စိုက်ပျိုးရေး ထွက်ကုန်တင်ပို့မှုမြှင့်တင်ရန်အတွက် PHL လုပ်ငန်းစု သစ်သီးဝလံယှဉ်ပြိုင်မှုများသည် အဓိကသော့ချက်ဖြစ်လာနိုင်
- Wed, 26 June 2024
စိုက်ပျိုးရေးထွက်ကုန်တင်ပို့မှု မြှင့်တင်ရန် သစ်သီးဝလံကဲ့သို့သောယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အကျိုးအမြတ် ရရှိနိုင်သည့်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်အာရုံစိုက်သင့်သည်ဟု လေ့လာသုံးသပ်သူ များ၏ ပြောကြားချက်အရ သိရှိရပါသည်။
အချို့သောထုတ်ကုန်များ အထူးသဖြင့် သစ်သီးဝလံများတွင်ပြိုင်ဆိုင်မှုများစွာရှိကြောင်းကို အထောက်အထားများစွာရှိကြောင်း Ateneo de Manilaတက္ကသိုလ်မှ စီးပွားရေး ပါမောက္ခ ဖြစ်သူ Leonardo A. Lanzona ၏ Messenger chat တွင်ပြောကြားချက်အရ သိရှိရပါသည်။
တောင်သူများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်လာသည်နှင့်အညီ အစိုးရ၏အခန်းကဏ္ဍအနေ ဖြင့်လည်း ပို့ကုန်များ ဈေးကွက်သို့ ဖြန့်ချီရေး ဝန်ဆောင်မှုကိုတွင်တွင်ကျယ်ကျယ် ဆောင်ရွက် ပေးရမည် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ဖိလစ်ပိုင် စာရင်းအင်း အာဏာပိုင်အဖွဲ့၏ အဆိုအရ ပထမသုံးလပတ်အတွင်းစိုက်ပျိုးရေး ထွက်ကုန် တင်ပို့မှုသည် (၁၀.၇%)အထိမြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့်အမေရိကန်ဒေါ်လာ (၁.၇၂) ဘီလီယံအထိ မြင့်တက်လာခဲ့ပါသည်။
အဆိုပါကာလအတွင်း ထိပ်တန်း လယ်ယာတင်ပို့ကုန်များမှာ စားသုံးနိုင်သောသစ်သီး ဝလံများနှင့် အခွံမာသီးများအပြင် ရှောက်သံပုရာခွံများနှင့် ဖရဲသီးတို့ ဖြစ်ပြီးစုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၁၇.၉၆)သန်း သို့မဟုတ် စုစုပေါင်းတင်ပို့မှု၏(၃၀.၁%) ဖြစ်ပါသည်။Rizal ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်းကော်ပိုရေးရှင်းမှ ဦးဆောင်ဘောဂဗေဒ ပညာရှင် ဖြစ်သူ Michael L. Ricafort က တိုးတက်ကောင်းမွန်လျက်ရှိသောပြည်ပနှင့် ပေါင်းကူး ဆက်ဆံရေးသည် ပို့ကုန်တိုးတက်လာစေရန်အထောက်အကူဖြစ်စေနိုင်ကြောင်း ပြောကြား ခဲ့ပါသည်။ဒေသတွင်း ဘက်စုံစီးပွားရေးမိတ်ဖက်များ နှင့် တောင်ကိုးရီးယား-ဖိလစ်ပိုင် FTA တို့သည် ထိပ်တန်းနိုင်ငံများနှင့် ပိုမိုလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ(FTAs)ကို ဆောင်ရွက် ခြင်းဖြင့် ပို့ကုန်ကဏ္ဍကို အရှိန်အဟုန်မြင့်စေပြီး ပို့ကုန်ဈေးကွက်များပိုမိုကျယ်ပြန့်လာ စေမည် ဖြစ်ကြောင်း Mr. Ricafort နှင့် Viberမှဆက်သွယ်ပြောကြားချက်အရ သိရှိရပါသည်။RCEP တွင် အရှေ့တောင်အာရှနိုင်ငံများအသင်း၊ တရုတ်၊ ဂျပန်၊တောင်ကိုရီးယား၊ နယူးဇီလန်နှင့် သြစတြေးလျတို့ ပါဝင်ပြီး အဆိုပါအဖွဲ့အစည်းသည် ယခင်နှစ် ဇွန်လမှစတင်၍ လှုပ်ရှား သက်ဝင်ခဲ့ကြောင်း သိရှိရပါသည်။
၎င်းသည် ပမာဏအနည်းအများအလိုက် ကန့်သတ်ချက်များကို သုညအထိလျှော့ချခွင့် ပြုထားပြီး သွင်းကုန်ခွန်များကို လျှော့ချရန် ကြိုးပမ်းလျက်ရှိကြောင်း၊ဖိလစ်ပိုင်သည် သွင်းကုန်များ အပေါ် မှီခိုနေရခြင်းကြောင့် လယ်ယာကုန်သွယ်မှုတွင်လိုငွေပြနေဆဲ ဖြစ်ကြောင်း၊ ပို့ကုန်များတိုးလာပြီး သွင်းကုန်(၀.၃%) လျော့ကျသွားသဖြင့် ဘဏ္ဍာနှစ်၏ ပထမပတ်ကာလအတွင်း ကုန်သွယ်မှု လိုငွေကွာဟချက်သည် (၆.၅%)အထိကျဉ်းမြောင်းသွားကြောင်း၊ နိုင်ငံ၏ စီးပွားရေးသည် တင်သွင်း သည့်စားသောက်ကုန်များအပေါ် မှီခိုနေရဆဲဖြစ်သဖြင့် ၎င်းတို့အနေဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက်သင့်သည်ဟု အကြုံပြုလိုကြောင်းကို မစ္စတာ Lanzona က ပြောကြားခဲ့ပါသည်။အထူးသဖြင့် ငှက်ပျောသီး၊ သရက်သီးနှင့် နာနတ်သီးများကဲ့သို့သောအပူပိုင်းဒေသထွက် သစ်သီး ဝလံများဖြစ်သည့် စိုက်ပျိုးရေးပို့ကုန်များတိုးချဲ့ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှပြောကြားခဲ့ကြောင်းကို (၁၇. ၆. ၂၀၂၄)ရက်နေ့တွင် ထုတ်ပြန်သည့် Business Worldသတင်းအရ သိရှိရပါသည်။
Source https://www.bworldonline.com/economy/2024/06/17/602352/phl-fruit-competitiveness-may-be-key-to-expanding-agri-exports/
တင်ပြသူ ဒေါ်နှင်းရီဝင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန