မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့် ဈေးကွက်တွင် ဖရဲသီးဈေးနှုန်းများ ထပ်မံကျဆင်းနေခြင်း
- Thu, 20 January 2022
မကြာသေးမီရက်များအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့တင်ပို့သည့်ဖရဲသီးများဈေးနှုန်းထပ်မံကျဆင်းသွားခဲ့ကြောင်း ခွာညိုသစ်သီးကုမ္ပဏီမှ ဦးစိုင်းခင်မောင်မှပြောကြားခဲ့ပါသည်။ ယခင်ရက်များတွင် အရည်အသွေးမြင့် ဖရဲသီးတစ်ကီလိုလျှင် (၇)ယွမ်ကျော်ရှိခဲ့ကာယခုလက်ရှိတွင် ဈေးနှုန်းသည် တစ်ကီလိုလျှင် (၅)ယွမ်အောက် သိသိသာသာကျဆင်းသွားပါသည်။
ထို့အပြင် တရုတ်သို့တင်ပို့သည့်လမ်းခရီးတွင် ကြန့်ကြာမှုများကြောင့် သစ်သီးအရည်အသွေးကျဆင်းသွားမှုသည် သယ်ယူပို့ဆောင်စရိတ်ကိုပင် မကာမိကြောင်း၊ “ဇန်နဝါရီလ(၈)ရက်တွင် ဈေးကျဆင်းပြီးအနိမ့်ဘက်မှာဆက်လက်ရှိနေပါကြောင်း၊ ထို့အပြင်ပစ္စည်းအရည်အသွေးညံ့လျင် ဈေးနှုန်းမှာလည်းကျဆင်းသွားပါကြောင်း၊ တရုတ်ကုန်သည်များသည် ဖရဲသီးကိုကီလိုဂရမ်ဈေးနှင့်သတ်မှတ်မည့်အစား ကုန်တင်ကားနှုန်းနှင့်အပြတ် ဝယ်ယူလာကြပါကြောင်း၊ ဖရဲသီးများ အကျဈေးဘက်တွင်ဆက်ရှိနေပါက သယ်ယူပို့ဆာင်စရိတ်နှင့် အခြားအထွေထွေကုန်ကျစရိတ်များသည် ကုန်သည်များအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါကြောင်း၊ ထို့ကြောင့် အရည်အသွေးနိမ့်ဖရဲသီးများကို ဈေးကွက်ထဲသို့မပို့ရန် စိုက်ပျိုးသူများကို အကြံပြုလိုပါကြောင်း ဦးစိုင်းခင်မောင်မှ ပြောကြားခဲ့ပါသည်။
စိုက်ပျိုးသူများအနေဖြင့် ဖရဲသီးများကိုဈေးကွက်ထဲသို့မပို့မီ ဝယ်လိုအားနှင့်ရောင်းလိုအား ကိုက်ညီမှုရှိ/မရှိ တန်းစီစောင်းဆိုင်းမှုနှင့် ဈေးနှုန်းတို့ကိုထည့်သွင်းစဉ်းစားရန် အလွန်အရေးကြီးပါကြောင်း၊ ထို့အပြင် သစ်သီးအရည်အသွေးကျဆင်းသွားမှုကြောင့် ဈေးကွက်အပေါ်ဖြစ်ပေါ်သော သက်ရောက်မှုများစွာရှိသည်ဟု မူဆယ်သစ်သီးစင်တာမှ ဖော်ပြထားပါသည်။
မူဆယ်သစ်သီးစင်တာမှ စိုက်ပျိုးသူများအနေဖြင့် ဝယ်လိုအားနှင့် ကိုက်ညီသည့်တင်ပို့မှုကို စောင့်ဆိုင်းဆောင်ရွက်ရန် ဇန်နဝါရီလ(၁၀)ရက်တွင် တောင်းဆိုခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ဖရဲသီးဈေးနှုန်းသည် တစ်ကီလိုလျှင် (၅)ယွမ်မှ(၇)ယွမ်အထိဈေးတည်ငြိမ်နေကြောင်းခွာညိုသစ်သီးပွဲရုံမှ ဖော်ပြခဲ့ပါသည်။
ကုန်တင်ကားများအချိန်အတော်ကြာနှောင့်နှေးမှုကြောင့် ဖရဲသီးအရည်အသွေးကို ထိခိုက်စေပြီး (၂၀၂၁)ခုနှစ် နှစ်ကုန်ပိုင်းကာလတွင် တရုတ်နိုင်ငံသို့သွားသော ဖရဲကား(၅)စီးတွင် တစ်စီးသာမပျက်စီးပဲ အရည်အသွေးပြည့်မီခဲ့ပါသည်။ လက်ရှိတွင် ဖရဲကားတစ်စီးသွားမည်ဆိုပါကစိုက်ခင်းမှ တရုတ်ဈေးကွက်အထိရက်ပေါင်း(၂၀)ခန့်ကြာမြင့်ပါသည်။
COVID-19 ကန့်သတ်မှုစည်းမျဉ်းများအပြင် တရုတ်နိုင်ငံ၏အကောက်ခွန်စည်းမျဉ်များကြောင့်ပါ နှောင့်နှေးမှုများဆက်လက်ဖြစ်ပေါ်နေပါသည်။ ပင်လယ်ရေကြောင်းကုန်သွယ်မှုကိုပါ ဆက်လက်လုပ်ဆောင်လာခဲ့လျှင် နယ်စပ်ရှိတရုတ်အကောက်ခွန်ဌာနသည် သွင်းကုန်ခွန်ကိုပါ တိုးမြှင့်ကောက်ခံလာနိုင်ပါသည်။ထို့ကြောင့် ကုန်တင်ယာဉ်များသည် အကောက်ခွန်စည်းမျဉ်းအသစ်ကို စောင့်ဆိုင်းလျက်ရှိနေသည်ဟု ဦးစိုင်းခင်မောင်၏ ပြောကြားချက်အရသိရှိရပါသည်။ COVID-19ကမ္ဘာ့ကပ်ရောဂါကာလအတွင်းတရုတ်နိုင်ငံ၏ ကုန်သွယ်မှုမူဝါဒအရ နယ်စပ်ကုန်သွယ်မှုမှာ လွယ်ကူချောမွေ့မှုဖြစ်ပေါ်လာနိုင်ဖွယ်မရှိကြောင်း သိရှိရပါသည်။ COVID-19အတွက် တရုတ်ဘက်မှ ချမှတ်ထားသည့် စည်းမျဉ်းနှင့် ကန့်သတ်ချက်များအား ဖြေလျှော့ပေးမှသာ ကုန်သွယ်မှုကို ပုံမှန်ပြန်ဖြစ်စေနိုင်ပါသည်။ မြန်မာနှင့် တရုတ်နှစ်နိုင်ငံကြားရှိ နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်သော ကျင်စန်းကျော့ဂိတ်ကိုလွန်ခဲ့သည့် ဇူလိုင်လ(၈)ရက်တွင် စတင်ပိတ်သိမ်းခဲ့ပြီး နိုဝင်ဘာလ(၂၆)ရက်နေ့မှစတင်၍ စမ်းသပ်ကာလအဖြစ် ပြန်လည်ဖွင့်လှစ်ထားကြောင်းကို (၁၁-၁-၂၀၂၂)တွင်ထုတ်ပြန်ခဲ့သောTheGLOBAL NEW LIGHT OF MYANMAR ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။
Source : https://www.gnlm.com.mm/watermelon-prices-fall-again-in-chinese-market