(၂၀၂၃) ခုနှစ်တွင် အီဂျစ်လယ်ယာထွက်ကုန်တင်ပို့မှု စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့

  • Wed, 29 May 2024

(၂၀၂၃) ခုနှစ်တွင် အီဂျစ်လယ်ယာထွက်ကုန်တင်ပို့မှု စံချိန်တင်အဆင့်သို့ ရောက်ရှိခဲ့


(၂၀၂၃) ခုနှစ်တွင် အီဂျစ်သည် စိုက်ပျိုးရေးထွက်ကုန် စံချိန်တင် တန်ချိန် (၇.၅)သန်းကို တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ (၈.၈)ဘီလီယံ ရရှိခဲ့သည်။

စိုက်ပျိုးရေးနှင့် မြေယာပြန်လည်ထူထောင်ရေးဝန်ကြီး Al Sayed Al Qusair သည် ၎င်း ကိန်းဂဏန်း အချက်အလက်များကို အစိုးရအဖွဲ့ အစည်းအဝေးအတွင်း တင်ပြခဲ့ပြီး လိမ္မော်သီးနှင့် အေးခဲ စတော်ဘယ်ရီသီး တင်ပို့မှုတွင်  ကမ္ဘာ့ထိပ်တန်းနေရာ၌ အီဂျစ်နိုင်ငံ၏ တည်ရှိနေမှုကို သတိ ပြုမိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

အကျိုးအမြတ်ရရှိမှုတွင် လတ်ဆတ်သော လယ်ယာထွက်ကုန်များမှ အမေရိကန်ဒေါ်လာ (၃.၇) ဘီလီယံနှင့် ပြုပြင်ပြီး စားသောက်ကုန်များမှ အမေရိကန်ဒေါ်လာ (၅.၁)ဘီလီယံတို့ ဖြစ်ပါသည်။

 အီဂျစ်နိုင်ငံသည် နိုင်ငံပေါင်း (၁၆၀)သို့ မတူညီသည့် စိုက်ပျိုးရေးထွက်ကုန် အမျိုးအစား ပေါင်း (၄၀၀) တင်ပို့ခဲ့ပြီး ၎င်း၏ ပို့ကုန်စျေးကွက်ကို သိသိသာသာ ချဲ့ထွင်ခဲ့ကြောင်း Al Qusair က ဆက်လက် ပြောခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း အီဂျစ်လယ်ယာထွက်ကုန်များသည် စျေးကွက် အသစ် (၉၃)ခုသို့ ဝင်ရောက်လာနိုင်ခဲ့ကြောင်း သိရသည်။
(၂၀၂၄)ခုနှစ် ပထမသုံးလပတ်တွင် အီဂျစ်သည် လိမ္မော်သီး (၁,၁၉၉,၉၁၆)တန် တင်ပို့ခဲ့ပြီး ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ Hansan Global ကုမ္ပဏီနှင့် ဧပြီလတွင် တွေ့ဆုံခဲ့ပြီး အဓိက ကိုရီးယားကုမ္ပဏီ (၁၅)ခုမှ ကိုယ်စားလှယ်များသည် အီဂျစ်လိမ္မော်သီးများ တင်သွင်းရန် စိတ်ဝင်စား မှုကို ပြသခဲ့သည်။

(၂၀၂၃) ခုနှစ်တွင် ဥရောပသမဂ္ဂသည် အီဂျစ်လိမ္မော်သီး တန်ချိန် (၅၀၀,၀၀၀)ကျော် တင်သွင်းခဲ့ပြီး (၂၀၂၂)ခုနှစ် အောက်တိုဘာလမှ (၂၀၂၃)ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အီဂျစ်သည် အရှေ့တောင်အာရှနိုင်ငံ အများအပြားသို့ လိမ္မော်သီးများကို ထိပ်တန်းတင်ပို့သူ ဖြစ်လာသည်ကို (၂၃.၅.၂၀၂၄)ရက်နေ့က ဖတ်ရှုခဲ့ရသည့် www.freshplaza.com ကွန်ယက်၏ သတင်းဆောင်းပါးမှ တဆင့် သိရှိခဲ့ရသည်။

Source    https://www.freshplaza.com/asia/article/9628743/egyptian-agricultural-exports-reached-record-levels-in-2023/
တင်ပြသူ    ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ မေလ(၂၉) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ