(၅၆)ကြိမ်မြောက် အမျိုးသားသရက်သီးပြပွဲသည် ပါကစ္စတန်နိုင်ငံ Mirpurkhas ဒေသ၏ စိုက်ပျိုးရေးပို့ကုန်များကို မြှင့်တင်
- Wed, 5 June 2024
သုံးရက်ကြာကျင်းပသည့် ၅၆ ကြိမ်မြောက် အမျိုးသား သရက်သီး ပြပွဲသည် Mirpurkhas ဒေ ၏ စိုက်ပျိုးရေးဒေသကို မြှင့်တင်ရန်နှင့် ၎င်း၏ သရက်သီး တင်ပို့မှုကို နိုင်ငံတကာ အဆင့်သို့ မြှင့်တင်ရန် ရည်ရွယ်ခဲ့ပါသည်။
သတင်းစာရှင်းလင်းပွဲတွင် Mirpurkhas တိုင်းဒေသကြီး ကော်မရှင်နာ Faisal Ahmad Uqeli၊ သည် ပွဲတော်စီမံခန့်ခွဲမှုကော်မတီနှင့်အတူ၊ စျေးကွက်ရရှိရေးနှင့် တောင်သူလယ်သမား များအား ၎င်းတို့၏ သရက်သီးများ ကမ္ဘာအနှံ့ တင်ပို့နိုင်ရန်အတွက် ပြပွဲ၏ ရည်မှန်းချက်ပန်းတိုင် များကို ဗုဒ္ဓဟူးနေ့တွင် အလေးပေးဖော်ပြခဲ့သည်။
သရက်သီးနှင့် ပတ်သက်သည့် အစီအစဉ်များမှတဆင့် စီးပွားရေး အားကောင်းလာ စေရေးသည် အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ တိုင်းဒေသကြီး ကော်မရှင်နာသည် ပွဲတော်အတွက် စီစဉ်ထားသည့် အမျိုးမျိုးသော နည်းပညာဆိုင်ရာ စိုက်ပျိုးရေး ဆွေးနွေးပွဲအပါအဝင် ၊ Sindh စိုက်ပျိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ၊ ရိုးရာ Sindhi game Malakhara နှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ကြီးမှူးကျင်းပသော ယဉ်ကျေးမှုဂီတပွဲတော်အတွက် စီစဉ် ထားသည့် ပွဲများကို မီးမောင်းထိုးပြခဲ့သည်။
စိုက်ပျိုးရေးသုတေသန ညွှန်ကြားရေးမှူးချုပ် Noor Muhammad Baloch သည် Mirpurkhas တွင် သရက်သီး စိုက်ပျိုးမှုယူနစ်တစ်ခုကို တည်ထောင်ကြောင်း ကြေညာပြီး ပြည်နယ် စိုက်ပျိုးရေး မှတ်ပုံတင်ဌာနမှ Langra, Desiri, Saroli, Sindhari နှင့် Chonsa သရက်သီး ငါးမျိုးစာရင်းကို Provincial Agricultural Registration Institute မှမှတ်ပုံတင်ခဲ့ပါသည်။ ရာသီဥတု ပြောင်းလဲမှုနှင့် ရေရှားပါးမှုကြောင့် သရက်သီးထွက်ရှိမှု ၁၇ ရာခိုင်နှုန်းမှ ၁၈ ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။
အဖွဲ့ဝင်များဖြစ်သော Tanveer Gondal၊ Mansoor Cheema၊ Chaudhry Ehsanul Haque Arain၊ သရက်သီး ပွဲတော် ပူးတွဲညှိနှိုင်းရေးမှူး ဥက္ကဌ Ghoram Baloch၊ ဥယျာဉ်ခြံသီးနှံ ညွှန်ကြား ရေးမှုး Wali Muhammad Baloch၊ စိုက်ပျိုးရေး တိုးချဲ့ပညာပေးရေး ဒုညွှန်ကြားရေးမှုး Ghulam Mujtabi Lakh အပါအဝင် သရက်သီးပွဲတော် စီမံခန့်ခွဲမှုကော်မတီ၏ မြောက်မြားစွာသော
အဖွဲ့ဝင်များ၊ ပူးတွဲကော်မရှင်နာ ဒေါက်တာ Ali Nawaz Bhoot၊ ပူးတွဲ ကော်မရှင်နာ Sono Khan Chandio နှင့် သတင်းထောက်များစွာတို့လည်း သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ကြကြောင်း ကို (၂၉-၅-၂၀၂၄) ရက် နေ့ထုတ် www.urdupoint.com/en/pakistan/ အရ သိရှိရပါသည်။
Source https://www.urdupoint.com/en/pakistan/56th-national-mango-exhibition-promotes-mirpu-1830074.html
တင်ပြသူ ဒေါ်အေးအေးခိုင်၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်
စစ်ဆေးသူ ဒေါ်ဟန်နွယ်စိုး၊ ဦးစီးအရာရှိ၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန