ပြည်ပဝယ်လိုအားရှိသည့်အတွက် မြေထောက်ပဲ တစ်တန်လျှင် ကျပ် (၄.၅) သန်းအထိ မြင့်တက်ခဲ့

  • Thu, 15 February 2024

ပြည်ပဝယ်လိုအားရှိသည့်အတွက် မြေထောက်ပဲ တစ်တန်လျှင် ကျပ် (၄.၅) သန်းအထိ မြင့်တက်ခဲ့



ပြည်တွင်းပြည်ပဝယ်လိုအား ကောင်းသည့်အတွက် မန္တလေးဈေးကွက်တွင် မြေထောက်ပဲ ဈေးနှုန်းများ ပုံမှန်မြင့်တက်လျက်ရှိပြီး တစ်တန်လျှင် ကျပ်(၄.၅)သန်းအထိ ရောက်ရှိခဲ့ပါသည်။ ပြည်တွင်းစားသုံးမှုအပြင် တရုတ်နှင့်အိန္ဒိယနိုင်ငံတို့မှ မြန်မာ့မြေထောက်ပဲ ဝယ်ယူမှုတိုးမြင့်လာသည့် အတွက် မြေထောက်ပဲဈေးနှုန်းများ အမြင့်ဆုံးအထိ မြင့်တက်လျက်ရှိပါသည်။

ဇန်နဝါရီလ နောက်ဆုံးပတ်မှစ၍ ဈေးနှုန်းများ စတင်မြင့်တက်လာခဲ့ပါသည်။ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် တစ်တန်လျှင် ကျပ်(၃.၈၅၅)သန်းသာ ရှိခဲ့ပြီး ဖေဖော်ဝါရီလ (၆)ရက်နေ့တွင် တစ် တန်လျှင် (၄.၅၅၈)သန်းအထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ပါသည်။ ကိန်းဂဏန်းများအရ ပြီးခဲ့သည့် (၃)ပတ်အတွင်း တစ်တန်လျှင် ကျပ်(၇)သိန်းအထက် သိသိသာသာ မြင့်တက်လာခဲ့သည်ကို တွေ့ရှိ ရပါသည်။

မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူနှင့် အခြားသော ပြည်ပနိုင်ငံများသို့ မြေထောက်ပဲများ တင်ပို့ပါသည်။ မြန်မာနိုင်ငံသည် (၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် (ဧပြီ-မတ်)အတွင်း ပြည်ပဈေးကွက်များသို့ အမေရိကန် ဒေါ်လာ (၅၀.၃၁)သန်းတန်ဖိုးရှိသော မြေထောက်ပဲတန်ချိန် (၅၉,၄၂၅)ခန့်တင်ပို့ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းအင်းများအရ သိရှိရပါသည်။

မြန်မာနိုင်ငံသည် လက်ရှိ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်၏ ဧပြီလ (၁)ရက်နေ့မှ ဇန်နဝါရီလ (၂၆)ရက်နေ့အထိ ပြည်ပကုန်သွယ်ဖက်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၂၉.၇၇) သန်း တန်ဖိုးရှိသော မြေထောက်ပဲတန်ချိန် (၂၄,၁၆၃)အထက် တင်ပို့ခဲ့ပါသည်။ ၎င်းအထဲမှ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတဆင့် အမေရိကန်ဒေါ်လာ (၁၂.၄)သန်း တန်ဖိုးရှိသော မြေထောက်ပဲတန်ချိန် (၁၂,၁၄၇)ခန့်နှင့် နယ်စပ်ကုန်သွယ်မှုမှတဆင့် အမေရိကန်ဒေါ်လာ (၁၇.၃၆၄)သန်း တန်ဖိုးရှိသော မြေထောက်ပဲတန်ချိန် (၁၂,၀၁၆)ခန့် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၏ စာရင်းအင်းများအရ သိရှိရပါသည်။

အောက်တိုဘာလ နှင့် နိုဝင်ဘာလတွင် မြေထောက်ပဲများကို စတင်စိုက်ပျိုးကြပြီး ဖေဖော် ဝါရီလအစောပိုင်းတွင် ရိတ်သိမ်းကြပါသည်။ မြေထောက်ပဲများကို စစ်ကိုင်းတိုင်း အထက်ပိုင်း ဒေသများ၊ ကချင်ပြည်နယ် ဗန်းမော်၊ ကရင်ပြည်နယ်နှင့် ဧရာဝတီမြစ်တစ်လျှောက်လုံးတွင် စိုက်ပျိုး ကြပါသည်။ ကသာနှင့် ဗန်းမော်မြို့နယ်တို့မှထွက်ရှိသော မြေထောက်ပဲများသည် အရွယ်အစား ကြီးသည့်အတွက် ပြည်တွင်းဈေးကွက်တွင် ဝယ်လိုအားမြင့်မားကြောင်း (၇. ၂. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော https://www.gnlm.com.mm ၏ သတင်းအချက် အလက်များအရ သိရှိရပါသည်။


Source https://www.gnlm.com.mm/red-kidney-bean-price-jumps-to-k4-5-mln-per-tonne-on-foreign-demand/ 


တင်ပြသူ ဒေါ်နွေးနွေးအောင်၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊လက်ထောက်ညွှန်ကြားရေးမှူး၊စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ