Quảng Ngãi ပြည်နယ်တွင် ခေတ်မီစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသည့် MD2 နာနတ်သီးမျိုး၏ ထွက်ရှိမှုကို ပထမဆုံးခူးဆွတ်

  • Fri, 19 July 2024

Quảng Ngãi ပြည်နယ်တွင် ခေတ်မီစိုက်ပျိုးနည်းဖြင့် စိုက်ပျိုးထားသည့် MD2 နာနတ်သီးမျိုး၏ ထွက်ရှိမှုကို ပထမဆုံးခူးဆွတ်


ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသရှိ ပြည်နယ်တစ်ခုဖြစ်သည့် Quảng Ngãi တွင် MD2 နာနတ်သီးမျိုးများ ဦးတည်စိုက်ပျိုးထားသည့် ရှေ့ပြေး ကနဦးစိုက်ကွက်ငယ်တစ်ခုအား ရိတ်သိမ်း ပွဲအား အခမ်းအနားဖြင့် စတင်ခဲ့ပါသည်။

ဒေသခံတောင်သူလယ်သမားများနှင့် ဌာနေတိုင်းရင်းသားလူမျိုးများ၏ စီးပွားရေးအဆင့် အတန်းကို မြှင့်တင်ရန်အတွက် ဤစီမံကိန်းသည် Sơn Tây ခရိုင်ရှိ Nước Tang ကျေးရွာအတွင်း ဧရိယာ (၅၀၀) စတုရန်းမီတာကို ခွဲဝေသတ်မှတ်ပေးခဲ့ပါသည်။

စီးပွားရေးစွန့်စားမှုအနေဖြင့် မိရိုးဖလာစိုက်ပျိုးလာသည့် အထွက်နှုန်းနည်းသော သီးနှံ များမှ အကျိုးအမြတ်ပိုမိုရရှိသော MD2 နာနတ်သီးမျိုးသို့ ကူးပြောင်းစိုက်ပျိုးသွားရန် ရည်ရွယ်ပါသည်။ လယ်ပိုင်ရှင် Đinh Văn Mong က မိမိပိုင်လယ်ကွက်မှ အထွက်နှုန်း (၃.၅)တန်ကျော် ထွက်ရှိသည်ဟု ဆိုသည်။

MD2 နာနတ်သီးမျိုးသည် ဒေသမျိုးနာနတ်သီးများနှင့် နှိုင်းယှဉ်ပါက ပိုမိုပါးလွှာသော အခွံ၊ အရည်ရွှမ်း၍ ချိုသောအရသာတို့ရှိသည့်အပြင် ဒေသ၏ ရာသီဥတုနှင့် မြေဆီလွှာ အခြေအနေများ နှင့်ပါ လိုက်ဖက်မှုရှိသည်ကို သတိပြုမိသည်ဟု မှတ်ချက်ပြု၍ပြောကြားခဲ့သည်။ သီးနှံဈေးနှုန်းများမှာ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၁၂,၀၀၀ မှ ၁၅,၀၀၀) (အမေရိကန် ဒေါ်လာ  ၀.၄၆ မှ ၀.၅၈) ရှိပြီး တစ်ခါရိတ်သိမ်းလျှင်  ဗီယက်နမ်ဒေါင် ၅.၅သန်း (အမေရိကန်ဒေါ်လာ ၂၁၄.၅) ဝန်းကျင်ရရှိရန် မျှော်မှန်းထားသည်။

ပြည်နယ်ဆိုင်ရာပြည်သူ့ကော်မတီဒုတိယဥက္ကဋ္ဌ  Đinh  Trung  Giang  မှ တောင်သူများ၏ ၀င်ငွေတိုးမြင့်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရာတွင် စံနမူနာထားသည့် အခန်း ကဏ္ဍကို မှတ်ချက်ပြု ပြောကြားခဲ့သည်။ MD2 နာနတ်သီးစိုက်ပျိုးမှုကို မြှင့်တင်ရန် အကောင်း ဆုံးသော  စိုက်ပျိုးရေးအလေ့ကျင့်များ ကျင့်သုံးခြင်း၊ နည်းပညာသစ်အတွက် သင်တန်းများပေးခြင်း နှင့် အလားအလာရှိသော  ဝယ်ယူသူ များနှင့် ချိတ်ဆက်မှုများပြုလုပ်ခြင်းတို့ကို Sơn Tây ခရိုင်တွင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို  (၁၁. ၇. ၂၀၂၄)ရက်နေ့က  ဖတ်ရှုခဲ့ရသည့်  vietnamnews.vn သတင်းကွန်ယက်၏ သတင်းဆောင်းပါး မှတဆင့် သိရှိခဲ့ရသည်။


Source https://www.freshplaza.com/asia/article/9643599/md2-pineapple-farming-model-yields-first-harvest-in-quang-ngai-province

တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ         ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ