ယခုနှစ်တွင် ဂေါ်ဖီထုပ်စိုက်ပျိုးသူများအကျိုးအမြတ်များစွာရရှိခြင်း

  • Thu, 20 January 2022

ယခုနှစ်တွင် ဂေါ်ဖီထုပ်စိုက်ပျိုးသူများအကျိုးအမြတ်များစွာရရှိခြင်း


ယခင်နှစ်တွင် ဂေါ်ဖီတစ်ထုပ်လျှင် မြန်မာငွေ (၆၀၀)ကျပ်သာ ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် (၁,၅၀၀)ကျပ်ထိ ရောင်းချနိုင်ခဲ့ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝမ်းသိုနှင့် ကောလင်းမြို့နယ်တို့ရှိ ကျေးရွာများမှ ဂေါ်ဖီထုပ်စိုက်ပျိုးသူများသည် ဒေါင်းမြူးချောင်းမှ ရေကိုအသုံးပြု၍ စိုက်ပျိုးလျက်ရှိကြသည်။ ယခုနှစ်တွင် ဂေါ်ဖီစိုက်ပျိုးသူများ ဈေးကောင်းရသောကြောင့် အမြတ်အစွန်းများရရှိသဖြင့် ပျော်ရွင်လျက်ရှိကြပါသည်။
ယခုနှစ်တွင် ဂေါ်ဖီထုပ်စိုက်ပျိုးခြင်းသည် ပိုးသတ်ဆေးနှင့် မြေဩဇာဈေးနှုန်းများ မြင့်တက်လာသောကြောင့် ယခင်နှစ်ထက် စိုက်ပျိုးစရိတ်အရင်းနှီး ပိုမိုများပြားပါသည်။
မြေဩဇာ၊ ပိုးသတ်ဆေးနှင့် အလုပ်သမားငှားရမ်းခအပါအဝင် ဂေါ်ဖီထုပ်ပင် (၂,၀၀၀) လျှင် (၇၀,၀၀၀)ကျပ်ခန့် ကုန်ကျခဲ့ပါကြောင်း၊ ယခုအချိန်တွင်ဂေါ်ဖီထုပ် (၅၀၀)အားတစ်ထုပ်လျှင် (၁,၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ အကယ်၍ ဂေါ်ဖီထုပ်ဈေးနှုန်းမကျခဲ့လျှင် စိုက်ပျိုးသူများအနေဖြင့် အမြတ်ပိုမိုရနိုင်ကြောင်း လက်ပံကြီးတောကျေးရွာမှ ဂေါ်ဖီစိုက်ပျိုးထားသော တောင်သူဦးမြင့်စိုးမှ ပြောကြားခဲ့ပါသည်။
ပထမဆုံးဂေါ်ဖီစေ့များကို ပျိုးဘောင်တွင်မျိုးစေ့ချစိုက်ပျိုးကြ၍ တစ်လကြာပြီးနောက် ပျိုးပင်များကို စိုက်ခင်းသို့ ပြောင်းရွေ့စိုက်ပျိုးပြီး အပင်များ ဆက်လက်ရှင်သန်စေနိုင်ရန် (၃)ရက်ဆက်တိုက် ရေလောင်းပေးရပါသည်။ ကျေးရွာများမှ စိုက်ပျိုးသူများသည် အခြားသီးနှံများဖြစ်သောငရုတ်၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ ရုံးပတီ၊ ဂေါ်ဖီထုပ်နှင့် တရုတ်ကိုက်လန်များကိုလည်း စိုက်ပျိုးကြပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတစ်ဦးလျှင် အများဆုံး တစ်ဧကခွဲခန့်သာ စိုက်ပျိုးထုတ်လုပ်ကြပါသည်။
တောင်သူများသည် ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုးခြင်းဖြင့်နှစ်စဉ် ကောင်းမွန်စွာစီမံခန့်ခွဲနိုင်ပြီး ၎င်းသီးနှံများ ရောင်းချခြင်းမှလည်း နေ့စဉ်ဝင်ငွေ ရရှိလာမည်ဖြစ်ကြောင်း (၁၃.၁.၂၀၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော The Global New Light of Myanmar ၏ သတင်းဆောင်းပါးအရ သိရှိရပါသည်။

Source : https://www.gnlm.com.mm/cabbage-growers-making-handsome-profits-this-year/#article-title

ဆက်စပ် သတင်းများ