အိန္ဒိယသည် မြန်မာနိုင်ငံမှ ပြောင်းတန်ချိန် (၅၀၀, ၀၀၀)ကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းရန်ရှိ
- Thu, 18 July 2024
အိန္ဒိယသည် မြန်မာနိုင်ငံမှ ပြောင်းများကို အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနေပြီး တင်သွင်းမှုပမာဏမှာ တန်ချိန် (၅၀၀,၀၀၀)ခန့် ရှိပါသည်။
အိန္ဒိယနိုင်ငံတွင် ကုန်စည်ဈေးနှုန်းများလျှော့ချရန်အတွက် အိန္ဒိယနိုင်ငံသည် ပြောင်းဖူး အပြင် အကောက်ခွန်နှုန်းသတ်မှတ်မှု (TRQ) စနစ်အရ နေကြာဆီ၊ ပန်းဂျုံဆီနှင့် နို့မှုန့်များ တင်သွင်း မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ တင်သွင်းသူများသည် အခွန်အနိမ့်ဆုံး သို့မဟုတ် အခွန်ကင်းလွတ်ခွင့်ကို ခံစားခွင့်ရမည်ဖြစ်ပါသည်။ အိန္ဒိယအစိုးရသည် ပြောင်းတန်ချိန် (၅၀၀,၀၀၀)၊ နေကြာဆီတန်ချိန် (၁၅၀,၀၀၀)၊ ပန်းဂျုံဆီ တန်ချိန် (၁၅၀,၀၀၀)နှင့် နို့မှုန့်တန်ချိန် (၁၀,၀၀၀)တို့ကို တင်သွင်းခွင့်ပြုခဲ့ကြောင်း Economic Times က ဖော်ပြခဲ့ပါသည်။
အိန္ဒိယနိုင်ငံသည် ပြည်တွင်းဝယ်လိုအား ဖြည့်ဆည်းရန်အတွက် ပြည်ပနိုင်ငံများမှ ဟင်းသီး ဟင်းရွက်ဆီ သုံးပုံနှစ်ပုံ တင်သွင်းပါသည်။ အိန္ဒိယသည် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှ စားအုန်းဆီ၊ ရုရှား၊ ယူကရိန်း၊ အာဂျင်တီးနားနှင့် ဘရာဇီးတို့မှ နေကြာဆီနှင့် ပဲပုပ်ဆီများကို တင်သွင်းပြီး မြန်မာနိုင်ငံမှ ပြောင်းများကို အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းပါသည်။ အိန္ဒိယသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် ဟင်းသီးဟင်းရွက်ဆီ တင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာ့နို့ထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးနှံများပျက်စီး ခဲ့ပြီး ထုတ်လုပ်မှုကွင်းဆက်ကို အဟန့်အတားဖြစ်စေခဲ့ပါသည်။ စားသောက်ကုန်ဝယ်လို အားသည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ (၈%)အထိ တိုးလာခဲ့ပါသည်။ ထို့ကြောင့် အစိုးရ၏ ကုန်ဈေးနှုန်းများ လျှော့ချရန် အစီအစဉ်သည် မအောင်မြင်ကြောင်း Economic Times က ဖော်ပြခဲ့ပါသည်။
အမျိုးသားနို့ထွက်ပစ္စည်း ဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့၊ အိန္ဒိယ အမျိုးသားသမဝါယမ နို့ထွက်ပစ္စည်းအဖွဲ့ချုပ်နှင့် အမျိုးသားစိုက်ပျိုးရေး သမဝါယမစီမံခန့်ခွဲမှုအဖွဲ့ချုပ် (NAFED) ကဲ့သို့ သော နိုင်ငံပိုင်အေဂျင်စီများကို စားသုံးဆီတင်သွင်းခွင့်ပြုထားကြောင်း (၁၁.၇.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar website ၏ သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/india-to-import-500000-tonnes-of-myanmar-maize-duty-free/#article-title
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန