ်လိုအားသည် (၁၃%)မှ (၂၀%)အထိ တိုးလာခဲ့ပါသည်။ ဆာဟာရ ဒေသအောက်ပိုင်းရှိ အာဖရိကသည် ၎င်း၏လျင်မြန်စွာတိုးပွားနေသော လူဦးရေနှင့်အတူ ဝယ်လိုအား (10%) မှ (18%) အထိ တိုးတက်လာနိုင်ကြောင်း သိရှိရပါသည်။
စားသုံးမှုခန့်မှန်းချက်များသည် အဓိကစားသုံးသည့် အစားအစာများအတွက်လည်း ထင်ဟပ် စေပါသည်။ တရုတ်နိုင်ငံသည် (2033)ခုနှစ်တွင် ဂျုံတန်ချိန် (147)သန်း စားသုံးရန် ခန့်မှန်းထားပြီး (2021)နှင့် (2023)ခုနှစ်အတွင်း ပျမ်းမျှအားဖြင့် (2.6%)သာ တိုးတက်လာခြင်းဖြစ်ပါသည်။ အိန္ဒိယ၏ စားသုံးမှုသည် အလားတူကာလတွင် တန်ချိန် (27.7%)ဖြင့် (137)သန်းအထိ တိုးလာ မည်ဟု ခန့်မှန်း ထားပြီး တရုတ်နိုင်ငံနီးပါး ဖြစ်လာပါသည်။ ဆန်စားသုံးမှုမှာလည်း အလားတူပင်ဖြစ်ပြီး အိန္ဒိယ၏ ဝယ်လိုအား မြင့်တက်နေချိန်တွင် တရုတ်နိုင်ငံ၏ စားသုံးမှုမှာလျော့ကျသွားဖွယ်ရှိပါသည်။
အဆိုပါ ခန့်မှန်းချက်များသည် လူဦးရေတိုးတက်နှုန်းကျဆင်းမှုများနှင့် တရုတ်နိုင်ငံတွင် ဝင်ငွေများတန့်နေခြင်းတို့ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် အိန္ဒိယ၏ လူဦးရေပိုမိုတိုးလာစေရန်နှင့် လူနေမှုအဆင့်အတန်းမြှင့်တင်ရန် အစီရင်ခံစာက မျှော်လင့်ထားကြောင်း သိရှိရပါသည်။
အိန္ဒိယနိုင်ငံ၏ ဂျုံစားသုံးမှုသည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ဂျုံ အများဆုံး စားသုံးသူ ဖြစ်သည့် တရုတ်နိုင်ငံကို မှီလုနီးပါးဖြစ်လာမည်ဖြစ်ကြောင်း ခန့်မှန်းထားကြပါသည်။ ဤ ခန့်မှန်းချက်များအပေါ် စားသောက်မှုအလေ့အထပြောင်းလဲခြင်း၏ အလားအလာများသည် ခန့်မှန်းရ ခက်ပါသည်။ အိန္ဒိယနိုင်ငံ၏ များစွာသော သက်သတ်လွတ်စားသုံးသူဦးရေကြောင့် နိုင်ငံအတွင်း အသားစားသုံးမှု အနည်းငယ်သာတိုးလာမည်ဟု FAO-OECDအစီရင်ခံစာမှ ခန့်မှန်းထားပါသည်။ သို့ သော်လည်း နိုင်ငံမှာ စီးပွားရေး ပိုမိုဖွံ့ဖြိုးလာသည်နှင့်အမျှ တိရစ္ဆာန်အစာအပါအဝင် ကမ္ဘာ့ ရောင်းလိုအားနှင့် ဝယ်လိုအား ပုံစံများအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိနိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာထောက်ပံ့မှုကို တည်ငြိမ်အောင်ထိန်းထားခြင်းဖြင့် အစားအစာ ဆုံးရှုံးမှုများ လျှော့ချရန် အစီရင်ခံစာတွင် အလေးပေးဖော်ပြထားပါသည်။ (2030)ခုနှစ်တွင် လက်လီ ဈေးကွက်နှင့်စားသုံးသူအဆင့်ဆင့်တို့၏ လေလွင့်ဆုံးရှုံးမှုများနှင့်အတူ ထောက်ပံ့ရေးကွင်းဆက် တလျှောက် ဆုံးရှုံးများကို ထက်ဝက် လျှော့ချခြင်းဖြင့် ဝင်ငွေနည်းနိုင်ငံများတွင် အစားအစာစားသုံးမှု (10%)နှင့် အလယ်အလတ် ဝင်ငွေနည်းနိုင်ငံများတွင် (6%)စျေးနှုန်းများကျဆင်းနိုင်ပြီး ကမ္ဘာတစ်ဝှမ်း အာဟာရချို့တဲ့သူ အရေအတွက်ကို လေးပုံတစ်ပုံလျှော့ချနိုင်မည်ဟု ခန့်မှန်းထားကြောင်း (၉.၇.၂၀၂၄) ရက်နေ့တွင် ထုတ်ဝေခဲ့သော Nikkei Asia ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။
Source https://asia.nikkei.com/Business/Agriculture/India-to-drive-food-demand-as-China-s-appetite-wanes-report
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန