၂၀၂၄ ခုနှစ် အစောပိုင်းတွင် မက္ကဆီကိုနိုင်ငံ၏ စိုက်ပျိုး‌ရေးထွက်ကုန်တင်ပို့မှုများ မြင့်တက် လာသည်ကို တွေ့ရှိရ

  • Wed, 8 May 2024

၂၀၂၄ ခုနှစ် အစောပိုင်းတွင် မက္ကဆီကိုနိုင်ငံ၏ စိုက်ပျိုး‌ရေးထွက်ကုန်တင်ပို့မှုများ မြင့်တက် လာသည်ကို တွေ့ရှိရ


၂၀၂၄ ခုနှစ်၊ အစောပိုင်းလများတွင် မက္ကဆီကိုနိုင်ငံသည် ၎င်း၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုတွင် သိသာထင်ရှားစွာ အနည်းငယ်မြင့်တက်လာခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ -(၉.၀၆)ဘီလီယံထိ (၈.၈၅%)ခန့် တိုးမြင့်လာခဲ့ပါသည်။ အဆိုပါတိုးတက်လာခဲ့မှုကို မက္ကဆီကို ဘဏ်၏ သတင်းအချက်အလက်များအရ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကာလအတွင်း စိုက်ပျိုးရေးထွက် ကုန်တင်သွင်းမှု ပမာဏ သည်လည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၇.၅၇)ဘီလီယံအထိ (၂.၃%)ခန့် အတော်အသင့် မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ အကျိုးဆက်အနေဖြင့် မက္ကဆီကိုနိုင်ငံသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ နှစ်လအတွင်း စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁.၄၉ ဘီလီယံ ပိုလျှံခဲ့ပြီး နိုင်ငံအတွက် စံချိန်သစ် တင်ခဲ့ပါသည်။ ဝယ်လိုအားမြင့်မားသော ပို့ကုန်များစွာထဲမှ ခရမ်းချဉ်သီးသည် အမေရိကန် ဒေါ်လာ (၆၃၀)သန်းခန့် ရရှိခဲ့ပြီး မက္ကဆီကိုနိုင်ငံ၏ ဘဏ္ဍာငွေ အမြတ်အများဆုံးရရှိခဲ့သည့် စိုက်ပျိုးရေးထွက်ကုန် အရင်းအမြစ်တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါသည်။ အခြားသိသာထင်ရှား သော ပို့ကုန်များတွင် tequila နှင့် mezcal အဖျော်ယမကာ (အမေရိကန် ဒေါ်လာ ၆၂၁ သန်း)၊ ထောပတ်သီးမှ (အမေရိကန်ဒေါ်လာ  ၅၉၄ သန်း)၊ စတော်ဘယ်ရီသီးများနှင့် ရတ်(စ်)ဘယ်ရီသီးများမှ (အမေရိကန်ဒေါ်လာ  ၅၃၁ သန်း) တို့ ရရှိခဲ့ပါသည်။သိသိသာသာ တိုးတက်လာသော ပို့ကုန်များတွင် ချောကလက်နှင့် ကိုကိုးထွက်ကုန်များမှ ၇၁.၇ ရာခိုင်နှုန်းခန့်နှင့် လက်ဖက်ရည်၊ ကော်ဖီနှင့် Yerba maté တို့မှ ၆၄.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာသည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့ပြင် လိမ္မော်ဖျော်ရည် တင်ပို့မှုတွင် (၆၂.၄ ရာခိုင်နှုန်း)၊ မာလကာသီး၊ သရက်သီးနှင့် မင်းကွတ်သီး တင်ပို့မှုတွင် (၄၈.၆ ရာခိုင်နှုန်း)၊ စပျစ်သီးနှင့် စပျစ်သီးခြောက် တင်ပို့မှုတွင် (၃၈ ရာခိုင်နှုန်း) နှင့် ကျွဲနွား တင်ပို့မှုတွင် (၃၅.၉ ရာခိုင်နှုန်း) ခန့် သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ မက္ကဆီကို စိုက်ပျိုးရေး ထွက်ကုန်များကို အာရှနှင့် ဥရောပဈေးကွက်များတွင် တွေ့ရှိနိုင်သော်လည်း အဆိုပါ ပို့ကုန်အများစုကို အမေရိကန်အတွက် ဦးတည်ထားခြင်းဖြစ်ကြောင်း (၃-၅-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.hortidaily.com ၏ သတင်းအချက်အလက်များ အရ သိရှိရပါသည်။

Source https://www.hortidaily.com/article/9618046/mexico-s-agricultural-exports-see-growth-in-early-2024/

တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ