ဒီဇင်ဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း

  • Thu, 20 January 2022

ဒီဇင်ဘာလတွင် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းများ ကျဆင်းခဲ့ခြင်း


ဒီဇင်ဘာလတွင် နိုင်ငံတကာ ဟင်းသီးဟင်းရွက်ဆီနှင့် သကြားဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခြင်း‌ကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းများ အနည်းငယ်ကျဆင်းခဲ့ကြောင်း ကုလသမဂ္ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ ထုတ်ပြန်ခဲ့ပါသည်။
FAO စားနပ်ရိက္ခာအညွှန်းကိန်းသည် ဒီဇင်ဘာလတွင် ပျမ်းမျှ(၁၃၃.၇)မှတ်၊ နိုဝင်ဘာလအောက် (၀.၉)ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း (၂၀၂၀)ခုနှစ်၊ ဒီဇင်ဘာလထက် (၂၃.၁)ရာခိုင်နှုန်း မြင့်တက်လာနေခဲ့ပါသည်။ အညွှန်းကိန်းသည် အများအားဖြင့် ကုန်သွယ်လေ့ရှိသော စားသောက်ကုန်များ၏ နိုင်ငံတကာဈေးနှုန်းများ လစဉ်ပြောင်းလဲမှုကို ခြေရာခံထားပါသည်။ ဒီဇင်ဘာလတွင် နို့ထွက်ပစ္စည်း အညွှန်းကိန်းများသာ လစဉ်မြင့်တက်ခဲ့ပါသည်။
(၂၀၂၁)ခုနှစ် တစ်နှစ်ပတ်လုံးအတွက် FAO စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်းသည် ပျမ်းမျှ (၁၂၅.၇) မှတ်ဖြစ်ပြီး ယခင်နှစ်ထက် (၂၈.၁) ရာခိုင်နှုန်း ပိုများပါသည်။
"ပုံမှန်အားဖြင့် ဈေးနှုန်းမြင့်တက်ခြင်းသည် ထုတ်လုပ်မှုတိုးမြှင့်ရန် မျှော်လင့်သော်လည်း သွင်းအားစုများ ကုန်ကျစရိတ်မြင့်မားခြင်း၊ လက်ရှိဖြစ်ပွားနေသော ကမ္ဘာ့ကပ်ရောဂါနှင့် မသေချာသော ရာသီဉတုအခြေအနေများကြောင့် (၂၀၂၂)ခုနှစ်တွင် ဈေးကွက်အခြေအနေများ ပြန်လည်တည်ငြိမ်စေရန် ခက်ခဲကြောင်း FAO မှ အကြီးတန်း စီးပွားရေးပညာရှင် Abdolreza Abbassian မှ ပြောကြားခဲ့ပါသည်။
FAO နှံစားသီးနှံ အညွှန်းကိန်းသည် နိုဝင်ဘာလတွင် (၀.၆) ရာခိုင်နှုန်းအထိ ကျဆင်းသွားပါသည်။ သို့သော် တစ်နှစ်ပတ်လုံးအတွက် FAO နှံစားသီးနှံ အညွှန်းကိန်းများသည် (၂၀၁၂) ခုနှစ်နောက်ပိုင်း နှစ်စဉ်အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ပျမ်းမျှမှာ (၂၀၂၀)ခုနှစ်ထက် (၂၇.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပြောင်းမှာ (၄၄.၁)ရာခိုင်နှုန်း၊ ဂျုံမှာ (၃၁.၃) ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း စပါးမှာ (၄.၀) ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
FAO ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းအညွှန်းကိန်းသည် ဒီဇင်ဘာလတွင် (၃.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကိုဗစ်-၁၉ ဖြစ်ပွားမှုမြင့်တက်လာခြင်း၏ အကျိုးဆက်များနှင့် ဆက်စပ်မှုကြောင့် ကမ္ဘာ့သွင်းကုန် ဝယ်လိုအား လျော့နည်းလာပြီး စားအုန်းဆီနှင့်‌ နေကြာဆီ ပေါက်ဈေးများ လျော့နည်းလာပါသည်။ (၂၀၂၁)ခုနှစ် တစ်နှစ်လုံးအတွက် FAO ဟင်းသီးဟင်းရွက်ဆီ အညွှန်းကိန်းသည် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး (၂၀၂၀)ခုနှစ်ထက် (၆၅.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
FAO သကြားဈေးနှုန်း အညွှန်းကိန်းများသည် နိုဝင်ဘာလတွင် (၃.၁)ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး (၅)လတာ ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ (၂၀၂၁)ခုနှစ် တစ်နှစ်လုံးအတွက်  FAO  သကြားဈေးနှုန်း အညွှန်ကိန်းများသည် ယခင်နှစ်ထက် (၂၉.၈) ရာခိုင်နှုန်း မြင့်တက်လာပြီး (၂၀၁၆)ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့ပါသည်။
FAO အသားဈေးနှုန်း အညွှန်းကိန်းသည် ဒီဇင်ဘာလတွင် တည်ငြိမ်ခဲ့သော်လည်း (၂၀၂၁)ခုနှစ် တစ်နှစ်လုံးအတွက် FAO အသားဈေးနှုန်း အညွှန်းကိန်းသည် (၂၀၂၀)ခုနှစ်ထက် (၁၂.၇)ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။
အနောက်ဉရောပနှင့် Oceania တို့တွင် နို့ထွက်နှုန်း ကျဆင်းခြင်းကြောင့် ထောပတ်နှင့် နို့မှုန့်အတွက် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်လာပြီး ဒီဇင်ဘာလတွင် FAO နို့ထွက်ပစ္စည်း အညွှန်းကိန်းသည် မြင့်တက်လာသော တစ်ခုတည်းသောလဖြစ်ပြီး ယခင်နှစ်ထက် (၁.၈) ရာခိုင်နှုန်း မြင့်တက်လာပါသည်။ (၂၀၂၁) ခုနှစ်တွင် FAO နို့ထွက်ပစ္စည်းဈေးနှုန်း အညွှန်းကိန်းသည် (၂၀၂၀)ခုနှစ်ထက် (၁၆.၉) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း (၁၁-၁-၂၀၂၂) ရက်နေ့တွင် ထုတ်ပြန်သော fnbnews.com ၏ သတင်းအချက်အလက်များအရ သိရှိရပါသည်။

Source : http://www.fnbnews.com/Top-News/global-food-prices-dip-in-december--fao-66074

ဆက်စပ် သတင်းများ