၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ နှမ်းတန်ချိန် (၁၀၀,၀၀၀) တင်ပို့ခဲ့ပြီး တရုတ်နိုင်ငံမှ အဓိကဝယ်ယူ
- Fri, 5 January 2024
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ့နှမ်းတန်ချိန် တစ်သိန်းခန့်ကို ထိုင်း၊ ဂျပန်၊ စင်္ကာပူနှင့် ကိုရီးယားနိုင်ငံသို့ တင်ပို့ခဲ့ပြီးတရုတ်နိုင်ငံသို့အဓိကတင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရှိရပါသည်။
ပြီးခဲ့သည့်နှစ်၏ တင်ပို့မှုပမာဏမှာ တန်ချိန် တစ်သိန်းခန့်ရှိပြီး ပမာဏအများစုကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
လက်ရှိဈေးကွက်အခြေအနေများအရ ပြည်တွင်းရှိဆီထွက်သီးနှံများကို အသုံးပြုမှု များပြား လာပြီး ဒေသတွင်းရောင်းဝယ်ဖောက်ကားမှုမှာလည်း စတင်ကောင်းမွန်လာပါကြောင်း၊ လက်ရှိတွင် နှမ်းဖြူသည် နှမ်းနက်နှင့်ယှဉ်ပါက ဈေးနှုန်းပိုမိုကောင်းမွန်ကြောင်း ၎င်းက ဆက်လက် ပြောပါသည်။
ပြည်တွင်းစားသုံးမှုကို ဖြည့်တင်းရန်အတွက် စားအုန်းဆီတင်သွင်းမှုရှိပါကြောင်း၊ ယခု နှစ်များအတွင်း ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ဆီထွက်သီးနှံများကို ပြည်တွင်း၌ ပိုမို ကျယ်ပြန့်စွာ ထုတ်လုပ်သုံးစွဲလာကြပါကြောင်း၊ ရလဒ်အနေဖြင့်ပြည်တွင်း စီးပွားရေးလုပ်ငန်းများ အတွက် လမ်းပွင့်လာပါကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများကို ပြည်တွင်း၌ သုံးစွဲမှု ကြီးထွား လာရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံသည် စပါးအပြင် ပဲ၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများကိုလည်း အဓိကစိုက်ပျိုး ပါသည်။ ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတွင် နှမ်းဧက (၃.၈၆)သန်း စိုက်ပျိုးခဲ့ပြီး တင်းပေါင်း (၃၀.၅၃)သန်း ထွက်ရှိခဲ့ပါကြောင်း(၁၉.၁၂.၂၀၂၃)ရက်နေ့တွင် ထုတ်ဝေခဲ့သော The Global New Light of Myanmar ကွန်ရက်ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.gnlm.com.mm/about-100000-tonnes-of-myanmar-sesame-exported-in-2022-2023-fy-china-is-major-buyer/
တင်ပြသူ ဒေါ်မြတ်ဖူးငုံဦး၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန