ပဲခူးတိုင်းဒေသကြီးတွင် ရိုဘက်စတာကော်ဖီ (၁,၀၀၀) ဧက စိုက်ပျိုးရန်လျာထား

  • Wed, 10 July 2024

ပဲခူးတိုင်းဒေသကြီးတွင် ရိုဘက်စတာကော်ဖီ (၁,၀၀၀) ဧက စိုက်ပျိုးရန်လျာထား


ပဲခူးတိုင်းဒေသကြီးတွင် ရိုဘက်စတာကော်ဖီ (၁,၀၀၀) ဧက စိုက်ပျိုးရန်လျာထားကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အရ သိရှိရပါသည်။ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် Light House Co Ltd သည် ဒေသတွင်းကော်ဖီစေ့များကို ဝယ်ယူပြီး တန်ဖိုးမြင့်ကော်ဖီထုတ်ကုန်များကိုထုတ်လုပ်၍ တင်ပို့လျက်ရှိပါသည်။ ထို့ပြင်သစ်ပင်သစ်တောကို အခြေခံသည့်စွန့်ဦးတီထွင်အစုအဖွဲ့ စီးပွားရေး လုပ်ငန်းများသည် ရိုဘက်စတာကော်ဖီမျိုးစိုက်ပျိုးခြင်းဖြင့် ဝင်ငွေများ တိုးပွားလာမည် ဖြစ်ပါသည်။မြန်မာ့ကော်ဖီသည် ကမ္ဘာ့ကော်ဖီဈေးကွက်တွင် နာမည်ကောင်း ရရှိထားပြီးဖြစ်၍စိုက်ဧက များ တိုးချဲ့စိုက်ပျိုးပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ရန်ကြိုးပမ်းဆောင် ရွက်လျက်ရှိပါသည်။ကော်ဖီစိုက်ခင်းများမှတဆင့် နိုင်ငံခြားဝင်ငွေများ တိုးမြှင့်ရရှိနိုင်မည်ဖြစ်ပြီးအရည်အသွေး ကောင်းမွန်ပြီး အပင်ပေါက်နှုန်းကောင်းသော ကော်ဖီမျိုးများ၊မြေဆီမြေဩဇာ ကောင်းမွန်သော မြေများ၊ အစိုဓာတ်၊ နေရောင်ခြည်၊ ကောင်းမွန်သောရာသီဥတု ရရှိသည့်အပြင် ပိုးမွှားရောဂါခံနိုင်ပြီး အသင့်တော်ဆုံး ရင့်မှည့်ချိန်၌ကော်ဖီခူးဆွတ်ခြင်းဖြင့် တစ်ဧကလျှင် ကော်ဖီအထွက်နှုန်း (၂.၈၂) တန်အထိရရှိနိုင်ပါသည်။ကမ္ဘာ့ဈေးကွက်တွင် နာမည်ရရှိနေသော မြေနိမ့်ကော်ဖီဖြစ်သည့်ရိုဘက်စတာမျိုးများသည် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၂,၅၀၀)အောက်တွင် စိုက်ပျိုးရန် သင့်တော်ပြီး မိုးရေချိန် လက်မ (၆၀ နှင့် ၁၀၀ ) အကြားရရှိရန်လိုအပ်ပါသည်။မြန်မာနိုင်ငံတွင် နှစ်စဉ်ကော်ဖီ တန်ချိန် (၇,၀၀၀) ခန့် ထွက်ရှိပြီး ၎င်းတို့အထဲမှတစ်ဝက် ခန့်အား အမေရိကန်၊ ဥရောပ၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်းနှင့်တရုတ်နိုင်ငံများသို့ တင်ပို့လျက် ရှိကြောင်း (၁-၇-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm. com.mm ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source     https://www.gnlm.com.mm/bago-region-to-grow-1000-acres-of-robusta-coffee/

တင်ပြသူ     ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ     ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်

စစ်ဆေးသူ     ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ