World Vision အဖွဲ့သည် တောင်သူလယ်သမားများအတွက် ရာသီကြိုစိုက်ပျိုးရေး ဈေးကွက်ချိတ်ဆက်မှု ပြပွဲအခမ်းအနားကျင်းပ ပေးခြင်း
- Wed, 29 May 2024
ခရစ်ယာန်လူမှုကယ်ဆယ်ရေးနှင့် ထောက်ခံအားပေးရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် World vision Ghana သည် အရှေ့အထက်ပိုင်းဒေသ၏ Kassena-Nankana အနောက်ခရိုင်တွင် စိုက်ပျိုးရေးသီးနှံများ၏ တန်ဖိုးကွင်းဆက်များအတွက် ရာသီကြိုစိုက်ပျိုးရေးဈေးကွက် ချိတ်ဆက်မှု ပြပွဲအခမ်းအနားကို ကျင်းပခဲ့ပါသည်။
“ဈေးကွက်ပြပွဲများနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူများ အချင်းချင်း ချိတ်ဆက်မှုမှတဆင့် စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ကို မြှင့်တင်ခြင်း”ဟု အမည်ပေးထားသည့် အဆိုပါပြပွဲကို ဥရောပသမဂ္ဂမှ ရန်ပုံငွေပံ့ပိုးထားသည့် နိုင်ငံတဝှမ်းဉယျာဉ်ပန်းခြံများနှင့် သဘာဝ ပတ်ဝန်းကျင် ရှင်သန်လှပရေး(EU LEAN)ပရောဂျက်မှ ကျင်းပပေးခြင်းဖြစ်ပါသည်။
၎င်းသည် တန်ဖိုးကွင်းဆက်တွင်ပါဝင်လုပ်ကိုင်သူများအားလုံးအား အမြင်ကျယ်စေရန်၊ မိတ်ဖက်များ မြှင့်တင်ရန်၊ စီးပွားရေးလုပ်ငန်းအချင်းချင်း လုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများ မြှင့်တင်ရန်၊ အဓိက ထုတ်ကုန်များ၏ ဈေးကွက်နှင့်ဝန်ဆောင်မှုများကို ရေရှည် လက်လှမ်းမီနိုင် စေရန်နှင့် ပံ့ပိုးပေးရန်အတွက် ကွန်ရက်တစ်ခုတည်ဆောက်ရန် ကြိုးပမ်းခဲ့ပါသည်။
သွင်းအားစုရောင်းချသူများ၊ တိုးချဲ့စိုက်ပျိုးနည်းပညာ ဝန်ဆောင်မှုပေးမှုများ၊ ငွေကြေး ဝန်ဆောင်မှု အဖွဲ့အစည်းများ၊ စိုက်ပျိုးရာသီအတွက် ကြိုတင်ပြင်ဆင်ရန် နှင့် ရိက္ခာထုတ်လုပ်မှု တိုးတက်စေရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်ပေးမှုများကဲ့သို့သော စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်ရှိ ဝန်ဆောင်မှုပေးရန် ဒေသတွင်း အသေးစားတောင်သူ လယ်သမား များနှင့် ထုတ်လုပ်သူများကို ချိတ်ဆက်ရန် အရေးကြီးဆုံးမှာ အရေးကြီးဆုံးဖြစ်ပါသည်။
သို့သော်လည်း လယ်သမားများ၊ သွင်းအားစု အရောင်းကိုယ်စားလှယ်များ၊ ဝန်ဆောင်မှု ပေးသူများ ၊ တန်ဖိုးမြှင့်ထုတ်လုပ်သူများ နှင့် စားသုံးသူများအကြား ချိတ်ဆက်မှုအချို့ ပြတ်တောက် သွားပါက လယ်သမားများ၏ ထုတ်လုပ်မှု တိုးချဲ့နိုင်ရေး၊ အထွက်နှုန်းတိုးရေး၊ အလုပ်အကိုင် ဖန်တီးရေးနှင့် ဆင်းရဲမွဲတေမှု လျှော့ချရေးတို့ကို အနှောင့်အယှက်ဖြစ်စေကြောင်း ၎င်းက ဆိုပါသည်။
လုပ်ကွက်ငယ်လယ်သမားများ၏ အခြေအနေမှာ ပိုမိုဆိုးရွာလာနေကြောင်း၊ လယ်သမား များ၏ စိုက်ပျိုးထုတ်လုပ်မှု တိုးမြင့်လာစေရန်နှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ခရိုင်အစည်းဝေးပွဲ အပါအဝင် လယ်ယာစီးပွားရေး လုပ်ငန်းရှင်များနှင့် သက်ဆိုင်သူများ ပါဝင်ဆောင်ရွက်ရန်အတွက် အရေးတကြီး လိုအပ်လျက် ရှိပါကြောင်း ၎င်းကပြောပါသည်။
အဆိုပါအခြေအနေများကိုဖြေရှင်းရန်အတွက် World vision သည် Local Value Chain Development (LVCD) ချဉ်းကပ်မှုကို အသုံးပြုပါသည်။ အဆိုပါနည်းလမ်းသည် ထုတ်လုပ်သူများ၊ တန်ဖိုးမြှင့်ထုတ်လုပ်သူများ နှင့် စျေးကွက်များအကြား မိတ်ဖက်များဖန်တီးခြင်းအပါအဝင် အရည် အသွေးမြှင့်တင်ရန်၊ အကျိုးသက်ရောက်မှုတိုးမြှင့်ရန်နှင့် စျေးကွက်ဝင်ကွဲပြားသော ထုတ်ကုန်များကို ဖန်တီးခြင်းဖြင့် စိုက်ပျိုး ရေး လုပ်ငန်းကို အထောက်အကူဖြစ်စေသော နည်းလမ်းတစ်ခုဖြစ်ပါသည်။
အဆိုပါ စိုက်ပျိုးရေး ဈေးကွက်ချိတ်ဆက်မှုပြပွဲသည် လုပ်ကွက်ငယ်တောင်သူများနှင့် အသေးစား နှင့် အလတ်စား လယ်ယာစီးပွားရေးလုပ်ငန်းကို တန်ဖိုးကွင်းဆက်အဖြစ် ပိုမိုကောင်းမွန်စွာ ပေါင်းစည်းနိုင်ပြီး အားလုံးပါဝင်သော ထိရောက်သည့် စားနပ်ရိက္ခာစနစ်တွေကို မြှင့်တင် ရာတွင် အထောက်အကူဖြစ်စေကြောင်း ၎င်းကဆက်လက်ပြောပါသည်။
Kassena-Nankana အနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး Mr Mohammed Bukari က တောင်သူလယ်သမားများသည် ၎င်းတို့၏ လယ်ယာလုပ်ငန်းကို ဆောင်ရွက်ရန် ပြင်ဆင်နေကြချိန်တွင် အချိန်နှင့်တပြေးညီ ထုတ်လုပ်မှုကိုမြှင့်တင်ရန်အတွက် အဆိုပါ ရာသီ ကြိုပွဲတော်မှတစ်ဆင့် လယ်သမားများအား တိုက်တွန်းပြောဆိုခဲ့ပါကြောင်း (၂၅.၅.၂၀၂၃) ရက်နေ့တွင် ထုတ်ဝေခဲ့သော ကွန်ရက်ဆောင်းပါးအရသိရှိရပါသည်။
Source https://gna.org.gh/2024/05/world-vision-creates-pre-season-agricultural-market-linkage-fair-for-farmers/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၂၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန