အိန္ဒိယနိုင်ငံသည် မော်လ်ဒိုဗာမှ ပန်းသီးများကို တင်သွင်းလျက်ရှိ

  • Wed, 26 June 2024

အိန္ဒိယနိုင်ငံသည် မော်လ်ဒိုဗာမှ ပန်းသီးများကို တင်သွင်းလျက်ရှိ


(၂၀၂၄)ခုနှစ်တွင် မော်လ်ဒိုဗာသည် ကမ္ဘာပေါ်တွင် ဆွဲဆောင်မှုအရှိဆုံးပန်းသီးဈေးကွက် များထဲမှ တစ်ခုဖြစ်သော အိန္ဒိယနိုင်ငံသို့ ပန်းသီးတင်ပို့မှုကိုစတင်ခဲ့ပါသည်။ မော်လ်ဒိုဗာသည် (၂၀၂၃) ခုနှစ်တွင် ပန်းသီးအထွက်နှုန်းနည်းပါးသော်လည်း ရုရှားသည် အဆိုပါနိုင်ငံမှ သစ်သီး ဝလံများနှင့်အခြားစားသောက်ကုန်များ တင်သွင်းမှုကို ပိတ်ပင်ထားသောကြောင့် ၎င်း၏ လက်ကျန်ပန်းသီးများကို ရောင်းချရန် ရုန်းကန်ခဲ့ရပါသည်။စိတ်ဝင်စားစရာအနေဖြင့် မော်လ်ဒိုဗာသည် (၂၀၂၄) ခုနှစ်၏ လစဉ်တိုင်းတွင်အိန္ဒိယ နိုင်ငံသို့ ပန်းသီးများကို တင်ပို့ခဲ့ပါသည်။ (၂၀၂၄)ခုနှစ် ပထမလေးလတာအတွင်းစုစုပေါင်း တင်ပို့မှုမှာ (၂၁၆)တန်အထိ ရောက်ရှိခဲ့ကြောင်း  east-fruit.com ကဖော်ပြထားပါသည်။ ၎င်းသည် ပမာဏနည်းပါးပြီး ပိုမို ရှုပ်ထွေးသောထောက်ပံ့ပို့ဆောင်မှုနှင့် အရည်အသွေးမြင့်မားသော လိုအပ် ချက်များရှိနေသော်လည်းအိန္ဒိယနိုင်ငံမှ တင်သွင်းသူများပေးသော ပန်းသီးစျေးနှုန်းများသည်ရုရှားဝယ်လက်များထက် ပိုမိုများပြားကြောင်းသိရှိရပါသည်။ထို့အပြင် အိန္ဒိယသည် အလွန်များပြားသောလူဦးရေနှင့် စီးပွားရေး လျင်မြန်စွာတိုးတက်မှု ရှိခြင်းကြောင့် ၎င်းသည် ကြိုတင်အကြောင်းပြချက်မရှိဘဲဈေးကွက်အခွင့်အလမ်းများကို ကန့်သတ် လေ့ရှိသော ရုရှားထက် ပိုမိုယုံကြည်စိတ်ချရသော ဝယ်ယူသူဖြစ်ပါသည်။ အခြားတစ်ဖက်တွင် အိန္ဒိယနိုင်ငံသည်ကမ္ဘာလုံးဆိုင်ရာ ပန်းသီးလတ်လတ်ဆတ်ဆတ် တင်သွင်းမှု အများဆုံးနိုင်ငံ ဖြစ်ပါသည်။

ယနေ့အချိန်အထိ ယူကရိန်းသည် လတ်ဆတ်သော ပန်းသီးများကိုတင်ပို့ရောင်းချရန် အိန္ဒိယထံမှ ခွင့်ပြုချက်မရရှိသေးကြောင်းကို သတိပြုသင့်ပါသည်။ထို့ကြောင့် ယူကရိန်း ပန်းသီး များကို ယခုအခါ တူရကီနှင့် ယူအေအီးတို့မှတစ်ဆင့် အိန္ဒိယသို့တင်ပို့လျက်ရှိပါသည်။ ယူကရိန်း ပန်းသီးများ၏ အားသာချက်များမှာအရည်အသွေးမြင့်မားပြီး အရောင်အသွေးမှာ ကောင်းမွန် ပါသည်။ အဆိုပါ ထူးခြားသောလက္ခဏာများသည် အိန္ဒိယဈေးကွက်တွင်အောင်မြင်ရန် အရေးကြီး ပါသည်။အိန္ဒိယသို့ ပန်းသီးတင်ပို့မှု ပမာဏအများဆုံးကို အီရန်နှင့် တူကီယေးနိုင်ငံများမှဦးဆောင် နေပြီး တင်ပို့မှုအားလုံး၏ ထက်ဝက်ကျော်ကျော်ကို အီရန်နှင့် တူကီယေးနိုင်ငံတို့ကိုတင်ပို့လျက် ရှိပါသည်။ ပျမ်းမျှအားဖြင့် အဆိုပါနိုင်ငံများသည် အိန္ဒိယနိုင်ငံသို့တစ်လလျှင် ပန်းသီးတန်ချိန်(၁၀၀၀၀-၁၅ဝဝဝ)အကြား တင်ပို့လျက်ရှိပြီး အမြင့်ဆုံးလများတွင် တန်ချိန်(၃၀ဝဝဝ)အထိ တင်ပို့လျက် ရှိပါသည်။ ထို့ကြောင့် မော်လ်ဒိုဗာနိုင်ငံအတွက်အိန္ဒိယဈေးကွက်တွင် အလားအလာ ကောင်းများ ရှိနေသည်မှာ သံသယဖြစ်ဖွယ်မရှိသော်လည်း ပန်းသီးများ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်ကြောင်း(၁၈.၆.၂၀၂၄) ရက်နေ့တွင် ထုတ်ဝေခဲ့သော  Fresh Plaza ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။


Source https://www.freshplaza.com/latin-america/ article/ 9636602/india-imports-apples-from-moldova/


တင်ပြသူ     ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ     ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်

စစ်ဆေးသူ     ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ     ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ