ယခုနှစ်တွင် စိုက်ဧကအများအပြားဖြင့် အီဂျစ်ကန်စွန်းဥရာသီ ပြန်လည်စတင်
- Wed, 10 July 2024
ယခုအပတ်တွင် ကန်စွန်ဥတင်သွင်းသူ Martin Oudenes သည် My Roots & Moreအစီအစဉ်ဖြင့် ခြောက်လကြာကန်စွန်းဥပွဲတော်ကို ကျင်းပနေပါသည်။ကန်စွန်းဥတင်သွင်းသူ Martin Oudenes သည် ဥရောပရှိ ကန်စွန်းဥများကိုစျေးကွက်ချဲ့ ထွင်ရာတွင် ရှေ့ဆောင်များထဲ၌ပါဝင်ခဲ့ပြီး ကန်စွန်ဥသည် ယနေ့အချိန်ထိအဓိကထုတ်ကုန်များ ၌ ပါဝင်နေဆဲပင်ဖြစ်သည်။လွန်ခဲ့သောအနှစ် (၂၀) က အမေရိကန်နှင့် အီဂျစ်နိုင်ငံများမှကွန်တိန်နာအနည်းငယ်နှင့် စမ်းသပ်တင်သွင်းမူ စတင်ခဲ့ပြီး ယနေ့ခေတ်တွင် ကြီးမားသောပမာဏနှင့်အဓိက ထုတ်ကုန်တစ်ခု အဖြစ် ကြီးထွားလာသောလုပ်ငန်းတစ်ခုဖြစ်လာပြီဟုသူကဆိုသည်။ကန်စွန်းဥသည် ကျန်းမာရေးနှင့်ညီညွတ်သော ထုတ်ကုန်အုပ်စုတစ်ခုဖြစ်ပြီးစားသုံးသူများအကြား စားသုံးမှု တိုးပွားနေဆဲဖြစ်သည်။
“နောက်ထပ်လည်း ရောင်းအားတွေ ဒီထက်ပိုပြီး တိုးလာနိုင်တယ်လို့ယုံကြည်ပါတယ်” ဟု Martin က ပြောပါသည်။အမေရိကန်ပြည်ထောင်စုမှ တင်သွင်းသည့် ကန်စွန်းဥလက်ဟောင်းပမာဏကျဆင်းလာသည်ကို လက်ရှိအချိန်မှာ ကျွန်တော်တို့ မြင်တွေ့နေရပါသည်။အချို့သော ပို့ကုန်လုပ်ငန်းရှင်များသည် ဥရောပသမဂ္ဂသို့တင်ပို့မှုပြီးစီးနေပြီဖြစ်သည်။“ကျွန်တော်တို့၏ လက်ရှိထုတ်လုပ်ရောင်းချနေသူများအနေဖြင့်အရည်အသွေးကောင်း ပစ္စည်းများထိမ်းထားသည့်ကာလကို သြဂုတ်လလယ်အထိ ဆက်လက်ရှိနေမည်” ဟု မျှော်လင့်ထား ကြောင်း Martin က ပြောပါသည်။Martinသည် ပြီးခဲ့သောသီတင်းပတ်က အီဂျစ်သို့ စိုက်ပျိုးထုတ်လုပ်သူ Shahid Elmalika နှင့် တွေ့ဆုံရန် သွားရောက်ခဲ့ပြီး ယခုနှစ်တွင်မည်ကဲ့သို့သောထုတ်ကုန်များထုတ်လုပ်တင်ပို့ရမည်ကို သိရှိရန်ပြောခဲ့ပါသည်။“ယခုနှစ်၌ အီဂျစ်တွင် စုစုပေါင်းစိုက်ဧက(၂၅-၃၀) ရာခိုင်နှုန်းတိုးလာမယ်လို့ခန့်မှန်းထားပါသည်။ဇူလိုင်လတတိယပတ်တွင် အီဂျစ်၌ပမာဏအနည်းငယ်စတင်တူးဖော်ရိတ်သိမ်းမည် ဖြစ် သော်လည်းနောက်လာမည့်အပတ်များတွင် ပမာဏပိုမိုရရှိမည်ဖြစ်သည်။စက်တင်ဘာလမှ မတ်လအထိ ပမာဏများများ ပြန်လည်ရရှိနိုင်ပါသည်။၂၀၂၅ မေလအထိ ထုတ်လုပ်ရာသီကို အနည်းငယ်သက်တမ်းပိုရှည်ရန်လည်းမျှော်လင့်ထား ပါသည်။စပိန်နိုင်ငံကတော့ ရေပြဿနာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။အီဂျစ်၏ ဈေးနှုန်းအခြေအနေနှင့် ထုတ်လုပ်မူပမာဏများပြားခြင်းကြောင့် စပိန်မှလာသော ပမာဏများ တဖြည်းဖြည်းနည်းလာကြောင်း တွေ့ရပါသည်။
“ယခုအခြေအနေသည် ယေဘုယျအားဖြင့် စပိန်လူမျိုးများအတွက် ၎င်းတို့၏ထုတ်ကုန် များမှကောင်းမွန်သည့် စျေးနှုန်းကိုရရှိဖို့ အတော်လေးခက်ခဲစေပါတယ်” ဟုMartin က ဆက်လက်ပြောကြားခဲ့သည်။“ဟွန်ဒူးရပ်စ်သည်လည်း အီဂျစ်တို့စျေးကွက်အတွင်း ဝင်ရောက်ခြေချမိသည့်အတွက်လာမည့် သီတင်းပတ်တွင် ၎င်းတို့၏ပမာဏကို လျှော့ချပါလိမ့်မည်”ဟု (၅.၇.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် freshplaza ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့်သိရှိခဲ့ရသည်။
Source https://www.freshplaza.com/asia/article/9641514/egyptian-sweet-potato-season-kicks-off-substantial-acreage-expansion-this-year/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁၀)ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန