ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း ပြန်တက်လာ

  • Thu, 14 December 2023

ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးနှုန်း ပြန်တက်လာ


    မတ်ပဲ FOB ဈေးနှုန်းတက်ပြီးနောက် ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးသည် တဖြည်းဖြည်း မြင့်တက်လာပါသည်။ မတ်ပဲဈေးသည် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် တစ်တန်လျှင် ကျပ် (၂.၇၈)သန်းသာ ရှိခဲ့သည်။ ဒီဇင်ဘာလ (၆) ရက်နေ့တွင် တစ်တန်လျှင် ကျပ် (၂.၉၈)သန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တစ်ပတ်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် (၂၀၀,၀၀၀)ကျော်အထိ သိသိ သာသာ မြင့်တက်လာခဲ့ပါသည်။
    မြန်မာနိုင်ငံသည် မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစင်းငုံတို့ကို ပြည်ပဈေးကွက်သို့ အဓိကတင်ပို့ ပါသည်။ မတ်ပဲ နှင့် ပဲစဉ်းငုံကို အိန္ဒိယသို့ အဓိကတင်ပို့နေပြီး ပဲတီစိမ်းကို တရုတ် နှင့် ဥရောပသို့ တင်ပို့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းဇယားများအရ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်၊ ဧပြီလ (၁)ရက်နေ့မှစတင်၍ လက်ရှိဘဏ္ဍာရေးနှစ်၏ (၈)လနီးပါးအတွင်း မြန်မာနိုင်ငံ ပဲမျိုးစုံ (၁၀၄၆၀၀၀)တန် တင်ပို့မှုမှ ရရှိသည့်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ (၈၈၄)သန်း ကျော် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရပါသည်။ ယခင် (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် တန်ချိန် (၁.၉)သန်းကျော် တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ (၁.၄၇)ဘီလီယံကျော်ရရှိခဲ့ကြောင်း (၇.၁၂.၂၀၂၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သော Global New Light of Myanmar သတင်းဆောင်းပါးအရ သိရှိ ရပါသည်။
Source    https://www.gnlm.com.mm/black-gram-price-recovers-in-domestic-market/

တင်ပြသူ     ဒေါ်ဟေမာန်အောင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန
ရက်စွဲ    ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၃) ရက်
စစ်ဆေးသူ    ဦးသောင်းထိန်၊ လ/ထညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန
တည်းဖြတ်သူ    ဒေါ်ဌေးဌေးရီ၊ ဒု-ညွှန်ကြားရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန



ဆက်စပ် သတင်းများ