ရန်ကုန်တွင်စားအုန်းဆီ လက်ကားရည်ညွှန်းဈေးနှုန်း ကျဆင်း
- Wed, 10 July 2024
ရန်ကုန်ဈေးကွက်တွင် စားအုန်းဆီ လက်ကားရည်ညွှန်းနှုန်းမှာ ဇွန်လ (၃၀)ရက်နောက်ဆုံး ပတ်တွင် စံချိန်တင်ထားသော ဈေးနှုန်းဖြစ်သည့် တစ်ပိဿာလျှင် (၅၄၀၀)ကျပ် ဖြစ်ခဲ့ရာမှ ယခု အပတ်၏ ဇူလိုင် (၇) ရက်နေ့တွင် စားအုန်းဆီတစ်ပိဿာလျှင်(၅၃၈၅) ကျပ်သို့ အနည်းငယ် ကျဆင်းခဲ့ကြောင်း စားသုံးဆီတင်သွင်းဖြန့်ဖြူးရေးကြီးကြပ်မှုကော်မတီမှ သိရပါသည်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိစားသုံးဆီတင်သွင်း ဖြန့်ဖြူးမှု ကြီးကြပ်ရေးကော်မတီသည် မလေးရှားနှင့်အင်ဒိုနီးရှားနိုင်ငံရှိ FOB စျေးနှုန်းများကို အနီးကပ် စောင့်ကြည့်နေပြီးအပတ်စဉ်စားသုံးဆီလက်ကားဈေးကွက်ရည်ညွှန်းဈေးနှုန်းကို ဆုံးဖြတ် ရာတွင်သယ်ယူပို့ဆောင်ရေးစရိတ်များ၊ အခွန်အခများနှင့် ဘဏ်ဝန်ဆောင်မှုများကို ထည့်သွင်းထားပါသည်။ ရည်ညွှန်းစျေးနှုန်းရှိသော်လည်းစျေးကွက်ပေါက်စျေးသည်မြင့်မားလျက်ရှိပါသည်။
သြဂုတ်လနှောင်းပိုင်းတွင် ဈေးနှုန်းမြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအောက်ရှိ စားသုံးသူရေးရာဦးစီးဌာန call center’s ၏ hotline မှတစ်ဆင့် ဈေးနှုန်းမြင့်တက်သည့် တိုင်ကြားသတင်းပေးမူများရှိခဲ့ပြီး စားအုန်းဆီကိုအတက်ဈေး ဖြင့် မဝယ်ကြရန် စားသုံးသူများအား အသိပေးခဲ့ပါသည်။စျေးကွက်အတွင်း စျေးကွက်ကြိုးကိုင်ချယ်လှယ်ခြင်း စားသုံးဆီနှင့်သိုလှောင်ခြင်းများ ဈေးကစားရန်ကြိုးပမ်းသည့် ပါဝင်ပတ်သက်သူမည်သူမဆိုအရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေဖြင့် တရားဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း ကော်မတီမှ အသိပေးထားပါသည်။
မြန်မာနိုင်ငံ ဆီတင်သွင်းရောင်းချသူများအသင်းနှင့်စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး တင်သွင်းလာသောစားအုန်းဆီများကို စားသုံးသူများအတွက် သက်သာသော နှုန်းထားဖြင့် ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။မြင့်မားသောဈေးနှုန်းဖြင့်ရောင်းချပါက စားသုံးသူရေးရာဦးစီးဌာန၏ hotline 1535သို့ တိုင်ကြားနိုင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဌာနများ၏ Facebook စာမျက်နှာသို့ ပေးပို့တိုင်ကြားနိုင်ပါသည်။
ပြည်တွင်းစားအုန်းဆီ စားသုံးမှုသည် တစ်နှစ်လျှင် တန်ချိန် (၁) သန်းခန့်ရှိပြီးထုတ်လုပ်မှုမှာ တန်ချိန် (၄) သိန်းခန့်သာရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းဆီလိုအပ်ချက်ကိုဖြည့်ဆည်းရန် မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ နှစ်စဉ် စားအုန်းဆီ တန်ချိန် (၇) သိန်းခန့်တင်သွင်းလျက်ရှိ ကြောင်း (၂.၇.၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Lightof Myanmar website ၏ သတင်းအရသိရှိရပါသည်။
Source https://www.gnlm.com.mm/ygn-palm-oil-wholesale-reference-rate-dips/
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန