ဖိလစ်ပိုင်နိုင်ငံသည် ကြက်သွန်နီတင်သွင်းမှု သက်တမ်းတိုးခြင်းကိုစဉ်းစားလျက်ရှိ
- Wed, 10 July 2024
ထုတ်လုပ်မှု တိုးလာချိန်တွင် ပြည်တွင်းစိုက်ပျိုးသူများ ကြက်သွန်နီ ဈေးနှုန်းကျဆင်းမူမှ ကာကွယ်ရန် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနသည် ဇူလိုင်လ နှောင်းပိုင်းတွင် ကြက်သွန်နီ တင်သွင်းမှုသက်တမ်းတိုးမြှင့်ရေးကို အကဲဖြတ်စောင့်ကြည့်လျက်ရှိပါသည်။ ဤအစီအမံသည် စျေးသက်သာသော ပြည်ပမှတင်သွင်းလာသော ကြက်သွန်နီများကြောင့် ပြည်တွင်း ဈေးနှုန်းကို ထိခိုက်စေခြင်းမှ တားဆီးရန် ကြိုးပမ်းခြင်းဖြစ်ပါသည်။ဇူလိုင်လအစပိုင်းအထိ မက်ထရို မနီလာဈေးကွက်တွင် ကြက်သွန်နီတစ်ကီလိုလျှင် ပီဆို ၈၀ မှ ပီဆို ၁၅၀ အထိ ဈေးနှုန်းအသီးသီး ရှိခဲ့ပါသည်။ နိုင်ငံ၏ ကြက်သွန်နီ ထုတ်လုပ်မူ့သည် ရှစ်လစာအတွက်လုံလောက်နိုင်သည်ဟု ခန့်မှန်းနိုင်သော်လည်း သိုလှောင်မှု အလျော့တွက် ၁၀% မှ ၂၀% ရှိနိုင်သောကြောင့် အမှန်တကယ်ဖူလုံမူကာလကို ခုနှစ်လမှရှစ်လအထိသာ ခန့်မှန်းချိန်ညှိနိုင်မည်ဖြစ်ပါသည်။ နိုင်ငံ၏သိုလှောင်ရုံများတွင် ကြက်သွန်နီ(၁၆၁,၉၇၃ ဒသမ ၇၃) မက်ထရစ်တန်နှင့် အဝါရောင်ကြက်သွန် (၁၁,၅၆၉ ဒသမ ၀၇)မက်ထရစ်တန် သိုလှောင်နိုင်ပါသည်။ ကြက်သွန်နီ စိုက်ပျိုးမှု ဧရိယာ ၄၀ ရာခိုင်နှုန်းတိုးလာကြောင်း ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင် မှ မီးမောင်းထိုးပြပြီးပထမသုံးလပတ်တွင် ကြက်သွန်နီ ထုတ်လုပ်မှု (၃၆ ဒသမ ၈) ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။အဝါရောင် ကြက်သွန်တင်သွင်းမှု အလားအလာမှာ နှစ်လခွဲမှ သုံးလခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသော်လည်း ၎င်းတို့၏ လက်ကျန်ပမာဏ နည်းပါးခြင်းကို ထည့်သွင်းစဉ်းစား လျက်ရှိပါ ကြောင်းကို (၄.၇.၂၀၂၄)ရက်နေ့ထုတ် freshplaza သတင်းအရသိရှိရပါသည်။
Source https://www.freshplaza.com/asia/article/9641257/philippines- considers-extending-onion-import-freeze/
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန