ရော်ဘာစတော့ရှယ်ယာများ VN အညွှန်းကိန်း ၁,၂၆၀ မှတ်သို့ ပြန်လည်ရောက်ရှိ
- Thu, 4 July 2024
ရော်ဘာလုပ်ငန်း၏ရှယ်ယာများ မြင့်တက်မှုကြောင့် ဗီယက်နမ် ဈေးကွက်များသည် ဗုဒ္ဓဟူး နေ့တွင် အမြတ်ငွေများ တိုးမြင့်လာခဲ့ပါသည်။ Hồ Chí Minh စတော့အိတ်ချိန်း (HoSE) တွင် VN-Index သည် ၄.၆၈ မှတ် သို့မဟုတ် ၀.၃၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး ၁,၂၆၁.၂၄ မှတ်ဖြင့် အရောင်းအ၀ယ် ပိတ်ခဲ့ပါသည်။နေ့စဉ်နေ့တိုင်း VN-Index သည် ရည်ညွှန်းအဆင့်ထက် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မနက်ပိုင်းအဆုံးနှင့် နေ့လည်ပိုင်းအစတွင် ပြင်းထန်သော အရောင်းအဝယ် ဖိအားရှိသော်လည်း VN-Index သည် ပိုမိုမြင့်မားစွာ အဆုံးသတ်နေဆဲဖြစ်ပြီး ဒုတိယမြောက်နေ့ထိ ဆက်တိုက်အမြတ် ရရှိစေခဲ့ပါသည်။ စျေးကွက်ကျယ်ပြန့်မှုသည်အပေါင်းလက္ခဏာဆောင်ခဲ့ပြီး အမြတ်ရရှိသူများသည် ၁၆၁ မှ ၁၅၈ အထိအရှုံးပေါ်နေသော အရေအတွက်ထက် ပိုများနေပါသည်။တောင်ပိုင်းဈေးကွက်တွင် Liquidity သည် အစုရှယ်ယာ (၈၇၈ )သန်းအရောင်းအဝယ်ဖြစ်ခဲ့ပြီး (အမေရိကန်ဒေါ်လာ ၈၁၅.၇ သန်း) ဗီယက်နမ်ဒေါင် (၂၀.၈) ထရီလီယံ သို့ (၃.၄) ရာခိုင်နှုန်းကျဆင်းသွားပါသည်။ အကြီးဆုံးစတော့ ၃၀ ကိုခြေရာခံသည့် VN30-Index သည် (၂.၅) မှတ် သို့မဟုတ်(၀.၁၉) ရာခိုင်နှုန်းအထိ (၁,၂၉၁.၃ ) မှတ် တက်သွားပါသည်။ ငွေကြေးဆိုင်ရာ သတင်းဝက်ဘ်ဆိုက် vietstock.vn မှ ပြုစုထားသော အချက်အလက်များ အရငွေသားများသည် ရော်ဘာစတော့များဆီသို့ ရွေ့လျားနေကြောင်း ပြသခဲ့ပါသည်။ရော်ဘာကဏ္ဍသည် သိသာထင်ရှားသော အမြတ်အစွန်းများကို ရရှိခံစားခဲ့ရပြီး ကုမ္ပဏီ အများအပြားသည် ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှုနှင့် ခိုင်မာသောကုန်သွယ်မှု လုပ်ငန်းများကို သက်သေပြခဲ့ကြသည်။အကျိုးအမြတ် အများဆုံးရရှိသူမှာ ဗီယက်နမ်ရော်ဘာအုပ်စု Joint Stock Company (GVR) ဖြစ်သည်။ ရော်ဘာထုတ်လုပ်သူ၏ရှယ်ယာများသည် ဗုဒ္ဓဟူးနေ့တွင် အမြင့်ဆုံးဖြစ်သွားပြီး (၆.၉၉) ရာခိုင်နှုန်းတက်လာကာ VN-Index အမြတ်အတွက် (၂.၅ )မှတ်နီးပါး ပံ့ပိုးပေးခဲ့သည်။
ထို့နောက်တွင် Đồng Phú Rubber Joint Stock Company (DPR) က (၃.၈၃)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး Tây Ninh Rubber Joint Stock Company (TRC) က (၂.၈၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ ကောင်းစွာလုပ်ဆောင်နိုင်သော အခြားစတော့ရှယ်ယာကြီးများတွင် Becamex (BCM) သည် (၄.၇၆) ရာခိုင်နှုန်း၊ FPT Corporation (FPT) မှ (၁.၃၈) ရာခိုင်နှုန်းနှင့်Vietnam National Petroleum Group (PLX) တို့က( ၃.၄၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။ အစုလိုက်အပြုံလိုက်များကို ကန့်သတ်ထားသော်လည်း အချို့သောစတော့ရှယ်ယာကြီးများ သည် ခက်ခဲသောရောင်းအားများနှင့် ရင်ဆိုင်နေကြရဆဲဖြစ်သည်။ Vinhomes JSC (VHM) မှ(၀.၇၉) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး Sabeco (SAB) သည် (၀.၉၉) ရာခိုင်နှုန်း ကျဆင်းခဲ့ကာ Vincom Retail Joint Stock Company (VRE) မှ (၂.၃၅) ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါသည်။ ဗုဒ္ဓဟူးနေ့တွင် ဘဏ်စတော့ရှယ်ယာများ စွမ်းဆောင်ရည် ညံ့ဖျင်းခဲ့မှုကြောင့် ဗီယက်နမ် နိုင်ငံခြားကုန်သွယ်မှုဘဏ် (VCB) သည်(၀.၃၅) ရာခိုင်နှုန်း၊ စက်မှုနှင့် ကုန်သွယ်မှုအတွက် ဗီယက်နမ်ပူးတွဲစီးပွားရေးဘဏ် (CTG) သည် (၀.၉၅) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ Hà Nội စတော့အိတ်ချိန်း (HNX) အညွှန်းကိန်းသည် ဗုဒ္ဓဟူးနေ့မွန်းလွဲပိုင်းတွင် ကျဆင်းခဲ့ပြီး (၀.၂၁) ရာခိုင်နှုန်း (၂၃၉.၆၈) မှတ်သို့ ကျဆင်းသွားပါသည်။
အစုရှယ်ယာများအတွင်း VNĐ ၁.၁ ထရီလီယံကျော်တန်ဖိုးရှိ အစုရှယ်ယာများ ရောင်းဝယ် ဖောက်ကားခဲ့ပြီး မြောက်ပိုင်းဘဏ်တွင် ရှယ်ယာ (၅၂) သန်းကျော်ကုန်သွယ်မှုပမာဏနှင့် ညီမျှပါ သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ အသားတင်ရောင်းချမှုအား တိုးမြှင့်ခဲ့ပြီး HoSE တွင် အသားတင် VNĐ (၆၀၁) ဘီလီယံကျော် ရောင်းချခဲ့ကြောင်း (၂၆.၆.၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Vietnam News website ၏ သတင်းအရသိရှိရပါသည်။
Source https://vietnamnews.vn/economy/1658228/rubber-stocks-propel-vn-index-back-to-1-260-points.html
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန