Bangladesh နိုင်ငံ၊ Jashore တွင် ကြက်သွန်စိုက်ပျိုးမှု လျာထားသတ်မှတ်ချက်ထက် ကျော်လွန်
- Fri, 22 December 2023
ခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုးမှုသည် အစိုးရမှ ချမှတ်ထားသည့် လျာထားချက်ထက် ကျော်လွန်နေပါသည်။ ခရိုင်အတွင်းရှိတောင်သူများသည် အထွက်နှုန်းမြင့်မားရန်နှင့် ဒေသဈေးကွက် တွင် ကြက်သွန်နီ ဝယ်လိုအားတိုးတက်ရန်အတွက် လယ်မြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။
စိုက်ပျိုးရေးတိုးချဲ့ပညာပေးရေးဦးစီးဌာန (DAE) ၏ သတင်းရင်းမြစ်များအရ ယခင်နှစ်တွင် ခရိုင် ၈ ခု upazilas ၏ မြေ ၁၂၀၀ ဟတ်တာတွင် ကြက်သွန်နီများ စိုက်ပျိုးခဲ့ကြောင်း သိရပါသည်။ အစိုးရက ခရိုင်အတွင်း လက်ရှိရာသီတွင် ကြက်သွန်နီစိုက်ပျိုးရန် မြေဧက (၁၅၀၀)ဟက်တာ လျာထားကြောင်း၊ သို့သော် ယခုရာသီတွင် ကြက်သွန်နီဟက်တာ (၁၅၀၀)ကျော်ကို စိုက်ပျိုးထား ပါသည်။ N-53 နွေကြက်သွန်နီမျိုးများကို မြေဟက်တာ(၃၀၀)တွင် စိုက်ပျိုးခဲ့ပါသည်။ ခရိုင်အတွင်း ကြက်သွန်နီအထွက်နှုန်းမြှင့်တင်ရန် မက်လုံးပေးသည့်အနေဖြင့် တောင်သူ (၂၅၀၀)ကို မျိုးစေ့နှင့် ဓာတ်မြေသြဇာများ ဖြန့်ဝေခဲ့ပါသည်။ ကြက်သွန်နီများ စတင်ရိတ်သိမ်းပြီးချိန်တွင် ခရိုင်အတွင်းရှိ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာကြောင်း သိရပါသည်။
Chowgacha၊ Jhikargacha နှင့် Sadar Upazila တို့တွင် နွေကြက်သွန်နီ အထွက်နှုန်း မြင့်မားသည်။ Monirampur Upazila တွင် ဆောင်းကြက်သွန်ကို အများအားဖြင့် စိုက်ပျိုး ကြပါသည်။ Chowgacha Upazila ရှိ Hazrakhana ရွာမှ လယ်သမား Golam Mostofa သည် ယခုရာသီတွင် မြေနှစ်ကွက်၌ ကြက်သွန်နီ စိုက်ပျိုးခဲ့ပြီး စတင်ရိတ်သိမ်းပြီးချိန်တွင် အထွက်နှုန်း ကောင်းလာကြောင်း၊ မြေနှစ်ကွက်အတွက် (၆၀၀၀၀)Tk သုံးစွဲခဲ့ကြောင်း ပြောကြားခဲ့ပါသည်။
Jashore Kalibari မှ ကြက်သွန်နီကုန်သည် Kamal Hossain က ရိတ်သိမ်းပြီးခါစ ကြက် သွန်နီများ စျေးကွက်တွင်ပေါ်ထွက်နေပြီး Muricata ကြက်သွန်နီတစ်ကီလိုလျှင် (၇၀-၈၀)Tk ဖြင့် ရောင်းချနေကြောင်း သိရပါသည်။ Jashore Agricultural Extension Department မှ လက်ထောက်ညွှန်ကြားရေးမှူး Dr Susanta Kumar Tarofder က ကြက်သွန်နီအထွက်နှုန်း မြှင့်တင်ရန်နှင့် တောင်သူများအား ကြက်သွန်နီစိုက်ပျိုးရန် မက်လုံးပေးအစီအစဉ်များကို စတင် လိုက်ပြီဖြစ်ကြောင်း (၁၃. ၁၂. ၂၀၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သော bssnews.net website ၏ သတင်း ဆောင်းပါးအရ သိရှိရပါသည်။
Source https://www.bssnews.net/agriculturenews/163129
တင်ပြသူ ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၈) ရက်
စစ်ဆေးသူ ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန