အိန္ဒိယနိုင်ငံ၏ ပြည်ပသို့တင်ပို့သော အုန်းသီးပမာဏ အံ့ဩဖွယ် မြင့်မားလာ

  • Wed, 7 February 2024

အိန္ဒိယနိုင်ငံ၏ ပြည်ပသို့တင်ပို့သော အုန်းသီးပမာဏ အံ့ဩဖွယ် မြင့်မားလာ



ယခုလများအတွင်း အုန်းသီးဝယ်လိုအား မြင့်မားနေသဖြင့် ပြည်တွင်း၌ အုန်းသီးဝယ်ယူမှု စရိတ်များ မြင့်တက်လာပါသည်။ အိန္ဒိယတွင် အုန်းသီးများ တစ်နှစ်ပတ်လုံးရရှိနိုင်သော်လည်း ပုံမှန် အားဖြင့် စက်တင်ဘာလမှစပြီး လအနည်းငယ်ကြာ ပြည်တွင်းဝယ်လိုအားမြင့်မားမှုကြောင့် သယ်ယူ စရိတ်များ မြင့်မားလာသည်ကိုတွေ့ရကြောင်း အိန္ဒိယအသီးအနှံတင်ပို့သည့် Kay Bee Exports ၏ CEO ဖြစ်သူ Kaushal Khakhar က ပြောကြားခဲ့ပါသည်။ သို့သော်လည်း ၎င်းသည် မူရင်းအိန္ဒိယ အုန်းသီးများ၏ ၀ယ်လိုအားကို မထိခိုက်စေနိုင်ကြောင်း၊ ၎င်းတို့၏အရည်အသွေးသည် အခြား ဒေသထွက် အုန်းသီးများနှင့် နှိုင်းယှဉ်ပါက သာလွန်ကြောင်း၊ မတ်လမှစတင်၍ အသီးလှိုင်လှိုင် ပေါ်မည်ဖြစ်ပြီး ၎င်းသည် စျေးနှုန်းရှုထောင့်မှ ပိုမိုအပြိုင်အဆိုင်ဖြစ်လာသဖြင့် တင်ပို့ရောင်းချသည့် ပမာဏတွင် သိသိသာသာမြင့်တက်မည်ဟု မျှော်လင့်ထားကြောင်း ပြောပါသည်။

Kay Bee Exports အတွက် အုန်းသီးသည် ထုတ်ကုန်အသစ်တစ်ခုဖြစ်သော်လည်း ယင်းအုန်းသီးများတင်ပို့မှုတွင် ခိုင်မာသော တိုးတက်မှုဖြစ်စေရန်အတွက် Khakhar က အလေးပေး ပြောကြားခဲ့ပါသည်။ အုန်းသီးသည် ကျွန်ုပ်တို့၏ ထပ်တိုးထုတ်ကုန်အသစ် တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း လုပ်ငန်းစတင်ချိန်မှစ၍ တင်ပို့ရောင်းချသည့်ပမာဏတွင် ကြီးမားသောတိုးတက်မှုကို တွေ့မြင် ရကြောင်း၊ ဥရောပလက်လီ ရောင်းချသူများနှင့် နှစ်စဉ်အောင်မြင်စွာ စာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းကို နောက်ထပ်မြှင့်တင်ရန် မျှော်လင့်ကြောင်း၊ ၎င်းကို လာမည့်ဘာလင်ရှိ Fruit Logistica တွင် ပြသ မည်ဖြစ်ကြောင်း သိရပါသည်။

Khakhar ၏ အဆိုအရ အိန္ဒိယနိုင်ငံမှ အုန်းသီးများကို ဥရောပတောင်ပိုင်းတွင် အများဆုံး စားသုံးကြကြောင်း၊ ဥရောပတွင် နွေဦးရာသီ နှင့် နွေရာသီများဖြစ်သည့် မတ်လဝန်းကျင်တွင် ဝယ်လိုအား တိုးမြင့်လာမည်ဟု မျှော်လင့်ရကြောင်း၊ ဥရောပရှိ အုန်းသီးဝယ်လိုအား၏ အများစုသည် ဥရောပတောင်ပိုင်းတွင် တည်ရှိသည့် စပိန်နှင့် အီတလီတို့က အများဆုံးဖြစ်ပြီး နယ်သာလန်၊ ဂျာမနီ နှင့် ဗြိတိန်တို့လည်း နောက်ထပ်အများဆုံးဖြစ်ကြောင်း၊ အုန်းသီးအရင့်များသည် စတိုးဆိုင်များတွင် အသီးအနှံ အဖြစ်ရောင်းချရုံသာမက အသင့်စားသစ်သီးလုပ်ငန်းအတွက်ပါ ဘက်စုံသုံး ကုန်ပစ္စည်း အဖြစ် ရောင်းချကြကြောင်း သိရှိရပါသည်။

အိန္ဒိယအုန်းသီးများသည် အာဖရိကမှ အုန်းသီးများထက် ပို၍ ဈေးကြီးသော်လည်း ဈေးကွက်ဝေစုမှာ နှစ်စဉ်တိုးတက်လျက်ရှိကြောင်း၊  ထိုသို့တိုးတက်ရခြင်းမှာ အခြားဒေသထွက် 

- ၁၂ -

အုန်းသီးများထက် သာလွန်ကောင်းမွန်သည့် အိန္ဒိယအုန်းသီး၏ အရည်အသွေးအပေါ် ဥရောပ စားသုံးသူများ၏ နှစ်သက်လက်ခံမှုကြောင့်ဖြစ်ကြောင်း၊ ဥရောပသို့ လက်ရှိတင်ပို့သည့် အုန်းသီး အများစုမှာ အာဖရိကဒေသမှ ဖြစ်ကြောင်း၊ အိန္ဒိယဒေသထွက် အသီးအနှံများသည် အနည်းငယ် ပိုမို၍ ဈေးကြီးသော်လည်း နှစ်စဉ် ဈေးကွက်ဝေစုပိုမိုရရှိနေရသည့် အကြောင်းအရင်းမှာ ကုန်စည် ရောက်ရှိချိန်၌ ၎င်း၏ကောင်းမွန်သည့်အရည်အသွေးကို ထိန်းသိမ်းထားနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ နောက်ထပ်အကြောင်းအရင်း တစ်ရပ်မှာ အိန္ဒိယ နှင့် ဥရောပဆိပ်ကမ်းများဖြစ်သည့် ရော်တာဒမ် နှင့် ဘာစီလိုနာကဲ့သို့ ဆိပ်ကမ်း အများစုသို့ သာမန်အခြေအနေ၌တင်ပို့ချိန်သည် ပုံမှန်အားဖြင့် (၂၀-၂၅)ရက်ခန့်သာ ကြာမြင့်ပြီး ကုန်ကျစရိတ်မှာ သင့်တော်သောကြောင့်ဖြစ်ကြောင်း Khakhar က ပြောကြားခဲ့ပါသည်။

ဥရောပသို့ အုန်းသီးများတင်ပို့ခြင်းသည် တင်ပို့ချိန်နှင့် ကုန်ကျစရိတ်ကဲ့သို့ စိန်ခေါ်မှုများနှင့် မဖြစ် မနေ ရင်ဆိုင်ရမည်ဖြစ်ပြီး ပင်လယ်နီအတွင်း ပြဿနာများသည် ကြီးမားသောသက်ရောက်မှု များစွာကို ဖြစ်စေခဲ့ကြောင်း၊ ပထမဦးစွာ သင်္ဘောအများစုသည် ဂွတ်ဟုတ်အငူကိုဖြတ်သွား သောကြောင့် ပျမ်းမျှအားဖြင့် ဖြတ်သန်းချိန်သည် (၁၀)ရက်ပိုကြာကြောင်း၊ ဒုတိယအနေဖြင့် ဤ လမ်းလွှဲသည် သင်္ဘောလိုင်းများအတွက် ကုန်ကျစရိတ်ပိုများပြီး ပုံမှန်ကုန်ကျစရိတ်ထက် (၃-၄)ဆ အထိရှိကြောင်း၊ နောက်ဆုံးတွင် သင်္ဘောများသွားလာမှုနည်းလာပြီး ယခုအခါ ၎င်းလမ်းကြောင်းမှ သွားလာသော သင်္ဘောများ အလွန်ရှာ့းပါးလာကြောင်း(၃၀. ၁. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Fresh Plaza website ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။


Source https://www.freshplaza.com/north-america/article/9596490/ tremendous-growth-in-the-volume-of-coconuts-that-are-exported/


တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန

ရက်စွဲ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇) ရက်

စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန


ဆက်စပ် သတင်းများ