လာမည့်သုံးလအထိ အာလူးစျေးနှုန်း ဆက်လက်ကျဆင်းဖွယ်ရှိ

  • Wed, 17 January 2024

လာမည့်သုံးလအထိ အာလူးစျေးနှုန်း ဆက်လက်ကျဆင်းဖွယ်ရှိ


အာလူးဈေးနှုန်းသည် (၂၀၂၃)ခုနှစ်၊ နှောင်းပိုင်းမှ ယခုနှစ် ဇန်နဝါရီလအထိ ကျဆင်းခဲ့ပြီး လာမည့်(၃)လအထိပင် ဆက်လက်ကျဆင်းနိုင်ဖွယ်ရှိကြောင်း အာလူးကုန်စည်ဒိုင်မှ သတင်းရင်းမြစ် များအရ သိရှိရပါသည်။
    ယခုအချိန်၌ အာလူးဈေးကွက်သည် ယခင်ကာလများကဲ့သို့ပင် ကျဆင်းလျက်ရှိနေပြီး လာမည့်(၃)လအထိပင် ဆက်လက်ကျဆင်းဖွယ်ရှိကြောင်း မိုးမောက်မြို့နယ်ရှိ အာလူးကုန်သည် တစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။
    (၂၀၂၃)ခုနှစ်၊ မိုးဦးကာလတွင် အာလူးလက္ကားဈေးသည် တစ်ပိဿာလျှင် (၂၅၀၀)ကျပ်အထိ မြင့်တက်ခဲ့ပြီး မိုးနှောင်းကာလဖြစ်သော ပြီးခဲ့သည့်စက်တင်ဘာလမှ ယခုကာလအထိ တစ်ပိဿာလျှင် (၁၉၀၀)ကျပ်သို့ ကျဆင်းလျက်ရှိပါသည်။
    ပြီးခဲ့သည့် မိုးဦးကာလ၌ အာလူးဈေးနှုန်းသည် တစ်ပိဿာလျှင် (၂၅၀၀-၂၆၀၀)ကျပ်ဖြစ်ခဲ့ပြီး ယခုအခါ(၁၉၀၀)ကျပ်ဖြစ်ကြောင်း၊ အာလူးဈေးကွက်သည် ယခုကာလမျိုး၌ အမြဲတမ်းကျဆင်းလေ့ ရှိပြီး လာမည့် လအနည်းငယ်အထိ ဆက်လက် ကျဆင်းဖွယ်ရှိကြောင်း၊ ယခင်နှစ် ကာလတူ ဈေးနှုန်းနှင့် နှိုင်းယှဉ်လျင်ပင် အာလူးဈေးနှုန်းသည် ကျဆင်းလျက်ရှိကြောင်း အာလူးကုန်သည် တစ်ဦးက ပြောကြားခဲ့ပါသည်။
    ထို့အပြင် ယခုကာလ၌ အာလူးအများဆုံးထွက်ရှိရာဒေသဖြစ်သည့် ရှမ်းပြည်နယ်နှင့် ကချင် ပြည်နယ်တို့၌ ဟင်းသီးဟင်းရွက် အမြောက်အမြား ထွက်ရှိနေပြီး အာလူးဈေးကွက်မှာ ကျဆင်း နေကြောင်း အာလူးကုန်စည်ဒိုင်၏ သတင်းရင်းမြစ်များအရ သိရှိရကြောင်းကို (၁၂. ၁. ၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် Global New Light of Myanmar သတင်းအရ သိရှိရပါသည်။
Source    https://www.gnlm.com.mm/potato-price-likely-to-continue-to-fall-next-three-months/

တင်ပြသူ    ဒေါ်နှင်းရီဝင်း၊  စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

ဆက်စပ် သတင်းများ