ဖလော်ရီဒါပြည်နယ်မှ မာလကာသီးများစွာထွက်ရှိပြီး ရောင်းလိုအားများပြားနေ
- Thu, 4 July 2024
ဖလော်ရီဒါပြည်နယ်မှ မြောက်မြားစွာသော မာလကာသီးများ ဈေးကွက်အတွင်း ဝင်ရောက် လာနေပါသည်။ ပြည်နယ်အနေဖြင့် အပူပိုင်းဒေသမာလကာသီးအမျိုးအစား လေးမျိုးကို စိုက်ပျိုး ထားပြီး ထိုအထဲတွင် လူကြိုက်အများဆုံးဖြစ်သည့် ထိုင်းမာလကာအပါအဝင် တရုတ်မာလကာ၊ ထိုင်ဝမ်မာလကာအနီ နှင့်ပန်းရောင်မာလကာတို့ ပါဝင်ပါသည်။ “ယခုအချိန်သည် မာလကာသီးပေါ်သည့် ရာသီဖြစ်ပြီး တစ်ပတ်ထက်တစ်ပတ်ပမာဏ များပြားလာသည်။” ဟု နိုင်ငံခြားမျိုးများစိုက်ပျိုးသူ Dennis Sever ကပြောသည်။ မာလကာသီးအချို့ကို ဖလော်ရီဒါအလယ်ပိုင်းတွင် စိုက်ပျိုးသော်လည်း အများစုမှာ ဖလော်ရီဒါပြည်နယ် Homestead ဒေသမှဖြစ်သည်။ ဖလော်ရီဒါပြည်နယ်တွင် လွန်ခဲ့သော (၃) ပတ်ခန့်ကဆိုးရွားသော မုန်တိုင်းတစ်ခုတိုက်ခတ် ပြီးနောက် ရက်အတော်ကြာအောင် မိုးရွာခြင်းနှင့် လေပြင်းများတိုက်ခတ်ခြင်းတို့ကြောင့် မာလကာ သီးရောင်းလိုအားတိုးလာခြင်းဖြစ်သည်။
ထို့ကြောင့် ရောင်းချနိုင်မည့် ကုန်ပစ္စည်းပြတ်လပ်နိုင်သောကြောင့် စျေးနှုန်းမြင့်တက်သွား နိုင်ပြီး ထုတ်လုပ်မှုကို ခဏတာအားဖြင့် သက်ရောက်မှုရှိနိုင်ပါသည်။ “ယခုအချိန်တွင် အရာအားလုံးမှာ စိမ်းလန်းစိုပြေပြီး သာယာနေပါတယ်” ဟု Sever က ပြောပါသည်။ယခုအခါ ဖလော်ရီဒါတွင် သရက်သီး၊ သကြားသီး၊ ပင်မှည့်သီးနှင့် အခြားသီးနှံများ အပါအဝင် ဖလော်ရီဒါပြည်နယ်တွင် ထွက်ရှိသည့် ထူးခြားဆန်းပြားသောပစ္စည်း အများအပြားတွင် မိုး၏အကျိုးသက်ရောက်မှုကို သတိပြုမြင်တွေ့နေရပါသည်။တိုးမြင့်လာသော ရောင်းလိုအားကြောင့် မာလကာစိုက်ပျိုးသူများသည် ရောင်းချမည့် မာလကာသီးများကိုသာ အဓိကခူးဆွတ်ကြပြီး အချို့သော အသီးများသည် သစ်ပင်ပေါ်တွင်သာ မခူးဆွတ်နိုင်ဘဲ ကျန်ရှိနေပါသည်။
မာလကာသီးကို တစ်နှစ်ပတ်လုံးနီးပါးရရှိနိုင်သည့် အသီးအနှံဖြစ်ပြီး မာလကာသီးကို ဆောင်းရာသီ သီးနှံအဖြစ် ရှုမြင်ကြပြီး ဆောင်းရာသီတွင် ရောင်းရသည့် ပျမ်းမျှရောင်းအားသည် နွေရာသီရောင်းအားထက် မြင့်မားကြောင်းတွေ့ရှိရပါသည်။အဆိုပါ ၀ယ်လိုအားသည် မာလကာသီးများ ဈေးကွက်အတွင်း ထပ်မံဝင်ရောက်လာမည့် စက်တင်ဘာလအထိ တည်ငြိမ်နေမည်ဟု မျှော်လင့်ရသည်။ လွန်ခဲ့သည့် နှစ်ပတ်ခန့်က မာလကာသီးစျေးနှုန်းသည် (၂၀) ပေါင်တစ်ပုံးလျှင် အမေရိကန် ဒေါ်လာ (၆၀ မှ ၇၀) ထိမြင့်တက်သွားပြီး ယခုအခါ (၂၀) ပေါင်တစ်ပုံးလျှင် အမေရိကန်ဒေါ်လာ (၃၅) အထိဖြစ်သွားပါသည်။“ကုန်ပစ္စည်းဝယ်လိုအားများ တိုးမြင့်လာမည်ဖြစ်ပြီး ဈေးနှုန်းမှာ ဆက်လက် ကျဆင်း နေဦးမှာဖြစ်တယ်” လို့ Sever ကပြောသည်ကို (၂၆.၆.၂၀၂၄) ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com ကွန်ယက်၏ သတင်းဆောင်းပါးမှတစ်ဆင့်သိရှိခဲ့ရသည်။
Source https://www.freshplaza.com/asia/article/9638898/plentiful- guava-supply-coming-on-from-florida/
တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၃)ရက်
တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန
စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန