မြန်မာနိုင်ငံသည် နှစ်လတာကာလအတွင်း အမေရိကန်ဒေါ်လာ (၂၁၃) သန်းတန်းဖိုးရှိသော မတ်ပဲ တန်ချိန် (၂၁၈,၀၀၀)ကျော် တင်ပို့ခဲ့
- Wed, 26 June 2024
ဧပြီလ (၁)ရက်နေ့မှစတင်၍ လက်ရှိ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ်၏(၂)လတာကာလ အတွင်း မြန်မာ့ မတ်ပဲ တင်ပို့မှုသည် တန်ချိန် (၂၁၈,၀၀၀)အထက်ရောက်ရှိခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂၁၃)သန်းအထက် ရရှိခဲ့ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ စာရင်းအင်းများအရ သိရှိရပါသည်။မြန်မာနိုင်ငံသည် အမေရိကန်ဒေါ်လာ (၂၁၃.၂၅)သန်း တန်ဖိုးရှိသော မတ်ပဲတန်ချိန် (၂၁၈,၈၃၃)ကျော်အား ပင်လယ်ရေကြောင်းကုန်သွယ်မှုမှတဆင့် တင်ပို့ခဲ့ပါသည်။
တစ်ဖက်တွင်လည်း လက်ရှိ ဘဏ္ဍာရေးနှစ် ဧပြီလ (၁)ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အတွင်းအိမ်နီးချင်းနိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၀.၀၆၂)သန်းတန်ဖိုးရှိသော ပဲမျိုးစုံ တန်ချိန်(၆၆)တန်ကျော်အား တင်ပို့ခဲ့ ပါသည်။မြန်မာနိုင်ငံသည် ပြည်ပဈေးကွက်များသို့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံတို့ကို အဓိကတင်ပို့လျက်ရှိပါသည်။ ၎င်းတို့အထဲမှ မတ်ပဲနှင့် ပဲစဉ်းငုံအား အိန္ဒိယသို့ အဓိကတင်ပို့ပြီးပဲတီစိမ်းအား တရုတ်နှင့် ဥရောပသို့ တင်ပို့ခဲ့ပါသည်။
အိန္ဒိယနိုင်ငံ၏ မတ်ပဲနှင့် ပဲစင်းငုံ စားသုံးမှုလိုအပ်ချက်နှင့် ဝယ်လိုအားသည်မြင့်တက် လျက်ရှိပါသည်။ (၂၀၂၁)ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့သော မြန်မာနှင့် အိန္ဒိယနိုင်ငံအကြားရှိ နားလည်မှုစာချွန်လွှာအရ(၂၀၂၁-၂၀၂၂)ဘဏ္ဍာရေးနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အထိ(၅)နှစ်ဆက်တိုက်အတွင်း မတ်ပဲတန်ချိန် (၂၅၀,၀၀၀)ခန့်နှင့် ပဲစင်းငုံ တန်ချိန်(၁၀၀,၀၀၀)ခန့် တင်သွင်းမည်ဖြစ်ပါသည်။ အဆိုပါ G-to-G စာချုပ်သည် အိန္ဒိယမှသတ်မှတ် ထားသော ပဲမျိုးစုံ အကန့်အသတ်ဖြင့် ခွင့်ပြုသည့် ပမာဏအပေါ်သက်ရောက်မည်မဟုတ်ပေ။ မြန်မာတင်ပို့သူများသည် အိန္ဒိယသို့ အဆိုပါ နှစ်စဉ်ခွင့်ပြုသည့်ပမာဏအရ ပဲမျိုးစုံများကို တင် ပို့ရမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် တစ်နှစ်လျှင် ခန့်မှန်းပမာဏ မတ်ပဲတန်ချိန် (၄၀၀,၀၀၀) ခန့်နှင့်ပဲစင်းငုံ တန်ချိန် (၅၀,၀၀၀) ခန့် ထွက်ရှိပါသည်။အိန္ဒိယနိုင်ငံမှ အဓိက ဝယ်ယူသော မတ်ပဲများကို မြန်မာနိုင်ငံ တစ်နိုင်ငံတွင်သာတွေ့ရှိ ရပြီး ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ကုလားပဲများကို အာဖရိကနှင့် ဩစတေးလျနိုင်ငံများတွင်စိုက်ပျိုးကြသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းအရသိရှိ ရကြောင်း (၂၃-၆-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သောhttps://www.gnlm.com.mm၏ သတင်း အချက်အလက်များအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/myanmar-exports-218000-tonnes-of-black-gram-worth-us213m-in-2-months/
တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန