တရုတ်နိုင်ငံမှဝယ်လိုအားကြောင့် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၈,၀၀၀)အထိဈေးရရှိလာခြင်း

  • Wed, 26 January 2022

တရုတ်နိုင်ငံမှဝယ်လိုအားကြောင့် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ကျပ် (၈,၀၀၀)အထိဈေးရရှိလာခြင်း



တရုတ်နိုင်ငံဘက်မှ ဝယ်လိုအားကောင်းလာမှုကြောင့် ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၂၀.၁.၂၀၂၂) ရက်နေ့အထိ ငွေကျပ် (၈,၀၀၀) အထိ ရရှိလာကြောင်း၊ ၎င်းပေါက်ဈေးသည် ရန်ကုန်မှ လက်ရှိ ပေါက်ဈေးဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံမှ ငရုတ်သီးများကို ဝယ်ယူရန် အမှာစာ တင်သွင်းထားကြောင်း မြန်မာနိုင်ငံငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဌ ဒေါ်ဥမ္မာကျော်၏ ပြောကြားချက်အရ သိရှိရပါသည်။


လက်ရှိတွင် ငရုတ်သီးအစိုများကို မကွေး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ရိတ်သိမ်းနေပြီး ဈေးနှုန်းသည် တစ်ပိဿာလျှင် ကျပ်(၂,၀၀၀)အထိ ကျဆင်းလျက်ရှိပါသည်။ ငရုတ်သီးအစိုများကို အခြောက်ခံပြီးသိုလှောင်ထားလျှင် စိုက်ပျိုးသူများအနေဖြင့် အမြတ် အစွန်းများစွာရနိုင်ပါကြောင်း ဒေါ်ဥမ္မာကျော်မှ သူမ၏ အမြင်ကိုမျှဝေခဲ့ပါသည်။


ယခင်နှစ်တွင် ငရုတ်သီးအစို တစ်ပိဿာလျှင်ကျပ် (၄,၀၀၀) အထိ ရှိခဲ့ကြောင်း အသင်းမှ ဖော်ပြခဲ့ပါသည်။ ယခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အထွက်နှုန်းကျဆင်းခဲ့ပါသည်။ ထို့အပြင် အထွက်နှုန်းလျော့ကျခြင်းနှင့်အတူ စိုက်ဧက အရေအတွက်သည်လည်း သိသိသာသာ လျော့ကျခဲ့ပါသည်။ မြန်မာ့ငရုတ်သီးများကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ရှိ မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းကို ဇူလိုင်လ (၈)ရက်မှ စတင်၍ ပိတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ ငရုတ်သီးစိမ်းတင်ပို့မှု ရပ်တန့်သွားခဲ့ပါသည်။


အလားတူပင် တရုတ်နိုင်ငံသို့ တင်ပို့ရန်အဆိုပြုထားသည့် ကျောက်ဆည်ဒေသမှ ထွက်ရှိသော ငရုတ်သီးများကို မြဝတီနယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံဘက်သို့ တင်ပို့ခဲ့ပါသည်။ ငရုတ်သီးများကို ဧရာဝတီ၊  မန္တလေး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့တွင် အများအားဖြင့် စိုက်ပျိုးကြပါသည်။ ပြည်ပသို့တင်ပို့ရန် စိုက်ပျိုးကြသည့် ငရုတ်သီးမျိုး များမှာ 692,777, 999, Karta Demon, Sunshine, Tharmoနှင့် Lucky One မျိုးတို့ဖြစ် ကြောင်း (၂၀.၁.၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သောThe Global  News Light Of Myanmar ၏ သတင်းဆောင်းပါးအရသိရှိရပါသည်။


Source : https://www.gnlm.com.mm/dried-chilli-pepper-valued-at-k8000-per-viss-on-china-demand










ဆက်စပ် သတင်းများ