ကာဂျစ္စတန်နိုင်ငံမှ မက်မွန်သီးများကို တရုတ်၊ တူရကီနှင့် ဥဇဘက်ကစ္စတန်နိုင်ငံများသို့ စတင်တင်ပို့

  • Fri, 19 July 2024

ကာဂျစ္စတန်နိုင်ငံမှ မက်မွန်သီးများကို တရုတ်၊ တူရကီနှင့် ဥဇဘက်ကစ္စတန်နိုင်ငံများသို့ စတင်တင်ပို့


Osh ဒေသသို့ ခရီးစဉ်သွားရောက်မှုအတွင်း ကာဂျစ္စတန် စိုက်ပျိုးရေးဝန်ကြီး Bakyt Torobaev သည် မက်မွန်သီး ပြုပြင်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ အစည်းအဝေး တစ်ရပ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါအစည်းအဝေးသို့ မက်မွန်သီး ပြုပြင်ထုတ်လုပ်ခြင်းနှင့် တင်ပို့ခြင်းကိစ္စရပ်များတွင် ပါဝင်သော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။ မက်မွန်သီးများ တင်ပို့ခြင်း၊ ရောင်းချခြင်းနှင့် ထုတ်လုပ်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ချက်များစွာ ချခဲ့ ပါသည်။

နိုင်ငံတော်သည် စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများအား ပံ့ပိုး ပေးရန်အတွက် အဆင်သင့်ရှိနေပြီး စိုက်ပျိုးရေးထွက်ကုန်များ ပြုပြင်ထုတ်လုပ်သည့်လုပ်ငန်းစဉ် များအပေါ် အထူးအာရုံစိုက်လျက်ရှိကြောင်း Torobaev က မှတ်ချက်ပြုခဲ့ပါသည်။

အစည်းအဝေးပြီးနောက် Jalal-Abad ဒေသရှိ Aksy နှင့် Ala-Buka ခရိုင်တို့တွင် မက် မွန်သီးပြုပြင်ထုတ်လုပ်ခြင်းနှင့် မက်မွန်သီးခြောက်ထုတ်လုပ်ခြင်းဆိုင်ရာ စက်ရုံများ တည်ဆောက် ခြင်းကိစ္စရပ်များ ဆွေးနွးခဲ့ပြီး အဆိုပါစီးပွားရေးလုပ်ငန်းများအတွက် ဦးစားပေး ချေးငွေ ပေးအပ် ခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် တရုတ်၊ တူရကီနှင့် ဥဇဘက်ကစ္စတန်နိုင်ငံများသို့ မက်မွန်သီး တင်ပို့ခြင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း (၁၀-၇-၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.freshplaza.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source https://www.freshplaza.com/asia/article/9643342/plums-from-kyrg yzstan-may-start-being-exported-to-china-turkey-and-uzbekistan/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်

စစ်ဆေးသူ         ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ