တိရိစ္ဆာန်အစာစိမ်းများ တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်မှုနည်းလမ်းများကို အိန္ဒိယပညာရှင်များမှ မျှဝေခြင်း
- Thu, 20 January 2022
အစိမ်းရောင်တိရစ္ဆာန်အစာစိမ်းသည် တိရစ္ဆာန်ကျန်းမာရေးအတွက် အဓိကကျပြီး ၎င်းတို့ထုတ်လုပ်မှုသည် နို့ထွက်ပစ္စည်းလုပ်ငန်းအတွက် အရေးပါပါသည်။ နို့စားတိရစ္ဆာန်များသည် ၎င်းတို့၏ခန္ဓာကိုယ်ကို ပြုပြင်ထိန်းသိမ်းရန်နှင့် အကောင်းဆုံး စွမ်းဆောင်ရည်အတွက် အစာများမှ စွမ်းအင်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ သတ္တုဓာတ်၊ ဗီတာမင်နှင့် ရေတို့ကို ရရှိသောကြောင့် တစ်နှစ်ပတ်လုံး အစာထုတ်လုပ်ရန် လိုအပ်လာပါသည်။
အစိမ်းရောင်အစာကျွေးခြင်းသည် တိရစ္ဆာန်များကို ကျန်းမာစေပြီး အနည်းလို အာဟာရဓာတ် ချို့တဲ့မှုကို လျှော့ချပေးသည့်အပြင် နို့ထွက်နှုန်းကိုလည်း တိုးစေပါသည်။ တိရစ္ဆာန်စာစိမ်းတစ်မျိုးတည်း ကျွေးခြင်းသည် စုစုပေါင်း နို့ထုတ်လုပ်မှုကုန်ကျစရိတ်၏ (၆၀-၇၀)ရာခိုင်နှုန်းရှိသောကြောင့် စျေးသက်သာသော အရင်းအမြစ်များမှ အာဟာရပြည့်ဝသော အစာများရရှိနိုင်မှုသည် အရေးကြီးသည်ဟု ယူဆမိပါကြောင်း အပင်မွေးမြူခြင်းနှင့် မျိုးရိုးဗီဇဌာနမှ ManinderKaur မှ ပြောကြားခဲ့ပါသည်။
ထို့ကြောင့် နို့ထွက်တိရစ္ဆာန်များကို ကုန်ကျစရိတ်များသည့် အဆင့်မြင့်အဟာရများ အပါအဝင် တိရစ္ဆာန်စာကျွေးမွေးမည့်အစား တိရစ္ဆာန်စာစိမ်း အလုံအလောက် ကျွေးမွေးခြင်းဖြင့် နို့ထုတ်လုပ်မှု ကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချနိုင်ပါသည်။
ကျန်းမာကြီးထွားရန်နှင့် နို့ရည်ပေါပေါများများရရှိရန် တိရစ္ဆာန်တစ်ကောင်စီသည် တစ်နေ့လျှင် အစိမ်းရောင်အစာ (၄၀-၅၀)ကီလိုဂရမ် လိုအပ်ပါသည်။ ပိုလျှံသည့် တိရစ္ဆာန်စာစိမ်းများကို အထွက်နှုန်းနည်းသည့်ကာလတွင် အသုံးပြုရန် ချဉ်ဖတ် သို့မဟုတ် ကောက်ရိုး/မြက်ခြောက်အဖြစ် ထိန်းသိမ်းထားနိုင်ပါကြောင်း အပင်မွေးမြူခြင်းနှင့် မျိုးရိုးဗီဇဌာနမှ HarpreetKaurOberoiနှင့် Devinderpal Singhတို့မှ ပြောကြားခဲ့ပါသည်။
တောင်သူများ ကျင့်သုံးနိုင်သော နည်းစနစ်များ
နှစ်ရှည်အစာ
Napier မြက်သည် နှစ်ရှည်ခံအစာဖြစ်ပြီး စိုက်ပြီးသည်နှင့် သီးနှံသည် ၂ နှစ်မှ ၃ နှစ်အထိ အစာအဖြစ် ထုတ်လုပ်နိုင်ပါသည်။ အမြစ်ဖြတ်ခြင်း သို့မဟုတ် ပင်စည်ဖြတ်တောက်ခြင်းဖြင့် ပင်ပိုင်းမျိုးပွားနိုင်ပါသည်။ အိန္ဒိယနိုင်ငံတွင် မတ်လမှနိုဝင်ဘာလအတွင်း အများဆုံးထွက်ရှိပြီး ဆောင်းရာသီတွင် အထွက်နည်းပါသည်။ ဆောင်းရာသီတွင် အစိမ်းရောင်အစာရရှိရန် oats သို့မဟုတ် senji (Indian sweet clover) ကို မျိုးစေ့ချနိုင်ပါသည်။ မတ်လတွင် စိုက်ပျိုးထားသောသီးနှံများကို မေလတွင် စတင်ကျွေးမွေးမည်ဖြစ်ပြီး မေလမှ ဇွန်လအထိ အစာရရှိနိုင်ပါသည်။
Single-cut (တကြိမ်တည်းဖြတ်သီးနှံ)တိရိစ္ဆာန်စာသီးနှံစိုက်ပျိုးခြင်း
ပြောင်း၊ နှံစားပြောင်း၊ ကုလားဆတ်၊ guara၊ ပဲလွမ်း၊ Indian sweet clover နှင့် oats တို့သည် single-cut crops များ ဖြစ်ကြပါသည်။ ၎င်းတို့ကို စိုက်ပျိုးခြင်းဖြင့် တစ်နှစ်ပတ်လုံး အစာရရှိနိုင်ပါသည်။
သီးလှည့်စိုက်ပျိုးခြင်း
ပန်ဂျပ်တွင် ဂျုံ-ဆန်သည် သီးလှည့် စိုက်နည်းစနစ်တစ်ခု ဖြစ်ပါသည်။ ဂျုံရိတ်သိမ်းပြီးနောက် စပါးမစိုက်မီ (၄၅-၅၀) ရက်ကွာဟမှုရှိပြီး ထိုကာလတွင် တိရစ္ဆာန်စာသီးနှံများ စိုက်ပျိုးနိုင်ပါသည်။
သီးနှံမျိုးစုံစိုက်ပျိုးသည့်စနစ်
သီးနှံမျိုးစုံစိုက်ပျိုးသည့်စနစ်တွင် တိရစ္ဆာန်စာအား အချိန်အမျိုးမျိုးတွင် ရရှိရန် စိုက်ပျိုးကြပါသည်။ တောင်သူများသည် ကောင်းမွန်သော ရေသွင်းနည်းစနစ်များဖြင့် အစိမ်းရောင် တိရိစ္ဆာန်အစာ သီးနှံမျိုးစုံ စိုက်ပျိုးသည့်စနစ်ကို ကျင့်သုံးနိုင်ပြီး တစ်နှစ်ပတ်လုံး တိရစ္ဆာန်အစာ ရရှိစေပါသည်။
Source : https://www.tribuneindia.com/news/ludhiana/experts-share-tips-on-year-round-production-of-green-fodder-261138