ရိတ်သိမ်းချိန်နှောင်းပိုင်း မန်ကျည်းသီးဈေးကွက်အခြေအနေ

  • Fri, 5 January 2024

ရိတ်သိမ်းချိန်နှောင်းပိုင်း မန်ကျည်းသီးဈေးကွက်အခြေအနေ



မန်ကျည်းသီးစိမ်းများ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန် ဈေးကွက်သို့ ဝင်ရောက်လေ့ရှိပြီး ဇန်နဝါရီလဆန်းပိုင်းတွင် ဈေးကွက်အတွင်းသို့ ဝင်ရောက် နိုင်ဖွယ်ရှိသည်ဟု မန်ကျည်းကုန်သည် ဦးသိန်းဆွေက The Global New Light of Myanmar (GNLM)သို့ ပြောသည်။

မန်ကျည်းသီးဈေးသည် (၂)နှစ်ဆက်တိုက် ကျဆင်းလာသဖြင့် လက်ဝယ်သိုလှောင် ထားသည့် ကုန်သည်များအနေအဖြင့်အကျိုးအမြတ် မရရှိနိုင်ကြောင်း သိရသည်။ ရိတ်သိမ်းရာသီ နီးကပ်လာသည်နှင့်အမျှ အစေ့ချွတ်ထားသောမန်ကျည်းအပါအဝင် မျိုးကွဲအပေါ် မူတည်၍ တစ်ပိဿာလျှင် ငွေကျပ် (၁,၁၀၀-၂,၅၀၀)ကြား ပေါက်ဈေးရှိသည်။ ပြည်တွင်းဈေးကွက်သို့ ပြည်၊ ရမည်းသင်း၊ တောင်သာ၊ မလှိုင်နှင့် ပခုက္ကူဒေသများမှ မန်ကျည်းအသစ်များကို တင်ပို့နိုင်ဖွယ် ရှိသည်။

ကုန်သည်များသည် အထွက်နှုန်းပေါ်မူတည်၍ မန်ကျည်းတစ်ပင်လျှင် ကျပ် (၅၀,၀၀၀- ၁၀၀,၀၀၀)ဖြင့် ပင်ပြတ်ဝယ်ယူနေကြကြောင်း မလှိုင်မြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။

ပို့ကုန် နှင့် ပြည်တွင်းဈေးကွက် အခြေအနေများကို လေ့လာပြီးနောက် ဈေးနှုန်းများ မြင့်တက်ရန် အခွင့်အလမ်းနည်းပါးသည်ဟု ကုန်သည်များက ခန့်မှန်းကြသည်။ ကုန်ခြောက်ဈေးများ မြင့်တက်နေချိန်တွင် မန်ကျည်းသီးဈေးသည် ဈေးနှုန်းမပြောင်းလဲဘဲ ရှိနေသည့် တစ်ခုတည်းသော ကုန်ပစ္စည်းဖြစ်သည်။

မန်ကျည်း နှင့် ၎င်း၏ အစားထိုးကုန်စည်များ တင်ပို့မှုနည်းပါးပြီး စျေးကွက်တွင် ကုန် လက်ကျန်များ မြင့်မားနေခြင်းသည် စျေးကွက်ကိုအေးစေသည်ဟု ဘုရင့်နောင်ကုန်စည် ဒိုင်မှ မန်ကျည်းကုန်သည်တစ်ဦးက ထောက်ပြသည်။

ဤလုပ်ငန်းကို  အမြတ်နည်းသောကြောင့်  ကုန်သည်များသည်  စိတ်ဝင်စားမှု နည်းပါးပြီး မန်ကျည်းသီးအသစ်များ ဝင်ရောက်မှု နှောင့်နှေးသွားနိုင်သည်။ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် မန်ကျည်းတစ်ပိဿာလျှင် ငွေကျပ် (၁,၉၀၀ - ၂,၂၀၀)ကျပ်အထိ ရရှိ ခဲ့ပြီး မန်ကျည်းအသစ် တစ်ပိဿာလျှင် ငွေကျပ် (၁,၁၀၀ - ၁,၂၀၀)ခန့်အထိ ပေါက်ဈေးရှိကြောင်း မန်ကျည်းကုန်သည် ဒေါ်ဟိန်းက ပြောသည်။

မြန်မာနိုင်ငံ အထက်ပိုင်းဒေသများသည် မိုးနည်းပါးသောကြောင့် ထန်းပင်နှင့် မန်ကျည်းပင် ကဲ့သို့သော သစ်ပင်ကြီးများသည် ဒေသခံများအတွက် အပူချိန်ကို လျှော့ချပေးပြီး ရပ်ရွာ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေပါသည်။ ထို့ကြောင့်  အချို့သောသစ်ပင်များကို ခုတ်လှဲခြင်းမပြုလုပ်ရန်နှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများကို ရပ်ရွာလူထုက ထိန်းသိမ်း ကြပ်မတ်ရမည်ဖြစ်ကြောင်း (၂၈. ၁၂. ၂၀၂၃) ရက်နေ့ထုတ် Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိခဲ့ရပါသည်။


Source https://www.gnlm.com.mm/tamarind-market-sees-late-harvest-season/


တင်ပြသူ ဦးဖုန်းမြတ်ဝင်းမောင်မောင်၊ ဒု-လ/ထဦးစီးမှူး၊ စိုက်််ပျိုးရေးဦးစီးဌာန

ရက််စွဲ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃)ရက်

တည်းဖြတ်သူ ဦးသောင်းထိန်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန

စစ်ဆေးသူ ဒေါ်ဌေးဌေးရီ၊ ဒုတိယညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ